မှန်ဘောင်နှင့်ဆင်းတုတော်ပုံ၏ရှေ့ တွင် ဆင်းတုတော် ၂ ဆူနှင့်ရှင်သီလ၀ိရဟန်းတော်တို့အား
ပူဇော်ထားရှိပါသည်။
အထက်ပါဆင်းတုတော်ကို မိမိတို့ တခါတရံသွားလေ့ရှိသော စင်ကာပူက အိန္ဒိယရပ်ဝန်းဒေသ
(Little India) မှ ၀ယ်ယူပူဇော်ခဲ့ပါသည်။
အထက်ပါဆင်းတုတော်သည် မိမိတို့ပထမ၀ယ်ထားသည့် ဂျူရောင်းဝက်စ် ၅၂ လမ်းအိမ်ကနေ
ယခုလက်ရှိအိမ်ကိုပြောင်းရွေ့ စဉ်က အိမ်နားကတရုတ်ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးမှလက်ဆောင်
ပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းဆင်းတုတော်ဖြစ်သည်။
အိမ်ရှင်မနှင့်မိမိတို့ ဒီကနေ့ နံနက်စောစော ဂျူရောင်းဝက်စ်ဈေးကိုသွားကြသည်။
ပုံမှန်အားဖြင့်လည်း တစ်ပတ်တခါ စနေနေ့တိုင်းလိုလို ဈေးသွားဖြစ်ပါသည်။ စားသောက်စရာနှင့်
ချက်ပြုတ်စရာများဝယ်ရန်ဖြစ်သည်။
သို့ရာတွင် ဒီကနေ့မှာ စားသောက်ချက်ပြုတ်စရာများအပြင် မိမိ၏မွေးနေ့အတွက် ဘုရားပန်းဝယ်
ရန် အဓိကဖြစ်သည်။
ဘုရားတင်ရန် လီလီပန်းများဝယ်ခဲ့သည်။
အိမ်သို့ပြန်ရောက်သောအခါ မိမိက အပေါ်ထပ်ရှိဘုရားစဉ်မှပန်းအိုးများကို မီးဖိုခန်းကရေစင်သို့ပို့
ပေးရသည်။
အိမ်ရှင်မက ပန်းများနှင့်ပန်းအိုးများဆေးပြီး အဆင်သင့်ပြင်ဆင်ပြီးသောအခါ မိမိက ဘုရားစင်သို့
ပြန်တင်ပေးရသည်။
ထို့နောက် အိမ်ရှင်မက ဘုရားပန်းကပ်လျက် သီတင်းကျွတ်လဖြစ်သဖြင့် ညဦးပိုင်းတွင် ဆီမီးများ
ကပ်လှူပူဇော်ပါသည်။
ဘုရားစင်တွင် ပန်းများ ဆီမီးများကပ်လှူပြီးသောအခါ လျှပ်စစ်ရောင်စုံမီးပွင့်လေးများထွန်းကာ
ကြည်ညိုသပ္ပာယ်လှသည့် မွေးနေ့အကြိုဘုရားစင်အား အမှတ်တရဓာတ်ပုံများရိုက်ဖြစ်ကြသည်။
ယခုနှစ်တွင် သီတင်းကျွတ်လပြည့် မြတ်ဗုဒ္ဓ၏အဘိဓမ္မာအခါတော်နေ့နှင့် ထူးထူးခြားခြားတိုက်
ဆိုင်ခဲ့သည့် မိမိ၏မွေးနေ့အတွက် မွေးနေ့အကြိုနေ့မှာ ဘုရားပန်းကပ်လှူလျက် ဆီမီးထွန်းညှိပူ
ဇော်ပေးသည့်အိမ်ရှင်မအား များစွာကျေးဇူးတင်မိပါသည်။
No comments:
Post a Comment