"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, April 27, 2022

ဆေးရုံအဟောင်းပစ္စည်းဆိုင်က စာအုပ် ၂ အုပ် 1) To Obama

 


















တစ်ပတ်ကို ၅ ရက် နေ့စဉ်မနက်တစ်ပိုင်း မိမိ အချိန်ပိုင်းအလုပ်လုပ်နေသည့်ဆေးရုံတွင် တပတ်ရစ်

ပစ္စည်းများကို သက်သက်သာသာဈေးနှုန်းဖြင့်ရောင်းချပေးသည့်ဆိုင်(Thrift Shop)ကို မိမိမရောက်

သည်မှာကြာခဲ့ပြီဖြစ်သည်။


မိမိတာဝန်ကျသောလူနာဆောင်များသို့သွားတိုင်းနှင့် ပြန်လာတိုင်း ဆိုင်အနားကဖြတ်သွားနေရသော်

လည်း အလုပ်ချိန်ဖြစ်သဖြင့် မ၀င်ဖြစ်ခဲ့ပေ။

ဒီကနေ့မှာတော့ နေ့ ၁၂ နာရီခွဲအလုပ်ပြီးသည်နှင့် အိမ်ကြိုပန်ရင်း စာအုပ်အဟောင်များရှာကြည့်ရန် 

ဆိုင်ဖက်ကိုရောက်သွားသည်။


ဆိုင်ထဲကိုဝင်လိုက်သောအခါ အ၀တ်အစားများ၊ အိုးခွက်ပန်းကန် လျှပ်စစ် အစရှိသည့်အိမ်အသုံး

အဆောင်ပစ္စည်းများနှင့် စာအုပ်အဟောင်းများကိုတွေ့ရသည်။

မိမိက စာအုပ်များထားရှိသည့်နေရာကိုသွားပြီးကြည့်ပါသည်။















စာအုပ်စင်တွင်စာအုပ် ၅၀ ခန့်ရှိသည့်အထဲမှ Jeanne Marie Laskas ၏ To Obama: A People's 

History နှင့်Kathleen G. Nadeau နှင့် Patricia O. Quinn တို့ တည်းဖြတ်စုစည်းပြုစုထားသည့်

Understanding Women with AD/HD စာအုပ် ၂ အုပ်ကိုဝယ်ခဲ့သည်။







တစ်အုပ်ကို စာမျက်နှာ ၄၀၀ နှင့် ၄၆၀ ကျော်ပါသည့် နိုင်ငံရေးနှင့်ဆေးပညာရပ်ဆိုင်ရာစာအုပ် ၂

အုပ်ကို စင်ကာပူငွေ ၄ ဒေါ်လာနှင့် ၃၀ ဆဲန့်သာ ပေးရသည်။

စာကလည်းကောင်း ဈေးနှုန်းကလည်း မဆိုစလောက်ဖြစ်သဖြင့် တန်ပေစွတကား။

ဝမ်းသာမိပါသည်။






















ယခုစာအုပ်ကိုရေးသားပြုစုသူ Jeanne Marie Laskas က အမေရိကန်သမတ အိုဘားမားအား ကိုယ်

တိုင်တွေ့ဆုံပြီး မေးမြန်းခဲ့သူ (Interview) ဖြစ်သည်။

နောက်ပြီး သမတအိုဘားမားထံ စာရေးသားခဲ့ကြသူများ (letter writers)နှင့်သူတို့၏ပေးစာများကိုဖတ်

ရှုစိစစ်ရွေးခြယ်ခဲ့ကြသောအိမ်ဖြူတော်မှဝန်ထမ်းများ(White House staff) ကိုလည်း တွေ့ဆုံမေးမြန်း 

စကားပြောခဲ့သူဖြစ်သည်။

သမတ အိုဘားမားထံ စာရေးသားကြသည့်အမေရိကန်နိုင်ငံသားများသည် ကျေးဇူးသိတတ်မှုကိုပြော

ဆိုသကဲ့သို့ စိတ်ပျက်အားငယ်မှုများကိုလည်း ပွင့်ပွင့်လင်းလင်းပင် ရင်ဖွင့်ထားကြခြင်းဖြစ်သည်။

ထိုကြောင့် သူတို့၏စာများတွင် ဒေါသသံများနှင်ကြောက်ရွံ့ စိုးရိမ်မှုများကို ခံစားသိရှိနိုင်သကဲ့သို့ လေး

စားမှုကိုလည်း တွေ့ရှိရသည်ဆို၏။ 


အားလုံးကိုချုပ်၍ဆိုရသော် သံစုံတီးဝိုင်းကြီးတစ်ခုမှ ချိုလွင်လှပသည့်အသံများကို ကြားရသကဲ့သို့ ရှိ

သည်ဟုလည်း တင်စားပြောနိုင်မည်ထင်ပါသည်။

တကယ်က "အိုဘားမားသို့"စာအုပ်သည် အမေရိကန်သမတ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်

နှင့် အမေရိကန်ပြည်သူများ၏ရင်းနှီးပွင့်လင်းသည့်ထိတွေ့ဆက်ဆံမှုကို ဖော်ပြနေခြင်းပင်ဖြစ်သည်။   

တစ်နည်းဆိုရသော် အမေရိကန်ပြည်သူများ၏နားလည်စာနာမှုနှင့် သမတအိမ်ဖြူတော်၏နိုင်ငံရေးအ

အခင်းအကျင်းတို့ ဆုံစည်းဖြတ်သန်းမှုရှိသည့်ကာလအပိုင်းအခြားပင်ဖြစ်သည်။ 

































ဆက်ပြီးရေးပါဦးမည်။




No comments:

Post a Comment