ယခုအပတ်တွင် စနေ၊ တနင်္ဂနွေ၊ တနင်္လာနှင့် အင်္ဂါနေ့ (၄) ရက် ဆက်တိုက်အလုပ်ပိတ်သည်။
အလုပ်သမားနေ့ဖြစ်သော မေလ ၁ ရက် (တနင်္ဂနွေ)သည် မိမိတို့အဖို့အလုပ်နားရက်ဖြစ်သဖြင့်
ယင်းနေ့အစား မေလ ၂ ရက် (တနင်္လာနေ့) ကို အလုပ်ပိတ်ရက်အဖြစ်ပြန်ပေးပါသည်။
မေလ ၃ ရက် (အင်္ဂါနေ့) သည် အစ္စလာမ်ဘာသာဝင်များ၏ဥပုသ်လအပြီးဘာသာရေးဆိုင်ရာအ
လုပ်ပိတ်ရက်ဖြစ်သည်။
မိမိတို့အိမ်မှ အမှတ်(၅၀၂)အမြန်ဘတ်စ်ကားစီးပြီး Suntec Cityကုန်တိုက်ကြီးသို့သွားတိုင်း အော
ချတ်လမ်းကို မကြာခဏဖြတ်သွားနေရသော်လည်း အောက်ကိုဆင်းပြီးလမ်းမလျှောက်ဖြစ်သည်
မှာကြာခဲ့ပြီဖြစ်သည်။
ထိုကြောင့် အိမ်ကနေ လိတ်ဆိုက်ဘူတာကို ဘတ်စ်ကားစီး၊ အဲဒီကမှ MRT ရထားစီးပြီး အောချတ်
ဘူတာတွင်ဆင်းခဲ့ကြသည်။

လိတ်ဆိုက်ဘူတာသည် အရှေ့ အနောက်ရထားလိုင်း (East West Line) ပေါ်တွင်ရှိပြီး အောချတ်
ဘူတာသည် တောင်မြောက်ရထားလိုင်း (North South Line) ပေါ်မှာရှိနေသဖြင့် ထိုရထားလိုင်း
နှစ်ခု၏လမ်းဆုံဘူတာ(interchange station)ဖြစ်သည့်ရတ်ဖယ်စ်ပလေ့စ်ဘူတာ(Raffles Place)
၌ ရထားပြောင်း၍စီးကြရသည်။အိုင်းယွန်းကုန်တိုက် (ION) သည် မြေအောက်ဘူတာဖြစ်သည့်အောချတ်ဘူတာနှင့်တဆက်တည်း
ရှိနေသဖြင့် အထွေအထူးသွားနေရန်မလိုပါချေ။
ဤကုန်တိုက်ကြီးတွင် မြေပေါ် ၄ ထပ်နှင့် မြေအောက် ၄ ထပ် စုစုပေါင်း ၈ ထပ်ရှိသည်။
ပစ္စည်းမျိုးစုံရောင်ချသည့် လျှပ်စစ်မီးရောင် ဖိတ်ဖိတ်တောက်နေသောဆိုင်ခန်းများ အပြည့်အကျပ်
ရှိလေရာ စေ့စေ့စုံစုံကြည့်နိုင်ရန် အချိန်များစွာပေးရပေမည်။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment