"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, April 29, 2022

ဆေးရုံအဟောင်းပစ္စည်းဆိုင်က စာအုပ် ၂ အုပ် 2) Understanding Wmen with AD/HD

 




















Kathleen G. Nadeau နှင့် Patricia O. Quinn တို့ တည်းဖြတ်စုစည်းပြုစုထားသည့်"အမျိုးသမီးများ 

အာရုံစူးစိုက်နိုင်မှုနည်းခြင်း(Attention Deficit- AD) နှင့်စိတ်ဂနာမငြိမ်ခြင်းပြသနာ(Hyperactivity 

Disorder- HD)" စာအုပ်၏အဆိုအရ မရေမတွက်နိုင်သောအမျိုးသမီးများသည် အာရုံစူးစိုက်နိုင်မှု

နည်းပါးလျက် စိတ်ဂနာမငြိမ်ခြင်း (အချိန်တိုင်းလှုပ်လှုပ်ရှားရှားရှိခြင်း) ပြသနာကိုကြုံတွေ့ နေကြရ

သော်လည်း လူမသိသူမသိဖြစ်နေသည်။


ဆရာဝန် (သို့မဟုတ်) စိတ်ပညာရှင်များနှင့် စမ်းသပ်စစ်ဆေးကာ ရောဂါဖော်ထုတ်သတ်မှတ်ထားမှု 

မျိုးလည်း မရှိကြသေးရာ တစ်ခုခုတော့မှားယွင်းနေသည်ဟုထောက်ပြထားပါသည်။


သူတို့သည် ရောဂါရှိနေမှန်းမသိရှိသဖြင့် ကျောင်းတွင်စာမလိုက်နိုင် သို့မဟုတ် စာညံ့ကြသူများဖြစ်

ကြပြီး လုပ်ငန်းခွင်တွင်လည်း အလုပ်မတော်သူများဖြစ်ကြရသည်။                                                     

တချိန်တည်းမှာ နှေးကွေးပျင်းရိကြသူများဟုလည်းကောင်း နိုးကြားတက်ကြွမှုမရှိကြသူများဟု

လည်းကောင်း ပတ်ဝန်းကျင်၏အထင်လွဲမှားခြင်းကို ခံကြရသေးသည်။
















အစဉ်အလာအားဖြင့် ADHD ကို အပြုအမူဆိုင်ရာစံလွဲခြင်း(၀ါ)ချွတ်ယွင်းခြင်း(behavior disorder)

ဟု လက်ခံထားခဲ့သည်။ 

အထူးသဖြင့် ဂနာမငြိမ်သော၊ စိတ်လိုက်မာန်ပါ တဇွတ်ထိုးလုပ်တတ်သော အာရုံပျံ့ လွင့်လွယ်သော

လူငယ်များအဖြစ်သာ အသိများကြလေသည်။

သို့သော် ADHD ကို လူ့ဘ၀တစ်လျှောက်လုံး ခံစားရတတ်သည်ဟုလည်းကောင်း၊ အများစုမှာဂနာ

မငြိမ်ခြင်းနှင့်စိတ်လိုက်မာန်ပါတဇွတ်ထိုးလုပ်ခြင်းတို့ထက် အာရုံပျံ့ လွင့်လွယ်ခြင်းကို ပိုမိုဖြစ်ကြောင်း 

ယခုနောက်ပိုင်းတွင်မှသိလာရသည်။ 

တဖန် ADHD အမျိုးသမီးအရေအတွက်သည် ADHD အမျိုးသားအရေအတွက်လောက်ပင် များပြားနေ

ကြောင်း ထင်ရှားသည့်အထောက်အထားများတွေ့ ရှိခဲ့သည်။

















နောက်ပိုင်းတွင် အမျိုးသမီးငယ်များနှင့်အမျိုးသမီးကြီးများ၏ဘ၀အပေါ် AD/HD ဖြစ်ခြင်း၏အကျိုး
သက်ရောက်မှုကို လေ့လာကြလျက် ယင်းကိစ္စကို ယခင်ကလျှော့ပေါ့တွက်ဆခဲ့မိကြောင်းသိရှိလာ
ကြတော့သည်။

မကြာသေးမီက သုတေသနပြုလေ့လာခဲ့ခြင်းများအရ AD/HD အမျိုးသမီးအရေအတွက်နှင့်AD/HD 
အမျိုးသားအရေအတွက်တို့ အတူတူဖြစ်ကြောင်းသိရသည်။ (Walker, 1999; Faraone et al., 2000)

အမျိုးသမီးငယ်များနှင့်အမျိုးသမီးကြီးများ AD/HD ဖြစ်နေခြင်းကို စောစီးစွာစစ်ဆေးခြင်းမပြုသော
ကြောင့် နှစ်ကာလကြာသည့်အခါဖြစ်လာနိုင်သည့်အောက်ပါဆိုကျိုးများသည် သူတို့၏ဘ၀အပေါ် ထိ
ခိုက်ပျက်စီးမှုဖြစ်စေပါမည်။

၁) မိမိကိုယ်ကို အကောင်းထင်မှုနည်းပါးခြင်း (low self-esteem)
၂) မျှော်မှန်းထားသည်ထက် အောင်မြင်မှုနိမ့်ကျခြင်း (underachievement)
၃) စိုးရိမ်မှုနှင့်စိတ်ကျဝေဒနာများ နောက်ဆက်တွဲခံစားလာရတတ်ခြင်း (secondary anxiety and 
depression)

အလားတူပင် Beiderman နှင့်အဖွဲ့ ကလည်းအမျိုးသမီးကြီးငယ်များ AD/HD ဖြစ်နေခြင်းကို စောစီး
စွာစစ်ဆေးပြီး အချိန်မီကုသခြင်းမပြုလုပ်ပေးပါက စိတ်ကျန်းမာရေးနှင့်ပညာရေးတို့ကို သိသိသာသာ
ကြီးထိခိုက်စေလိမ့်မည်၊ ထိုကြောင့် ယင်းအခြေအနေများကို တိတိကျကျ သိရှိနားလည်ရေးအတွက် 
သုတေသနများပြုလုပ်ကြရန်လိုအပ်ကြောင်း သတိပေးခဲ့ပါသည်။ (Biederman et al., 1994, p. 27)

 


သို့ဖြစ်ရာ AD/HD ဖြစ်နေသော အမျိုးသမီးကြီးငယ်များ၊ သူတို့၏မိတ်ဆွေများ၊ မိသားစုဝင်များနှင့်
အထွေထွေစာဖတ်ပရိသတ်များအနေဖြင့် 

၁) AD/HD ဖြစ်နေခြင်းကြောင့် အမျိုးသမီးငယ်များနှင့်အမျိုးသမီးကြီးများအား မည်သို့သောရုပ်ပိုင်း
စိတ်ပိုင်းထိခိုက်မှုများဖြစ်စေနိုင်ကြောင်း နားလည်သဘောပေါက်ကြစေရန်နှင့် 
၂)  သူတို့ကို မည်ကဲ့သို့အကူအညီများပေးနိုင်ကြောင်းသိရှိကြရန် 

ဖြစ်ကြောင်း ဤစာအုပ်စုစည်းတည်းဖြတ်ထုတ်ဝေသည်ဟု စာရေးသူများကဆိုထားကြသည်။

တဆက်တည်းမှာ ယခုစာအုပ်ကိုဖတ်ရှုကြရသူများမှ တဆင့်စကားတဆင့်နား သတင်းစကားဖြန့်ဖြူး
ပေးကြရန်လည်းကောင်း၊ ပညာရှင်များ (professionals)၊ ပညာရေးဝန်ထမ်းများ (educators)နှင့် အ
လုပ်ရှင်များ (employers) ကိုလည်း စာအုပ်ကိုမျှဝေဖတ်စေရန်လည်းကောင်း စာရေးသူများက အား
ပေးတိုက်တွန်းထားပေသေးသည်။

  





ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment