"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, September 8, 2022

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ ၂၀၂၂








ဒီကနေ့မနက်စောစော အိပ်ရာကမနိုးခင် တယ်လီဖုန်း၏'တိန်'ကနဲမြည်သံလေးတစ်ချက်ကို ကြား
လိုက်ရသည်။

သို့နှင့် အိပ်ရာကထပြီး စားပွဲပေါ်ရှိ တယ်လီဖုံးကိုယူကြည့်လိုက်သောအခါ ဆေးရုံမှလုပ်ဖော်ကိုင်
ဖက်တစ်ဦး၏ WhatsApp မှ Happy Physiotherapy Day ဟူသော  စာကိုဖတ်ရသည်။

ထိုနောက်ဆက်တိုက်ဆိုသလို ကျန်သောလုပ်ဖော်ကိုက်ဖက်များ၏ Happy Physiotherapy Day
ဟုဆန္ဒပြုဆုတောင်းခြင်းများပြုလာကြပါသည်။

၁၉၅၁ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကမ္ဘာ့အကြော
အဆစ်ကုပညာအဖွဲ့ကြီး(World Physiotherapy) သည် တစ်ကမ္ဘာလုံးရှိနိုင်ငံပေါင်း ၁၂၅ နိုင်ငံ
မှ အကြောအဆစ်ကုပညာရှင် (Physiotherapist) ခြောက်သိန်းခွဲကျော် (၆၈၅,၀၀၀) အဖွဲ့ဝင်
အဖြစ်ရှိနေသည်။ 

'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' (World Physical Therapy Day) ကို နှစ်စဉ်နှစ်တိုင်း စက်
တင်ဘာလ ၈ ရက်နေ့ နိုင်ငံအသီးသီးတွင် သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြသည်။ 

ယင်းသို့ကျင်းပရာ၌ လူများ၏ကျန်းမာရေး၊ လှုပ်ရှားသွားလာရေးနှင့်အမှီအခိုကင်းရေးတို့အတွက် 
အကြောအဆစ်ကုပညာရှင်များအနေဖြင့် မည်သို့ပညာပေးလမ်းညွန်လျက်ရှိကြောင်းနှင့် မည်သို့
ကုသပေးလျက်ရှိကြောင်းများကို အသိပေးရန် အခွင့်အလမ်းများရရှိခဲ့သည်။

COVID-19 ကာလနှင့်နောက်ပိုင်းတွင် 'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' ကို စက်တင်ဘာလ 
(၈) ရက်နေ့တွင် နိုင်ငံအသီးသီး ယခင်နှစ်များကကဲ့သို့ ခမ်းခမ်းနားနားမဟုတ်သော်လည်း ပုံမှန်
ကျင်းမြဲဆက်လက်ကျင်းပခဲ့ကြပါသည်။ 



























'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' ကို နှစ်စဉ်နှစ်တိုင်း ဦးစားပေးလုပ်ငန်းစဉ်ဆောင်ပုဒ်တစ်ခု
ထားရှိကာ ကျင်းပလေ့ရှိသည်။

ယခုနှစ် 'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' ၏ဆောင်ပုဒ် (The Theme for World PT Day 
2022) မှာ ရိုးဆက်ရွတ်အဆစ်ရောင်ရောဂါနှင့်အကြောအဆစ်ကုပညာရှင်များ၏လုပ်ငန်းကဏ္ဍ
(Osteoarthritis and the Role of Physiotherapists) ဖြစ်သည်။













ပြီးခဲ့သည့် ၂၀၂၁ နှစ်က ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' ၏ဆောင်ပုဒ်မှာ တာရှည်ကိုဗစ်
ရာဂါပြန်လည်ထူထောင်ရေးနှင့်အကြောအဆစ်ကုပညာရှင်များ၏လုပ်ငန်းကဏ္ဍ(Long COVID 

and the Role of Physiotherapists in the Treatment and Management of people affected 

by Long COVID.) ဖြစ်ပါသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(World Health Organisation - WHO)၏အဆိုအရ ကိုဗစ်-၁၉ရောဂါ
ဖြစ်သူအများစုသည် အပြည့်အ၀ပြန်လည်ကောင်းမွန်လာခဲ့ကြကြောင်း သိရှိရပါသည်။ 

သို့သော် ကိုဗစ်-၁၉ ရောဂါခံစားရသူစုစုပေါင်း၏ ၁၀% မှ ၂၀% အထိသောအရေအတွက်မှာ ပြန်
လည်နေထိုင်ကောင်းလာပြီးနောက်ပိုင်းတွင် အလယ်အလတ်ကာလမှ တာရှည်ကာလအထိ 
ကျန်းမာရေးအကျိုးဆက်များ (mid- and long-term effects after they recover from their 
initial illness) ကိုခံစားခဲ့ကြရကြောင်းတွေ့ရှိခဲ့သည်။ 

ယင်းကျန်းမာရေးအကျိုးဆက်များကို 'ကိုဗစ်-၁၉ အလွန် အခြေအနေများ' (post COVID-19 
condition) သို့မဟုတ် တာရှည်ကိုဗစ်အခြေအနေများ(long COVID) ဟုခေါ်ပါသည်။ 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ အလွန်အခြေအနေများအပေါ် မိမိတို့၏နားလည်သိရှိ
ထားမှုများသည် ပုံသေဖြစ်တည်နေကြခြင်းမျိုးမဟုတ်၊ ထာဝစဉ်ဆင့်ကဲပြောင်းလဲမှုများရှိနေကြ
ကြောင်းကို သတိပြုကြရန်အရေးကြီးပေသည်။ (continues to evolve)   

ထိုကြောင့် ကိုဗစ်-၁၉ ရောဂါအလွန်အခြေအနေများနှင့်ပတ်သက်ပြီး ခံစားကြရသူလူနာများကိုသု
တေသီပညာရှင်များက လေ့လာမှုများပြုလုပ်လျက်ရှိနေကြည်။ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ရောဂါ
အလွန်အခြေအနေများဖြစ်ရသည့်အကြောင်းရင်းဇစ်မြစ်များ(cause)၊ ရောဂါဝေဒနာလက္ခဏာများ
(symptoms)နှင့် အကျိုးဆက်များ(effects)ကို ယခုထက်ပိုမိုကျယ်ပြန့်စွာ ထဲထဲဝင်ဝင်နားလည်
သိရှိလာစေရေးအတွက်ဖြစ်သည်။

တစ်ချိန်တည်းမှာ အသစ်အသစ်သောသိလာသည့်သတင်းအချက်အလက်များကို ကမ္ဘာသို့အ
သိပေးမျှဝေသွာမည်ဖြစ်သလို လိုအပ်သည့်အထောက်အထောက်အကူပစ္စည်းများကိုလည်းပံ့
ပိုးကူညီသွားမည်ဖြစ်သည်။ 
 































ကိုဗစ်-၁၉ အလွန် အခြေအနေများ' သို့မဟုတ် တာရှည်ကိုဗစ်အခြေအနေများကို အဓိကအား
ဖြင့် (၃) မျိုး (၃) စားတွေ့ရှိရသည်ဆို၏။

၁) ရင်ဘတ်ကကျပ်ပြီး အသက်ရှူမ၀ဖြစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မွှန်းကျပ်မှုခံစားရခြင်း 
(shortness of breath)
၂) တွေးတောမှု၊ မှတ်ဥာဏ်နှင့် အာရုံပြုနိုင်မှုများကျဆင်းခြင်း (brain fog)
၃) ပင်ပန်းနွမ်းဟိုက်ခြင်း (fatigue)

အထက်ပါ ၃ မျိုးအပြင် ရင်ဘတ်နာခြင်း၊ ကြွက်သားများနာခြင်း၊ အနံ့ အရသာပျောက်ခြင်း၊ စိုး
ရိမ်သောကဖြစ်ခြင်း အစရှိသည်များလည်း ခံစားရတတ်ပါသေးသည်။















ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့နှင့်ပတ်သက်ပြီး မြန်မာသတင်စာများတွင် မိမိရေးသား
ခဲ့သည့်သတင်းတစ်ပုဒ်နှင့်ဆောင်းပါးတစ်ပုဒ်တို့ကို အောက်တွင်ဖတ်ရှုကြည့်နိုင်ပါသည်။






မန်မာအကြောအဆစ်ကုပညာရှင်များအသင်း(Myanmar Physiotherapy Association - 
MPA)၏ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ အခမ်းအနား(စက်တင်ဘာ ၈-၁၁၊၂၀၁၆)








၁။ ဦးထွန်းမြင့် - ဥက္ကဋ္ဌ မြန်မာအကြောအဆစ်ကုပညာရှင်များအသင်း
၂။ ဒေါက်တာသက်ခိုင်ဝင်း - အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးဝန်ကြီးဌာန
၃။ ဦတင်မြင့် - အတွင်းရေးမှူး မြန်မာအကြောအဆစ်ကုပညာရှင်များအသင်း
၎။ ဦးကြီးမောင် - ဒုဥက္ကဋ္ဌ မြန်မာအကြောအဆစ်ကုပညာရှင်များအသင်း
၅။ ဒေါက်တာစီလီယာတန် - ဥက္ကဋ္ဌ စင်ကာပူအကြောအဆစ်ကုပညာရှင်များအသင်း



























၁။ ဦးချစ်သန်းမြင့် 
၂။ ဦးသန်စိုး
၃။ ဦးမောင်မောင်မြင့်
၎။ ဦးသာဇံ
၅။ ဦးမင်းမောင်
၆။ ဦးဝင်းမောင်
၇။ ဒေါ်ဇင်လဲ့ဦး
၈။ ICRC မန်နေဂျာ


















































































No comments:

Post a Comment