"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, September 26, 2022

ကျွန်းသာယာသတင်းစဉ် (၆၁)

















***


***







      















မူလတန်းကျောင်းဆောင်ဖက်ကထွက်လာတဲ့ကျောင်းသားလေးရဲ့ ခေါင်းနဲ့မျက်နှာမှာ သွေးတွေ
ရွှဲနစ်နေပြီး သူတို့စာသင်ခန်းထဲက 'ကလေးတစ်ယောက်ကတော့ ဗိုက်ကြီးပွင့်ထွက်ပီးသေနေ
တယ်ဆရာမ'လို့ ကျမကိုပြောပါတယ်။

နောက်ကလေးတစ်ယောက်က ဗုံးဆံထိမှန်ထားလို့ ခြေထောက်တချောင်းလုံးမြင်မကောင်းအောင်
စုတ်ပြတ်ထွက်နေပြီး နောက်ခြေတချောင်းနဲ့ ခြေတဘောင်ကျိုးခုန်ပြီး စာသင်ခန်းထဲကထွက်လာ
တာကို စိတ်မကောင်းစွာတွေ့မြင်ခဲ့ရပါတယ်။ 

ကလေးတွေခမျာ ကြောက်ရှာကြလွန်းလို့ ငိုလဲမငိုရဲကြရှာဘူး။

ဘာPDF ဘာKIAမှမရှိတဲ့ ကျမတို့ကျောင်းလေးကို အပေါ်ကနေလေယာဉ်နဲ့ တစ်နာရီကြာဗုံးကျဲ 
စက်သေနတ်တွေနဲ့ရက်ရက်စက်စက် စိတ်တိုင်းကျပစ်ခတ်ပီးမှ စစ်သားတွေက ကျောင်းထဲကို ဒီ
အတိုင်းဝင်လာတာမဟုတ်ဘဲ သေနတ်နဲ့အဆက်မပြတ်ပစ်ရင်းဝင်လာခဲ့ကြတာပါ။ 

ရက်စက်လိုက်ကြတာက ကမ်းကုန်အောင်ပါပဲ။

သေနတ်ဒဏ်ရာနဲ့သေသွားတဲ့ကလေးရဲ့ အမေတစ်ဦးက စစ်သားတွေကို'ဆရာတို့ရယ် ကျမရဲ့ 
သားလေးကို ကျမအိမ်ကိုယူသွားပါရစေ' လို့ပြောတာ လုံးဝမပေးဘူး။ 'အထက်က အမိန့်အရ 
မပေးနိုင်ဘူး' ဆိုပြီး ဇွတ်အတင်းယူသွားပါတယ်။

သေသွားတဲ့ကလေးတွေနဲ့ ဒဏ်ရာရလို့ မသေမရှင်ဖြစ်နေတဲ့ကလေးတွေအားလုံးကို ခြင်းကြားတွေ
အိတ်တွေထဲ ဖြစ်သလိုထိုးထည့်ပြီး ယူသွားကြတာ။

ကလေးတွေကိုသတ်ဖို့ရည်ရွယ်ချက်နဲ့လာကြတာဖြစ်လို့ ခြင်းကြားတွေ အိတ်တွေကို အစကတည်း
က တပါတည်းယူလာခဲ့ကြတာပါ။


       






ရုရှားနိုင်ငံက လူငယ်လူရွယ်အားလုံး ပြည်ပနိုင်ငံများသို့
 ကြောက်လန့်တကြားထွက်ပြေးနေကြရရှာပြီ။





No comments:

Post a Comment