"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, February 25, 2020

ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၁)


More and more seniors are working into their 70s and 80s nowadays than they did in the past.
The purpose behind it may vary from one person to another.
Some say: "I want to keep myself busy. I don't need the money". 
But some need the money to survive after their retirement.
Other work to stay physically and mentally active.
To me, learning new professional knowledge and skills, contributing to society and earning some extra money are my motivation for work.


 အလုပ်ကအပြန် အိမ်မှာအမှတ်တရ။


မိမိသည် ၂၀၁၆ ခုနှစ်ကုန်ကစပြီး အလုပ်က လုံးဝအနားယူခဲ့သည်။

သို့သော် အလုပ်မထွက်မီကပေးခဲ့သောကတိအတိုင်း မိမိ၏ယခင်အလုပ် (Movement for the Intellectually Disabled of Singapore - MINDS) က အကူအညီတောင်းသည့်အခါတိုင်း ၁ လတန်သည် ၂ လတန်သည် အစရှိသဖြင့် သွားလုပ်ခဲ့ရသည်များတော့ရှိခဲ့ပါသည်။
သိပ်အများကြီး သိပ်အကြာကြီးတော့မဟုတ်ပါ။

ထိုနောက် ၂၀၁၈ နှစ်ကုန်လေက်ကစပြီး စင်ကာပူနိုင်ငံရှိဆေးရုံကြီးတစ်ခုတွင် အချိန်ပိုင်းငှားရမ်းပညာရှင်အဖြစ် မနက်ပိုင်းတစ်ပိုင်း သွားရောက်အလုပ်လုပ်ခဲ့ဖြစ်ပြန်သည်။
မကြာခဏ ၁ လတန်သည် ၂ လတန်သည်မှ သုံး လေးလအထိ လုပ်ရသည်များရှိခဲ့သည်။

ပြီးခဲ့သောနှစ် သြဂုတ်လကစပြီး မနက်ပိုင်း နေ့တစ်ဝက်အလုပ်လုပ်နေရာက ဆေးရုံ၏လိုအပ်ချက်အရ တစ်နေ့လုံး (full day) ပြောင်းလုပ်ခဲ့သည်မှာ မနေ့ကအထိဖြစ်သည်။
၆ လနီးပါးကြာခဲ့၏။

ယခုတစ်ခါ မိမိသည် ငှားရမ်းအကြောအဆစ်ကုပညာရှင် (Locum Physiotherapist) အလုပ်မှ ဆေးရုံဝန်ထမ်း (Senior Physiotherapist) အဖြစ်သို့ ယနေ့ကစပြီး ပြောင်းလဲခန့်အပ်ခံရပြန်ပါသည်။

သို့နှင့် မနက်ပိုင်းတစ်ပိုင်း အလုပ်လုပ်သည့် လခစားဝန်ထမ်း (part-time staff) ဖြစ်လာခဲ့ပါတော့သည်။

ငှားရမ်းအကြောအဆစ်ကုပညာရှင်လုပ်ခဲ့စဉ်က လစာကို အလုပ်လုပ်သည့်နာရီနှင့် ရက်နှင့်တွက်ပေးသည်။

အလုပ်လုပ်ကြသူများ ရလေ့ရထရှိသည့် စီပီအက်(ဖ) CPF၊ ဘောနပ်(စ) Bonus၊ ခွင့် (Leave)၊ ဖျားနာဆေးခွင့် MC တို့ လုံးဝခံစာခွင့်မရှိပေ။

အလုပ်မလုပ်သောရက် (ဥပမာ၊ အိမ်ကိစ္စ၊ နေထိုင်မကောင်းဖြစ်၊ အစိုးရရုံးပိတ်ရက်အစရှိသည်)များတွင် ငွေမရပါချေ။ 

နာရီပိုင်းနှင့်ပျက်ပါကလည်း ယင်းပျက်ကွက်အချိန်(နာရီ)အတွက် ငွေမရပါချေ။

သို့သော် အားလုံးကိုခြုံပြီးပြောရသော် ၀င်ငွေအတော်လေးကောင်းလေသည်။

လခစားဝန်ထမ်းအနေဖြင့်ကား စီပီအက်(ဖ) CPF၊ ဘောနပ်(စ) Bonus၊ ခွင့် (Leave)၊ ဖျားနာဆေးခွင့် MC အစရှိသောခံစာခွင့်များ ရရှိပါသည်။



အမှတ် (၂) ဆက်ပြီးရေးပါဦးမည်။






No comments:

Post a Comment