၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်။
'ထီးထမ်းလမ်းလျှောက်'
ဆိုသောမြန်မာစကား၏
မူရင်းအဓိပ္ပါယ်ကို 'အလုပ်အကိုင်
မည်မည်ရရ မလုပ်ဘဲ ဟိုဟိုသည်သည်
လျှောက်သွားနေသူ'
ဟု
ပညာရေးဝန်ကြီးဌာန
မြန်မာစာအဖွဲ့ဦးစီးဌာနမှ
ထုတ်ဝေသော 'မြန်မာအဘိဓာန်'
တွင်
အနက်ဖွင့်ထားပါသည်။
သို့ဖြစ်ရာ
ထီးထမ်းလမ်းလျှောက် စင်ကာပူ
တွင် မိမိသည် အလုပ်တစ်ခု
မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း
ဟိုနေရာရောက် ဒီနေရာရောက်ကာ
ဟိုတွေ့ဒီတွေ့အကြောင်းအရာကလေးများအပေါ် မိမိ တွေးမိ
ရင်တွင်းခံစားမိသည်တို့ကို
ပြောပါမည်။
စင်ကာပူနိုင်ငံသည်
သေးသေးလေးဖြစ်သည်။
နိုင်ငံတစ်ခုအနေဖြင့်
အရွယ်အစား သေးလှသည်မှာ ကမ
္ဘာ့ မြေပုံပေါ်တွင် နေရာပြရန်
အစက်သေးသေးလေးတစ်စက်
ချလောက်အောင်ရုံသာဟု ပြောသူများက ပြော ခဲ့ကြပါသည်။
ယင်းသို့ပြောကြသူများတွင်
အင်ဒိုနီးရှားသမတဟောင်း
ဘီဂျေ ဟာဘီဘီ (B.
J. Habibie)မှာ
ထင်ရှားလေသည်။ ၁၉၉၈ ခုနှစ်
သြဂုတ်လ ၄ ရက်နေ့ထုတ် Asian
Wall Street Journal တွင် ပါရှိခဲ့သည့်
ဆောင်းပါးတွင် ဒေါက်တာဟာဘီဘီက
ကမ္ဘာ့မြေပုံကို လက်ထောက်ပြရင်း
"အဲဒီ
အနီစက် သေးသေးလေး (little
red dot)က
စင်ကာပူနိုင်ငံပဲပေါ့ဗျ"
ဟု ခနဲ့တဲ့တဲ့ ပြောခဲ့ဖူးသည်ဟု ဖတ်ခဲ့ရပါ၏။
မိမိအဖို့ကမူ
စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည်မှာ
နှစ်ကာလ ကြာမြင့်လှပြီဖြစ်ရာ
အမှတ်ရစရာ များစွာရှိနေ ပါသည်။
မိမိရောက်လေရာရာတွင် အတိတ်ကို
အမှတ်ရစရာလေးတွေ လွမ်းမောဖွယ်ရာလေးတွေ ရှိနေတတ် သကဲ့သို့
ပစ္စုပ္ပန်နှင့် ချိန်ထိုးတွေးတောကြည့်မိပြီး
ခံစားမိသည်များလည်း ရှိတတ်ပါသေးသည်။
ကဲ
ယနေ့ခရီးစဉ်လေးကို
ကြည့်ကြည့်ကြပါဦးစို့လား။
အမှတ် ၁၅၇ ဘတ်စ်ကားပေါ်မှာ ... (၃ ရက် နိုဝင်ဘာ ၂၀၁၃၊ နေ့ ၁၂ နာရီ) |
သည်နေ့မနက်စောစောမှာ
မိမိတို့ဇနီးမောင်နှံသည်
ထုံးစံအတိုင်း ဈေးကိုသွားပြီး
နံနက်စာ စားကြ၏။ နံနက် စာစားရင်း
မိမိက ဇနီးသည်အား ယနေ့
ဘတ်စ်ကားတစ်ပတ်စီးကြရန်
ပြောပါသည်။ သို့နှင့်
နံနက်စာစား ပြီး သောအခါ
မူလကအစီအစဉ်ရှိသည့်အတိုင်း
သမီးတို့အိမ်သို့ မြေးကလေးကို
သွားကြည့်ကြပြီးနောက်
ဘတ်စ် ကားနံပတ် ၁၅၇ ကို
စီးကြပါသည်။
ဤဘလော့တစ်နေရာတွင်
မိမိရေးခဲ့ဖူးသည့်အတိုင်း
မိမိတို့ဇနီးမောင်နှံသည်
စနေ တနင်္ဂနွေလို ရက်အား
ရက်များတွင် တစ်ခါတစ်ရံ
ခရီးအစမှအဆုံး ဘတ်စ်ကား
ပတ်စီးတတ်ကြပါသည်။ သည်နေ့တွင်
မစီးဖြစ် သည်မှာ ကြာပြီဖြစ်သော
အမှတ် ၁၅၇ ဘတ်စ်ကားကို
စီးဖြစ်ကြပါသည်။ သည်အခါမှာ
မရောက်တာကြာ ပြီဖြစ်သည့်
ဤလမ်းတစ်ကြောရှိနေရာများကို
တွေ့ရမြင်ရသည်။ အချို
့နေရာများမှာ အနည်းအကျဉ်းပြောင်း
လဲနေပြီး အချို့ နေရာတို့ကား
များစွာပြောင်းလဲသွားပြီဖြစ်သည်။
နေရာများစွာတို့ကား ယခင်အတိုင်းပင်
ရှိ နေကြပါ၏။
ယခင်က
မိမိ၏အလုပ်ရှိရာ Upper
Bukit Timah ရှိ
Beauty
World Centre တစ်ဝိုက်မှာ
များစွာပြောင်းလဲ သွားပြီဖြစ်သည်။
ချွန်တင်လမ်းနှင့်ဂျာလန်စေချွမ်လမ်းထောင့်ရှိ
Jurong
Gardens School အထူးပညာရေး
ကျောင်းအဆောက်အဦးမှာ
ယခင်အတိုင်းရှိနေသေးသော်လည်း
Dimensions
Hospitality School ဆိုင်း
ဘုတ်အသစ်ကြီးနှင့်ဖြစ်နေလေသည်။
Upper
Bukit Timah လမ်းနှင့်
Jalan
Jurong Kechil လမ်းထောင့်ရှိ
ယခင်က ကားရပ်နေရာနှင့်
ကွင်းပြင်တို့မှာ MRT
ဘူတာဆောက်လုပ်သည့်လုပ်ငန်းများဖြင့်
ရှုပ်ပွနေခဲ့သည် မှာ
နှစ်အတန်ကြာပြီဖြစ်သည်။
ဂျာလန် ဂျူရောင်းကေချီလမ်း၏
ဝဲယာတစ်ဖက်တစ်ချက်တွင်
တိုက်ဟောင်းအချို့  မရှိတော့ပဲ
တိုက်အသစ် လှလှ ကြီးကြီးများက
နေရာယူသွားကြပြီဖြစ်သည်။
Bukit
Batok East Ave လမ်း၏လက်ဝဲဘက်ရှိ
Bukit
Batok Nature Park ကိုတွေ့ရသောအခါ
ယခုနှစ်မေ လက ကွယ်လွန်သွားခဲ့သော
မိမိ၏ဆရာ ပါမောက္ခဒေါက်တာဦးမျိုးမြင့်ကို
အမှတ်ရမိပါသည်။
"ဒီနေရာကနေပြီး
ဆရာဦးမျိုးမြင့်နဲ့အတူ
လမ်းစလျှောက်ကြတာလေ။
ဆရာတပည့်နှစ်ယောက် စကားတ
ပြောပြောနဲ့ လျှောက်လိုက်ကြတာ
MacRitchie
Reservoir ကို
ရောက်တဲ့အထိပဲ"
ဟု
မိမိက ဇနီးဖြစ်သူ အား ပြောပြသည်။
ထိုစဉ်က ဒေါက်တာဦးမျိုးမြင့်သည်
ဆေးတက္ကသိုလ် ၁ တွင်
ပါမောက္ခချုပ်တာဝန် ထမ်းဆောင် လျက်ရှိပြီး
မြန်မာနိုင်ငံဆရာဝန်များအသင်း၏ဥက္ကဋ္ဌလည်း
ဖြစ်ပါသည်။
ဘူးကစ်တီးမားလမ်းပေါ်သို့ရောက်သောအခါ
လမ်း၏အလယ်ရှိရေမြောင်းကြီးအား
ချဲ့ နေသည်ကို တွေ့ရသ လို
ချဲ့ ပြီးသွားသောနေရာများကိုလည်း
တွေ့ရလေသည်။ မိုးသဲသည့်အချိန်တွင်
မြောင်းထဲမှာ ရေတွေပြည့်
နေပြီး လမ်းအစား ရေပြင်ကျယ်ကြီးကိုသာ
မိမိတွေ့ခဲ့ရဖူး၏။ တစ်ခါတစ်ရံ
ဒီလမ်းရေကြီးသည့်သတင်းကို
သ တင်းစာနှင့် ရုပ်မြင်သံကြားတို့တွင်
ဖတ်ရ မြင်ရ၏။
မိမိသိရသ၍
ဆရာသည် သူ့ကျန်းမာရေးအတွက်
လမ်းလျှောက်လေ့ကျင့်ပုံရသည်။
လမ်းလျှောက်ခြင်းကို
နှစ်သက်ပုံရသည်။ သေသေချာချာတော့
မသိပါ။ အခြားသောအထူးကု
ဆရာဝန်ကြီးများလို ဂေါက်သီးရိုက်
ကစားဟန်မတူပေ။ ဆရာကွယ်လွန်စဉ်က
'ကုက္ကိုင်းအရှေ
့လမ်းလျှောက်သူများ'က
သတင်းစာမှာ ၀မ်းနည်း
ကြောင်းထည့်သည်ကို
စာရေးသူဖတ်လိုက်ရသည်။
မိမိတို့စီးလာသောဘတ်စ်ကားသည်
Beauty
World Centre ၏ဘေးဘက်ရှိ
Bukit
Timah Link လမ်းတို
လေးထဲသို့ဝင်သောအခါ တစ်ချိန်က
ဤအနီးအနားမှာရှိခဲ့သည့်
Post
Officeစာတိုက်လေးကို
အမှတ်ရမိ၏။ ဘူးကစ်တီးမားလင့်ကို
ဖောက်လုပ်စဉ်က ယင်းစာတိုက်လေး
အဖျက်ခံလိုက်ရ၏။
မိမိ၏အလုပ်နှင့်နီးသဖြင့်
အဆင်ပြေနေရာမှ ယင်းစာတိုက်မရှိတော့သောအခါ
Bukit
Timah Plaza အထိ
အတော်ဝေးဝေး လျှောက် သွားရသည်။
ဘူးကစ်တီးမားရှိ
ယခင်မြင်းပြိုင်ကွင်းဟောင်း
(Bukit
Timah Race Course)အနားကို
ရောက်သောအခါ ၁၉၉၀ ခုနှစ်ကျော်လောက်က
Turf
City သို့သွားပြီး
ဈေးဝယ်ခဲ့ နေ့လည်စာစားခဲ့သည်များကို
သတိရမိသေး ၏။ ထိုစဉ်က မိမိ
အလုပ်ပြီးသောအခါ
အလုပ်နားရှိကားမှတ်တိုင်တွင်
ဇနီးသည်နှင့်တွေ့ဆုံလျက်
အခမဲ့ အ ကြိုအပို့လုပ်ပေးသောဘတ်စ်ကားဖြင့်
Turf
City သွားတတ်ပါသည်။
စင်ကာပူကို ရောက်စက သည်မြင်းပြိုင်
ကွင်းမှတ်တိုင်တွင် ခရီးသည်များ
အစုလိုက်အပြုံလိုက်
ဆင်းသွားကြသည်ကို ပထမဆုံးတွေ့ရစဉ်က
'ဘာ
များပါလိမ့်'ဟုတွေးမိ၏။
နောက် မှ မြင်းပြိုင်ပွဲသို့
သွားကြတာဖြစ်ကြောင်း သိရလေသည်။
၁၉၉၉ ခုနှစ်တွင် မြင်ပြိုင်ကွင်းသည်
ဘူးကစ်တီးမားနေရာမှ ကရန်ဂျီး
(Kranji) နေရာအသစ်သို့
ပြောင်းရွေ့ သွားခဲ့သည်။
ဘတ်စ်ကားက
အာဒမ်လမ်း (Adam
Road) ဘက်သို့
မချိုးကွေ့ခင်ကလေးမှာ
လမ်း၏၀ဲဘက်တွင် ကွမ်ရင်
စန်းဘုန်းကြီးကျောင်း (Kuan
Yin San Temple) ကို
ဝင်သည့်လမ်းသွယ်နှင့်ဆိုင်းဘုတ်လေးကို
တွေ့ရ၏။ လွန်ခဲ့သည့်
၁၀ နှစ် ကျော်က ဤဘုန်းကြီးကျောင်းသို့
မိမိတို့ဇနီးမောင်နှံ
နှစ်ကြိမ် သုံးကြိမ်ခန့်
ရောက်ဖူးပါ သည်။ ဖားအောက်ဆရာတော်ကြီး
အကြောအဆစ်ရောဂါဖြစ်စဉ်က
မိမိ၏လုပ်ဖော်ကိုင်ဘက်ဟောင်း
စင် ကာပူနိုင်ငံသား 'မစ္စတာဖော့ခ်'က
သတင်းပေးပြီး အကူအညီတောင်းလာသောကြောင့်ဖြစ်သည်။
မစ္စတာဖော့ခ်သည်
မြန်မာပြည်ရှိ
ဖားအောက်တောရကျောင်းသို့သွားပြီး
သင်္ကန်းဝတ်ကာ တရား ၃ ၀ါ ကျင့်
ခဲ့လေသည်။ စင်ကာပူသို့
သင်္ကန်းဝတ်ဖြင့်ပင် ပြန်ကြွလာခဲ့ပြီး
မိမိတို့အိမ်သို့ ဖိနပ်ဗလာဖြင့်
ဆွမ်းခံကြွခဲ့ပါ သည်။ ယခု
ဆရာတော်ကြီးကြွလာချိန်တွင်မူ
လူဝတ်နှင့်ဖြစ်နေပေပြီ။ သူ
မြန်မာပြည်သို့ တရားသွားမ၀င်မီက မိမိ၏အိမ်သို့လာပြီး
မြန်မာစကားသင်ယူခဲ့ပါသည်။
ဆရာတော်ကြီး၏ အကြောအဆစ်ဝေဒနာကို
ပထမက ထိုင်ဝမ်သို့ သွားကုပါသည်။
မသက်သာသဖြင့် စင်ကာပူမှ
ဒကာများ၏ပင့်ဖိတ်ချက်အရ
ကြွလာခြင်းဖြစ်သည်။ မိမိသည်
ဆရာတော်ကြီးအား အကြောအဆစ်ကုသမှုများ
သင်ကြားလေ့ကျင့်ပေးခွင့်ရခဲ့ပြီး
မိမိ၏ဇနီးမှာ လည်း
ဖားအောက်ဆရာတော်ကြီးအား
မုဒုံလက်ရာ ကုလားပဲခြမ်းဆီပြန်၊
ခရမ်းချဉ်သီးသုတ်၊ ပဲပြားကျော် စ သည့် သက်သတ်လွတ်ဆွမ်းများချက်ကာ
ကပ်လှူနိုင်ခဲ့ပါသည်။
၁၃၇၅
ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်။ 8
November, 2013 (Friday)
စာရေးသူသည်
နေ့စဉ်အလုပ်သွားရာတွင်
အိမ်မှ ဘတ်စ်ကားစီးပြီး
ဂျူရောင်းအိစ်ဘူတာသို့
ဦးစွာ သွားရသည်။ အဲဒီကမှ
ရထားစီးလျက် အက်ဒ်မီရယ်လ်တီဘူတာ
(Admiralty)
ကို
သွားပါသည်။ သို့သော် ဒီကနေ့တွင်
အိမ်မှ တက္ကစီစီးပြီး
လိတ်ဆိုက်(Lakeside)
ဘူတာရုံသို့
ရောက်သွားခဲ့သည်။
လိတ်ဆိုက်ဘူတာသည်
တစ်ချိန်က မိမိ နေ့စဉ်အလုပ်သွားအလုပ်ပြန်
ရထားစီးရသောနေရာဖြစ်ခဲ့ ၏။
မိမိ စင်ကာပူနိုင်ငံကို
စရောက်စဖြစ်သော ၁၉၉၀ ခုနှစ်မေလက
ဘွန်လေး(Boon
Lay) ဘူတာ
ရုံမဖွင့်သေးသဖြင့်
လိတ်ဆိုက်ဘူတာသည်
ရထားလမ်းဆုံးဘူတာဖြစ်ခဲ့၏။
ခရီးသည်အားလုံး ဒီဘူ တာမှာ
ဆင်းကြရ၏။ ဘွန်လေးဘူတာကို
မိမိရောက်ပြီး လအနည်းငယ်ခန့်ကြာမှ
ဖွင့်လေသည်။
၂၀၀၀
ခုနှစ်တွင်
လိတ်ဆိုက်ဘူတာနှင့်မျက်နှာချင်းဆိုင်မှာရှိသော
မိမိတို့အိမ်ကိုရောင်းပြီး
ယခုနေ ထိုင်လျက်ရှိသော ၄၂
လမ်းကအိမ်ကို ၀ယ်ယူပြောင်းရွေ
့ပြီးကတည်းက ယင်းဘူတာသို့
အရောက် အပေါက် အတော်လေး
နည်းသွားခဲ့၏။ သည်နောက်ပိုင်းမှာ
လိတ်ဆိုက်ဘူတာကို တစ်ခါတစ်ခါ
ရောက်လေတိုင်း အပြောင်းအလဲများကို
တွေ့တွေ့လာခဲ့ရသည်။
စာရေးသူမှတ်မိသ၍
မိမိတို့ရောက်စက ဘူတာမှာ
မည်သည့်ဆိုင်မှ မရှိသေးပေ။
နောက်မှ လက်မှတ်
ရောင်းသည့်နေရာနှင့်မျက်နှာချင်းဆိုင်တွင်
စတိုးဆိုင်တစ်ဆိုင်ရှိလာပြီး
နောင်နှစ်များစွာကြာသည်အထိ
နောက်ထပ် ဘာဆိုင်မှမရှိခဲ့ပေ။ ယခုအခါ
ယင်းစတိုးဆိုင်မှာ
ဂါးဒီးယန်းဆေးဆိုင်ဖြစ်ကာ
ဘူတာအောက် ထပ်တစ်ထပ်လုံး
စားသောက်ဆိုင်များ၊ 7-Eleven ဆိုင်နှင့်ဆိုင်မျိုးစုံ လက်ညှိုးထိုးမလွဲ ရှိလာကြပြီဖြစ်သည်။
နောက်ပြီး ဘူတာ၏အနောက်ဖက်မှ
တာမန်ဂျူရောင်း (Taman
Jurong) ဖက်သို့
သွားသည့်ဖြတ်လမ်းသည်
မြန်မာပြည်က လယ်တောကိုဖြတ်သော
တောလမ်းသာသာလေးမျှသာ ဖြစ်ခဲ့ပါလေ၏။
(အပေါ်ပုံ) ဘူတာနောက်ပေါက်။ (အောက်ပုံ - ၀ဲမှ) ၁ ဘူတာဘေးပေါက်၊ ၂ တန်မန်ဂျူရောင်းဘက်အပိုင်း၊ ၃ ဘူတာနှင့် မျက်နှာချင်းဆိုင်မှ တိုက်များ။ (ဓာတ်ပုံ - ဖိုးတာ၊ ၉ ရက် နိုဝင်ဘာ ၂၀၁၃) |
ယခုလို
ကွန်ကရစ်လမ်းရှိဖို့နေနေသာသာ
ပလက်ဖောင်းကျောက်ပြားလေးများပင်
ချထားပေးခြင်းမရှိရာ လူ
တစ်ယောက်စာ မြေလမ်းလေးသာရှိပြီး
မိုးရွာက ဗွက်များကိုရှောင်ရှားသွားရလေသည်။
သည့်နောက်ပိုင်းမှာ ပထမဦးဆုံး
ပလက်ဖောင်းကျောက်ပြားလေးများ
တစ်ပြားစီချပေးသည်။ နောက်
၂ ပြားစာလောက် ချဲ့ ပေး ၏။ နောက်ပိုင်းတွင်
အရိပ်ရအပင်များပါ လုပ်ပေးခဲ့ပြီး တစ်လမ်းလုံးကို အမိုးပါမိုးပေးထားသေး၏။ သည်ဖြစ် စဉ်(တစ်နည်း)
အစိုးရက
လူတွေ၏လို အပ်ချက်ကို
မျက်ခြည်မပြတ်ကြည့်ပြီး
ဆောင်ရွက်ပေးနေခြင်းကို
မိ မိက မြန်မာပြည်ကမိတ်ဆွေများအား
ယ ခုလိုပြောပြခဲ့ဖူးသည်။
ကြီးပွားရေးမဂ္ဂဇင်းမှာလည်း
ထည့်ပြီးရေး ခဲ့ဖူးသည်။
“စင်ကာပူမှာက
လူသွားရင် လမ်းဖြစ်တယ်ဗျ။
မြန်မာပြည်မှာလို ဆင်သွားမှ
လမ်းဖြစ်တာမျိုး မဟုတ်ဘူး။
ဆင်ဆိုတာက တိရစ္ဆာန်ပဲ။
လူတွေသွားလို လမ်းဖြစ်တာက
ပိုကောင်းတာပေါ့
ပိုပြီးအဓိပ္ပါယ်ရှိတာပေါ့။
မ ဟုတ်ပေဘူးလားဗျာ။
စင်ကာပူနိုင်ငံသားတွေက
သူတို့အစိုးရက သူတို့အဆင်ပြေအောင်
လမ်းလေးတွေ ဖြတ်လမ်းလေးတွေကို
သေသေချာချာ လှလှပပ လုပ်ပေးထားပေမယ့်
စိတ်မရှည်တော့ လမ်းမရှိတဲ့နေရာ
တွေ အထူးသဖြင့်တော့
မြက်ခင်းတွေပေါ့ဗျာ။ အဲဒီလို
တောင်ဖြတ် မြောက်ဖြတ်လုပ်ကြရာက
ခြေရာလေး တွေလည်း ထင်လာကော
မကြာလိုက်ပါဘူး။ အစိုးရက
တစ်ခါတည်း လမ်းလေးတွေလုပ်ပေးလိုက်တော့
တာပဲဗျ။ သြော် သူတို့တစ်တွေများ
ကံကောင်းလိုက်ကြတာနော်"
၁၃၇၅
ခုနှစ်၊ တန်ဆောင်မုန်းလဆန်း
၇ ရက်။ 9
November, 2013 Saturday)
ဒီကနေ့မနက်တွင်
မိမိတို့ဇနီးမောင်နှံသည်
လမ်းထိပ်က ကော်ဖီဆိုင်တွင်
နံနက်စာ စားပြီးသော အခါ၊ ၃
မှတ်တိုင်သာဝေးသည့်
လိတ်ဆိုက်ဘူတာသို့ ဘတ်စ်ကား
စီးသွားကြပါသည်။ မနေ့က
မိမိရေးထားသည့်
ဘူတာနှင့်တာမန်ဂျူရောင်းဖြတ်လမ်းလေးကို
ဓာတ်ပုံရိုက်ရန်ဖြစ်သည်။
အထက် တစ်နေရာတွင် ဖော်ပြထား ပေးပါသည်။
မိမိတို့မိသားစုသည်
ဘူတာနှင့်မျက်နှာချင်းဆိုင်မှာရှိသော
တိုက် ၅၁၈ တွင် ၁၉၉၀ ခုနှစ်မေလမှ
၂၀၀၀ ခုနှစ် နှစ်ဆန်းအထိ
(၁၀)နှစ်ကြာနေခဲ့ပြီး
ဘူတာနှင့်မိ မိတို့တိုက်အကြားမှာ
ကွင်းပြင်သာရှိ သဖြင့်
ဘူတာကိုလည်း ကောင်း၊ Chines
Gardenနှင့်ကန်ကြီးကိုလည်းကောင်း၊
တာမန်ဂျူရောင်း အရပ်ကိုကျော်ကာ
ကျွန်းများပေါ် က
မီးခိုးတလူလူဖြင့်စက်ရုံများကိုလည်းကောင်း
မြင်ကွင်းကျယ် မျက်စိတစ်ဆုံးမြင်တွေ့ရပါသည်။
သို့သော်
၁၉၉၈ ခုနှစ်လောက်တွင် တိုက်
၅၁၇ နှင့် ၅၁၈ တို့၏အရှေ့ တွင်
HDB
တိုက်သစ်များနှင့်
Parc
Vista ကွန်ဒိုများရှိလာပြီး
စောစောက မြင်ကွင်းများကို
မတွေ့ရတော့သဖြင့် မိမိသည်
၄၂လမ်း သို့ အမြန်ဆုံး ပြောင်းလာခဲ့ပါတော့၏။
ယခုလက်ရှိအိမ်၏တစ်ဖက်တွင်
တောအုပ်ကျယ်ကြီးရှိပြီး
ဟို အဝေးဆီက Cause-way
တစ်ဖက်ကမ်းရှိ
အဆောက်အဦအမြင့်ကြီးများကိုပင် လှမ်းမြင်ရလေသည်။
လိတ်ဆိုက်ဘူတာမှာ
ဓာတ်ပုံရိုက်ပြီးနောက်
မစီးဖြစ်သည်မှာ အလွန်ကြာလှပြီဖြစ်သော
ဘတ်စ်အမှတ်၂၄၀ စီးကာ
ဂျူရောင်းပွိုင့် (Jurong
Point) ကို
သွားကြပါသည်။ သည်ဘတ်စ်ကို
တိုက် ၅၁၈ မှာနေစဉ်က မကြာ ခဏ
စီးဖြစ်၏။ ထိုစဉ်က ဘတ်စ်ကားတိုင်းတွင် လေအေးစက်တပ်ထားခြင်းမရှိပဲ ပြတင်းပေါက်မှာ ဆွဲတခါး လေးများ ပါရှိလေသည်။ လေတဟူးဟူးဖြင့် မြန်မာနေပြည်တော်ကြီးကို အလွမ်းပြေစီးလို့ အလွန်ကောင်းပါ၏။
ဘတ်စ်ကားလက်မှတ် (fare card)ကလည်း ယခုလို စက်မှာ ထိရုံလေး ကပ်ရသည့်လက်မှတ်မျိုး မဟုတ်ပဲ စက်အထဲသို့ အပေါ်ဖက်အပေါက် (ပုံ - အပြာရောင်)က ထိုးသွင်းရသော ပလတ်စတစ်လက်မှတ် ပါးပါးပျော့ ပျော့လေးဖြစ်သည်။
ဘတ်စ်ကားလက်မှတ် (fare card)ကလည်း ယခုလို စက်မှာ ထိရုံလေး ကပ်ရသည့်လက်မှတ်မျိုး မဟုတ်ပဲ စက်အထဲသို့ အပေါ်ဖက်အပေါက် (ပုံ - အပြာရောင်)က ထိုးသွင်းရသော ပလတ်စတစ်လက်မှတ် ပါးပါးပျော့ ပျော့လေးဖြစ်သည်။
(အပေါ်ပုံ - ၀ဲမှ) ၁ လက်မှတ်စက် [fare card reader]၊ ၂ လေအေးစက်မပါသော ဘတ်စ်ကား။ (အောက်ပုံ) ၅၅ ဆင့်ခရီး လက်မှတ်ဖြတ်ပိုင်းစက္ကူ (ticket) ။ |
စက်အထဲသို့
လက်မှတ်ဝင်သွားသောအခါ
လက်မှတ်စက် (fare
card reader) ပေါ်ရှိ
မိမိသွားမည့်ခရီးအ တွက်ကျသင့်သည့်နှုန်း
(ဥပမာ
-
၅၀
ဆင့်၊ ၇၅ ဆင့်၊ ၁ ဒေါ်လာ စသည်)
ပြထားသော
ခလုပ် (button) လေး ၁၀ ခု (ပုံ - ၅ ခုစီ နှစ်တန်း)မှ ရွေးပြီးနှိပ်ရ၏။ ထိုအခါ စောစောက
စက်ထဲသို့သွင်းထားသော
လက် မှတ်ကပ် ပြားလေးက အ
ပေါ်သို့ပြန်ထွက်လာပြီး
စက်၏အောက်ဖက်ကမူ ကားလက်မှတ်စက္ကူလေး (ticket)
ထွက်လာ သည်။
ပြန်ထွက်လာ သောလက်မှတ်ကို
ပိုင်ရှင်က ပြန်ပြီးယူထားရ၏။
၁၉၉၅
ခုနှစ်မတိုင်မီက
ဂျူရောင်းပွိုင့်ကုန်တိုက်ကြီး
မရှိသေးပေ။ ထို့ကြောင့်
မိမိတို့သည် ဘွန်လေးဈေးသို့
သာ သွားလေ့ရှိကြ၏။ NTUC
ဆိုင်တွင်
တစ်ပတ်စာ လူသုံးကုန်နှင့်စားသောက်ကုန်များ
ဝယ်တတ်ပါသည်။ ဘတ်စ်အမှတ်
၂၄၀ ကို စီးချင်စီး၊ မစီးချင်ပါက
မိမိတို့နေသည့် တိုက် ၅၁၈
မှ ဂျူရောင်းရဲစခန်းဘေးရှိ
လူ သွားလမ်းလေးအတိုင်း
လမ်းလျှောက်သွားလို့ ရလေသည်။
၁၀ မိနစ် ၁၅ မိနစ်ခန့်သာ
လျှောက်ရ၏။ ထိုစဉ် က သားက
လမ်းကောင်းကောင်းမလျှောက်တတ်သေးရာ
တွန်းလှည်လေးအတွင်းထည့်ပြီး
သွားကြရ၏။ တစ်ခါတစ်ခါ
မိမိတို့တိုက်၏အရှေ့ ဖက်ရှိ
မြက်ခင်းပြင်ကျယ် (ယခု
Parc
Vistaကွန်ဒိုတိုက်များနေရာ)
သို့
သားကိုခေါ်သွားလျက် ခြေထောက်များသန်
စွမ်းလာစေရန် ကစားစေပါသည်။
မျက်ခြည်မပြတ်
(အသံထွက်
-
မျက်ချေမပျတ်)
= မြင်ကွင်းမှ
မပျောက်ကွယ်ခြင်း။ အဆက်အစပ်
မပျောက်ခြင်း။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment