"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 13, 2015

WCPT ညီလာခံ၏ဆေးရုံနှင့်ဆေးကုသမှုဌာနများ လေ့လာရေးအစီအစဉ်



၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့


FB

WCPT ညီလာခံ၏ဆေးရုံနှင့်ဆေးကုသမှုဌာနများ လေ့လာရေးအစီအစဉ်





ပြည်ပမှာကျင်းပတဲ့ညီလာခံများကို သွားတက်တဲ့အခါတိုင်း မိမိအနေဖြင့် ညီလာခံကစီစဉ်ပေးသော Clinical Visit များကို မလွတ်တမ်းသွားလေ့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆေးရုံနဲ့ ဆေးကုဌာနကို ကိုယ်တိုင်ရောက်ရှိပြီး အဲဒီကတာဝန်ရှိသူများက လိုက်လံပြသခြင်းနဲ့ ရှင်းလင်းပြောပြခြင်း ပြုလုပ်တာဖြစ်လို့ပါ။ 

ဒီတော့ သူတို့ဆီက ဆေးရုံဆေးခန်းတွေကို ရောက်ဖူး မြင်ဖူး တွေ့ဖူးတယ်။ ဘယ်လိုကုသမှုမျိုးတွေ လုပ်ပေးနေတယ်ဆိုတာကိုလည်း လူနာများနဲ့တကွ တွေ့ရပြီး မေးမြန်းဆွေးနွေးချင်တာတွေကို တစ်ထိုင်တည်း လုပ်လို့ရတယ်။ 

အခုတစ်ခါမှာတော့ မိမိက မိမိ၏အဖွဲ့အစည်းကို ကိုယ်စားပြုပြီး Clinical Visit၏ အိမ်ရှင်တာဝန်ယူခဲ့ရတယ်။ 

မနှစ်ကတည်းက စင်ကာပူနိုင်ငံအကြောအဆစ်ကုပညာရပ်အသင်းကြီးမှတာဝန်ရှိသူများနဲ့ ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်။ ဒီနှစ်ရောက်တော့ ညီလာခံကိုစီစဉ်ပေးတဲ့ ကနေဒါမှတာဝန်ရှိသူများနဲ့ အီးမေးဖြင့် ဆက်သွယ်လုပ်ဆောင်ရပြန်တယ်။
ညီလာခံကချမှတ်ထားတဲ့ အောက်ပါရည်မှန်းချက်များအတိုင်း စီစဉ်ပြင်ဆင်ခဲ့ရတာဖြစ်တယ်။ 

Clinical visit objectives
A clinical visit provides the opportunity for delegates to:
- visit different physical therapy service providers and learn from them
- gain an insight into the Singapore healthcare system
- discuss approaches to patient/client management with physical therapists from around the world
- learn about the clinical care/management/research relevant to defined patient/client populations
- see physical therapists demonstrating procedures and techniques used locally expand professional networks

ပြီးခဲ့တဲ့ မေလ ၄ ရက် တနင်းလာနေ့က မိမိတို့ဆီမှာ ညီလာခံကိုယ်စားလှယ်များ လာရောက်လေ့ လာကြရာမှာ အားလုံးအဆင်ပြေချောမောစွာ ပြီးသွားတာဖြစ်လို့ စိတ်လက်ရွှင်လမ်းပျော်ရွှင်မိပါ တယ်။ မိမိအား အဖက်ဖက်မှ ၀ိုင်းဝန်းကူညီခဲ့ကြသူများကိုလည်း ကျေးဇူးများစွာတင်မိရပါတယ်။

စင်ကာပူနိုင်ငံမှာ မသန်စွမ်းသူများအတွက်ဖွင့်ထားတဲ့ အထူးပညာရေးကျောင်းပေါင်း ၂၀ ကျော်ရှိ ကြရာမှာ မိမိတာဝန်ကျသောကျောင်းက PT ဌာနတစ်ခုကိုသာ Clinical Visit အဖြစ် ညီလာခံက ရွေးချယ်ခဲ့တာ ဖြစ်လို့ များစွာဂုဏ်ယူမိပါတယ်။






No comments:

Post a Comment