ပြီးခဲ့သည့်အပတ်သောကြာနေ့ (ဧပြီ ၁၅ ရက်)က ခရစ်ယာန်ဘာသာဝင်များ၏ Good Friday ဖြစ်သဖြင့်
အလုပ်နားရက်ဖြစ်သည်။
ပုံမှန်အလုပ်ပိတ်ရက်ဖြစ်သည့် စနေ တနင်္ဂနွေ နှစ်ရက်နှင့်ရက်ဆက်နေသောကြောင့် နားရက်စုစုပေါင်း
၃ ရက် ရခဲ့သည်။
ထိုကြောင့် သောကြာနေ့နှင့်တင်္ဂနွေ ၂ ရက် အပြင်ထွက်ပြီး စနေနေ့တစ်ရက်နားလိုက်ပါသည်။
မိမိနှင့်ဇနီးတို့ နံနက်စာစားရင်း အပြင်သွားသည့်ထို ၂ ရက်လုံးမှာ သက်ကြီးရွယ်အို ၂ ဦးချော်လဲကျ
သည်ကိုတွေ့ပြီး အကူအညီပေးခဲ့ရသည်။
သောကြာနေ့နံနက် ၉ နာရီခွဲလောက်တွင် မိမိတို့နှစ်ဦး ၁၀ ထပ်က ဓာတ်လှေကားဖြင့်ဆင်းလာစဉ် ၈
ထပ်အရောက်မှာ အသက် ၇၀ ကျော်သက်ကြီးရွယ်အို ၁ ဦးဝင်လာသည်။ မိမိထက် အရပ်အနည်းငယ်
မြင့်သည်။ မ၀မဖိုင့်ဘဲ ကျန်းကျန်းမာမာရှိပုံရသည်။
မြေညီထပ်သို့ရောက်သောအခါ သူက မိမိတို့အရင်ထွက်ကာ တိုက်အောက်ကပင်လျှောက်သွားသည်။
သွက်သွက်လက်လက်နှင့် ဖြတ်ဖြတ်လတ်လတ်ရှိသည်ကို သတိပြုမိသည်။
မိမိတို့က သူ့နောက်မှာ ခြေလှမ်း ၁၀ လှမ်းကျော်ခန့်ရှိနေစဉ် သူ ဒယီးဒယိုင်ဖြစ်ပြီး ဟပ်ထိုးမှောက်လဲကျ
သွားသည်ကို အမှတ်မထင်အထိတ်တလန့်မြင်လိုက်ရသည်။
သူလဲကျသွားသည့်နေရာတွင် အင်္ဂတေဖြင့်လုပ်ထားသည့် စားပွဲနှင့်ခုံတန်းရှည် ၂ ခုရှိလေရာ သူ့မျက်နှာ
နှင့်ခေါင်းတို့ ခုံဇောင်း(စောင်း)ဖြင့်မရိုက်မိသည်မှာ အလွန်ကံကောင်းသည်ဟုဆိုရပေမည်။
မိမိက သူလဲကျသည့်နေရာကို ခပ်သွက်သွက်ပြေးသွားကာ သူကိုခေါ်သောအခါ မလှုပ်မယှက်ရှိနေသဖြင့်
များစွာစိုးရိမ်မကင်းဖြစ်မိသည်။ သို့သော် ၁၀ စက္ကန့်ခန့်အကြာမှာသတိရလာသည်။ သူ့ကို တစောင်းအနေ
အနားသို့ထားလျက် အခြေအနေမေးကြည့်သောအခါ "ခေါင်းထဲမှာမိုက်ကနဲမူးဝေေ၀ဖြစ်ပြီး လဲကျတာပဲ"
ဟုပြောပါသည်။
သူ့ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးများထွက်နေသဖြင့် မိမိ၏ဇနီးက တစ်ရှူးထုတ်ပေးသည်။ နောက်းပြီး သူ့ကို
ခုံတန်းပေါ်သို့ကူပြီးထိုင်ပေးလိုက်ကာ မိသားစုကိုအကြောင်းကြားလျက်ဆေးခန်းသို့သွားပြရန် မိမိ အကြိမ်
ကြိမ်ပြောသော်လည်း သူက "ဘာမှမဖြစ်ဘူး"ဟုသာပြောနေပါသည်။
သို့နှင့် သူ့ကို ခရီးဆက်မသွားဘဲ ထိုင်ခုံမှာခဏနားပြီး အိမ်သို့ပြန်ရန်ပြောပြီး မိမိတို့ ဘတ်စ်ကားမှတ်တိုင်
သို့သွားခဲ့ကြပါသည်။
အိမ်မှာ စနေနေ့တစ်ရက်နားပြီး တနင်္ဂနွေနေ့နံနက်မှာ ဂျူရောင်းအိစ်(Jurong East) ရှိ ဂျဲမ်(Jem)ကုန်
တိုက်က စားသောက်ဆိုင်သို့သွားရန် ဘတ်စ်ကားအမှတ် (၃၃၄)စီးပြီး ဂျူရောင်းအိစ်ဘူတာတွင် မိမိနှင့်
ဇနီးတို့ဆင်းလိုက်ကြသည်။
မိမိတို့နှစ်ဦး ဘတ်စ်ကားမှဆင်းပြီးခါစမှာ ခရီးသည်တချို့ ၏အထိတ်တလန့်အော်သံများကိုကြားလိုက်ရ
သဖြင့်ကြည့်မိသည်။
ဘတ်စ်ကားအရှေ့ ပေါက်နားတွင် အသက် ၇၀ ကျော်သက်ကြီးရွယ်အို ၁ ဦး ဖင်ထိုင်လျက်လဲကျနေ
သည်ကိုတွေ့ရသည်။
သူ့လက်ထဲမှာ လက်ကိုင်တုတ်ကိုင်ထားပြီး ပြန်မထနိုင်ဖြစ်နေသည်။ ခြေထောက်များကို ကောင်းစွာ
လှုပ်ရှားနိုင်ကြောင်းသတိပြုမိပါသည်။
နောက်ပြီး "ဘာလို့ အခုလိုဆိုးဆိုးဝါးဝါးကြီး လဲကျရတာလဲ" ဟု သူ့ဖာသာပြောရင်း မကျေမနပ်ဖြစ်နေ
သည်။
သို့နှင့်မိမိက သူ၏အခြေအနေကိုကြည့်ကာ အခြားခရီးသည်အမျိုးသမီး၏အကူအညီဖြင့် ထူပေးလိုက်ပြီး
မှတ်တိုင်ရှိထိုင်ခုံပေါ်သို့ ထိုင်စေပါသည်။
အနားယူပြီး အဆင်ပြေသောအခါတွင်မှသာ ခရီးဆက်သွားရန်မှာခဲ့ပါသည်။
၂၀၂၀ ခုနှစ်ကထုတ်သည့် စင်ကာပူနိုင်ငံဆေးပညာဂျာနယ် (Singapore Medical Journal 2020;
61(3): 116-121) ၏အဆိုအရ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၃ ဦးတွင် ၁ ဦးနှုံးနှင့်
အသက် ၈၀ နှင့်အထက်ရှိသူ ၂ ဦးတွင် ၁ ဦးနှုန်းသည် တစ်နှစ်မှာ အနည်းဆုံး ၁ ကြိမ်လဲကျခြင်းဖြစ်
လေ့ရှိကြောင်းသိရသည်။
သို့တစေ သက်ကြီးရွယ်အိုအတော်များများသည် ထိခိုက်ဒဏ်ရာရရှိမှုမရှိပါက ချော်လဲကျခြင်းကို
သတင်းပို့ခြင်း သို့မဟုတ် ဆေးကုသမှုခံယူခြင်းမရှိကြသူများ (silent fallers) ဖြစ်သည်ဆို၏။
စင်ကာပူနိုင်ငံတွင် ထိခိုက်ဒဏ်ရာရခြင်းကြောင့်အသက်ဆုံးရှုံးကြရသူ (injury-related deaths) စုစု
ပေါင်း၏ ၄၀ ရာခိုင်နှုံးသည် ချော်လဲကျခြင်းနှင့်သက်ဆိုင်နေပါသည်။
ချော်လဲကျခြင်းကိုဖြစ်စေနိုင်သည့်အကြောင်းခြင်းရာနှင့်အခြေအနေတို့ကို ထိထိရောက်ရောက်ကာ
ကွယ်တားဆီးမှုမလုပ်ဆောင်ပါက နောက်ထပ်ချော်လဲကျခြင်းများဖြစ်ပြီး သက်ကြီးရွယ်အိုများ၏နေ
ထိုင်သွားလာမှုဘ၀ (quality f life) ကို ထိခိုက်စေမည်ဖြစ်သည်။
No comments:
Post a Comment