"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, September 30, 2022

အ၀ယ်တော် အီဖေကို (၁)

 


အိမ်ထောင်တစ်ခုတွင် အမျိုးသားဖြစ်သူက ငွေရှာပြီး အိမ်ရှင်မဖြစ်သူအမျိုးသမီးက ဈေးဝယ်

သည် ချက်ပြုတ်သည် အိမ်ထောင်ထိန်းသိမ်းသည်ဟု ဟိုရှေးရှေးကတည်းကပင် ယေဘုယျ

အားဖြင့် နားလည်ထားခဲ့တတ်ကြသည်။

ဒီမှာဘက်ခေတ်မှာတော့ အလုပ်လုပ်သည့်အမျိုးသမီးများက ဈေးလည်းဝယ်ရသည်။ အချက်

အပြုတ်လည်းလုပ်ရသည်။ ဒါ့အပြင် အိမ်ထောင်ထိန်းသိမ်းမှုကိုလည်း လုပ်ရသေး၏။ (ကိုယ်

ဝန်ဆောင်ခြင်း၊ သားဖွားခြင်းနှင့် ကလေးပြုစုပျိုးထောင်ခြင်းကဲ့သို့သော အရေးကြီးသည့်တာဝန်

များ မပါသေး)။

အမျိုးသားအများစုကတော့ ဇနီးအလုပ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ယနေ့အထိ အဓိ

ကငွေရှာပေးသူအဖြစ် (အဓိကဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ) အိမ်ထောင်ဦးနေရာတွင် 

အခန့်သား နေရာယူထားကြဆဲ ထိုင်နေကြဆဲဖြစ်သည်။

ဤကား စကားချပ်။ 

တကယ်တမ်းပြောလိုသည်မှာ မိမိ (ခေါ်) အီဖေကို၏အကြောင်းသာဖြစ်ပါလေ၏။

ကဲ စလိုက်ကြပါစို့လား။

မိမိတို့ဇနီးမောင်နှံသည် အိမ်အတွက်ချက်ပြုတ်စရာများကို ပုံမှန်အားဖြင့် တစ်ပတ်တခါဝယ်လေ့

ရှိသည်။ 

အလုပ်နားရက်ဖြစ်သော စနေနေ့တွင် ၀ယ်တတ်ပါသည်။

စင်ကာပူအမျိုးသားကုန်သွယ်မှုကွန်ဂရက် (National Trades Union Congress (NTUC) ၏သမ

ဝါယမအသင်းကုမ္ပဏီတစ်ခုဖြစ်သည့် စူပါမားကက် (NTUC FairPrice) ကို အမြဲသွားလေ့ရှိပါ

သည်။ 

















စင်ကာပူနိုင်ငံ၏နေရာအနှံ့တွင် စားသောက်ကုန်မျိုးစုံကို သက်သက်သာသာဖြင့်ရောင်းချ

ပေးသော အဲန်တီယူစီဆိုင် (NTUC FairPrice) ပေါင်း (၁၀၀) ရှိသည်။

မိမိတို့သည် မိမိတို့အရပ်ဒေသတွင်ရှိသည့် အဲန်တီယူစီဆိုင် သုံး လေးဆိုင်သို့ သွားတတ်ကြ

ပါသည်။

ယခင်ကတော့ ဂျူရောင်းပွိုင့်ကုန်တိုက်ကြီး (Jurong Point Shopping centre) က အဲန်တီယူစီ

ဆိုင်သို့ နှစ်အတော်လေးကြာကြာ သွားခဲ့သည်။ အကြောင်းကတော့ တစ်ချက်ခုတ် နှစ်ချက်

ပြတ်ဖြစ်သည်။

ကုန်တိုက်ကြီးသို့ နံနက်စောစောသွားပြီး ပထမထပ်က နာမည်ကြီးပလာတာဆိုင် (Prata 

Wala) မှာ ပလာတာစားတတ်သည်။












အဲဒီနောက်ပိုင်းတွင် ဂျူရောင်းပွိုင့်ကုန်တိုက်ရှိ အဲန်တီယူစီဆိုင်ကို လုံးဝမပိတ်ဘဲ နေရာတချို့ 

ကန့်သတ်ပြီး တိုးချဲ့ ပြုပြင်ရေးလုပ်နေစဉ် ပစ္စည်းကောင်တာတွေ ဟိုရွေ့ ဒီရွေ့ လုပ်တာကြောင့် 

 မျက်စိရှုပ်သဖြင့် ဂျူရောင်းအိ့စ်(Jurong East)ဘူတာနားက အဲန်တီယူစီဆိုင်ကိုပြောင်းဝယ်ပါ

သည်။ ယနေ့အထိ ၀ယ်ဖြစ်နေပါသည်။ 

တစ်ခါတလေမှာ ဂျူရောင်းအိ့စ်အရပ် ၂၁ လမ်းက အိုင်အဲမ်အဲမ်ကုန်တိုက်ကြီး (IMM Mall) 

မှာရှိသည့် ဂျိုင်းအန့်ဆိုင်ကြီး (Giant Hypermarket) ကို သွားတာမျိုးလဲရှိသည်။





အိုင်အဲမ်အဲမ်ကုန်တိုက်ကြီးက Cafe O ဆိုင်


များသောအားဖြင့် အိုင်အဲမ်အဲမ်ကုန်တိုက်ကြီးကို နံနက်စောစော ၈ နာရီကျော်လောက်ရောက်
သွားတတ်ပြီး Cafe O စားသောက်ဆိုင်တွင်ပလာတာစားပြီးမှ ဂျိုင်းအန့်ဆိုင်မှာ တစ်ပတ်စာချက်
စရာများဝယ်လေ့ရှိသည်။












ဒီကနေ့ (၄၊၁၀၊၂၂) အလုပ်ကအပြန် ၀ု့(ဒ)လဲန်းဘူတာရုံနားတွင်ရှိသည့် ကော့စ်ဝေးပွိုင့်

ကုန်တိုက်ကြီး (Causeway Point) က အဲန်တီယူစီဆိုင်မှာ ၀ယ်ခဲ့တာလေးတွေ။







No comments:

Post a Comment