"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, February 7, 2014

အနိုင်မခံ အရှုံမပေး




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်။ (7 February, 2014 Friday)





'တားမနိုင် ဆီးမရသော ယုံကြည်စိတ်စွမ်းအား' စာအုပ်။



တစ်ခါတုန်းက ရန်ကုန်မြို့  မရမ်းကုန်းမြို့ နယ်အတွင်းမှာရှိတဲ့ သမိုင်းမသန်မစွမ်းလူနာများဆေးရုံမှာ ဖိုးတူး နဲ့ဖိုးကံဆိုတဲ့ ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့မွေးဖွားလာသော မသန်စွမ်းလူနာလေး ၂ ယောက်ရှိခဲ့ကြဖူးတယ်။ သူတို့ရဲ့ နာမည်နဲ့လူကို မိမိ တွဲပြီးမှတ်မိတာ မှန်တယ်ဆိုရင် ဖိုးတူးဆိုတဲ့ ကလေးက အသားညိုပြီး ဖိုးကံလေး က အသားအတော်လေးကိုဖြူပါတယ်။ ဖိုးတူးလေးက အခုတွေ့ရတဲ့ပုံထဲကအတိုင်း လက် ၂ ဖက်စလုံး လက် မောင်း အရင်းကနေ မပါလာတာမို့ တုန်းတိတိနဲ့လုံး ချောလေးဖြစ်နေရှာတယ်။ ဒါပေမယ့် သူ့ခြေထောက်တစ် ဖက်ကတော့ ၈ လက်မလောက်ရှည်ပြီး ကိုယ်လုံးအောက်ဖက်မှာ အတက်ကလေးထွက်နေသလို ရှိနေတယ်။ အဲဒီခြေထောက်လေးက သူ့ အဖို့ အတော်လေးကို အသုံးကျပါတယ်။ လက်ကလေးလို အတိုင်းအတာတစ် ခုအထိ တစ်နည်းတဖုံ သုံးနိုင်တယ်။သွားလာလှုပ်ရှားတဲ့အခါမှာလည်း အထိုက်အလျောက် ယက်လို့ရတယ်။ 


ဖိုးကံလေးခမျာမယ်တော့ သူ့နာမည်မှာ ‘ကံ’ ပါရှိနေသလို သူ့မှာက ၁၀ လက်မလောက်ရှည်လိမ့်မယ်လို့ထင် ရတဲ့ လက်အတက်လေး ၂ ဖက်ပါတယ်။ လက်တွေရဲ့ ထိပ်က တုန်းတိတိလေးဖြစ်ပြီး လက်ချောင်းလေးတွေ မပါလာဘူး။ ဒါပေမယ် အဲဒီလက် ၂ ဖက်နဲ့ညှပ်ပြီး သိပ်ပြီးမလေးတဲ့ပစ္စည်း တွေကို ယူလို့ ကိုင်လို့ရတယ်။ ခဲ တံကိုင်ပြီး စာရေးလို့ရတယ်။

အဲဒီတုန်းက ဖိုးတူးနဲ့ဖိုးကံတို့ဟာ ၉ နှစ် ၁၀နှစ်လာက်ပဲ ရှိကြဦးမှာ။ ဆေးရုံကိုလာကြတဲ့လူတွနဲ့ လူနာအဖော် တွေက သူတို့ကို ချစ်ကြတာ။ ဖိုးကံလေးက အနေအေးသလောက် ဖိုးတူးလေးက နောက်တတ် ဆော့တတ် တယ်။ တစ်ခါတစ်ခါကျ သူက ဂျစ်ကပ်ကပ်နဲ့ ဆိုးလိုက်ချင်သေးတယ်။ 

အထက်ကပြောခဲ့တွေတာကို သတိရမိသည်မှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်က နစ်ခ်ဗူးယီချစ် (Nick Vujicic)ရဲ့  စာအုပ် ၂ အုပ်ကို ပေါ် ပြူလာစာအုပ်ဆိုင်ကနေ ၀ယ်လာခဲ့အပြီးဖြစ်တယ်။ နစ်ခ်ဗူးယီချစ်သည် သူကိုယ်တိုင် က ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့မွေးဖွားလာခဲ့သူ။ သူ့စာအုပ်ရဲ့ အဖုံးတွေမှာ မြင်ကြရတဲ့အတိုင်းပဲလေ။ သူရေး တဲ့ သူ၏ဒုတိယစာအုပ်က အင်္ကျီချွတ်နဲ့သူ့ပုံသည် ဖိုးတူးနဲ့ ချွတ်စွပ်ကြီးကို တူတာ။ ကိုယ်လုံးကြီးတာနဲ့သေးတာ ပဲကွာပါတယ်။


'ကန့်သတ်ခြင်းမဲ့ လူ့ဘ၀' စာအုပ်။



ဒီစာအုပ် ၂ အုပ်ကို အစကနေအဆုံးတော့ မဖတ်ရသေးပါဘူး။ ဟိုလှန်ဒီလှန်လောက်ပဲ ဖတ်မိသေးတာပါ။ မိမိစိတ်ဝင်စားတဲ့ သိပ်ပြီးသိချင်နေတဲ့ဟာတွေလောက်ပဲ ကွက်တိကွက်ကျားဖတ်ရသေးတယ်။ ဒါ့ကြောင့် ဖတ်မိတာလေးထဲကကို ပြောချင်နေပြီ။ ကျွန်းသာယာစာဖတ်ပရိသတ်ကြီးကို မျှဝေချင်လို့ပါ။


နစ်ခ်ဗူးယီချစ်သည် မွေးကတည်းက ခြေလက်များမပါရှိခဲ့သော်လည်း ထိုမသန်စွမ်းမှုများကို ရင်ဆိုင်ကျော် လွှားနိုင်ပြီး အမှီအခိုကင်းစွာဖြင့် ခြေလက်အင်္ဂါအစုံပါရှိကြသူများနှင့်မခြား သူ့ဘ၀ကို လူတန်းစေ့နေထိုင် ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူများကော သန်စွမ်းသူများကပါ အားကျ အတုယူရသူတစ်ဦးလည်း ဖြစ်လို့နေပါသေးတယ်။ တစ်ချိန်တည်းမှာ သူ့ဘ၀ရဲ့  ပျော်ရွှင်မှုကိုလည်း ရယူနိုင်ခဲ့သူပါ။ သူဟာ နိုင်ငံတ ကာဟောပြောပွဲများကို အဖိတ်ကြားခံရပြီး ဘ၀ရဲ့  ကြီးပွားတိုးတက် ရေးနဲ့ အားကျအတုယူဖွယ်ရာစကား များကို ဟောပြောပို့ချပေးနေတဲ့ အောင်မြင်ကျော်ကြားသည့် ဟောပြောပို့ချသူတစ်ဦးလည်း ဖြစ်နေပါသေး တယ်။ 


သူ၏ဟောပြောပွဲများမှာ သူ အဓိကပြောလေ့ရှိတဲ့ မှတ်သားစရာ အဖိုးတန်စကားတစ်ရပ်ကတော့ ....

The most important goal is to find your life's purpose and to never give up, despite whatever difficulties or seemingly impossible odds stand in your way.


“ဘ၀မှာ လူတိုင်းလူတိုင်ရဲ့  အရေးကြီးဆုံးပန်းတိုင်ဆိုတာ သင့်ဘ၀ရဲ့ ရည်ရွယ်ချက်ကို သိရှိဖို့နဲ့ ဘယ်လိုအ ခက်အခဲတွေကိုပဲတွေ့တွေ့၊ အဲဒီအခက်အခဲဟာဖြင့် သင့်ဘ၀မှာ လုံးဝဖြေရှင်းလို့မရနိုင်ဘူးလို့ပဲ ထင်ရထင်ရ ဘယ်သောအခါမှ လက်မြောက်အရှုံးမပေးကြဖို့ပဲ ဖြစ်ပါတယ်။”  

ဒါဟာ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။ တစ်နည်းပြောရရင် 'အောင်စိတ်' ပဲပေါ့။



အသက် ၂၁ နှစ်အရွယ်မှာ (၂၀၀၃ ခုနှစ်) ဘွဲ့ရခဲ့သော နစ်ခ်ဗူးယီချစ်။



နစ်ခ်ဗူးယီချစ်ကို သြစတေးလျနိုင်ငံမှာ မိခင် ဒူးရှ်ကာနဲ့ ဖခင် ဘောရစ်တို့မှ မွေးဖွားခဲ့ပါတယ်။ ထိုစဉ်က ငယ်ရွယ်သူများဖြစ်ကြတဲ့ သူ၏မိခင်နဲ့ဖခင်တို့သည် သူတို့ရဲ့ မိဖများနဲ့အတူ ယခုအခါမှာ ဆားဗီးယားနိုင် ငံလို့သိကြတဲ့ ယခင် ယူဂိုစလားဗီးယားနိုင်ငံမှ သြစတေးလျနိုင်ငံကို ပြောင်းရွေ့ လာခဲ့ကြတာဖြစ်တယ်။ သူ့အဖေနဲ့အမေဟာ မဲလ်ဘုန်းမြို့ က ခရစ်ယန်ဘုရားကျောင်းမှာ တွေ့ဆုံလျက် အကြောင်းပါခဲ့ကြပြီး သူ တို့ညီအကိုမောင်နှမ ၃ ယောက်ကို မွေးဖွားခဲ့တယ်။




မိဖများနှင့်အတူ ပျော်ရွှင်စွာတွေ့ရသော နစ်ခ်ဗူးယီချစ်။


သူ့အသက် ၇ နှစ်ရောက်တော့ သူ့မိဖများက အမေရိကန်နိုင်ငံကို ပြောင်းရွေ့ နေထိုင်ဖို့ စိတ်ကူးမိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူ့အတွက် ခြေတုလက်တုကောင်းကောင်း ရနိုင်ကောင်းတာရယ်၊ သူ၏မသန် စွမ်းမှုအတွက် ခေတ်မီကောင်းမွန်တဲ့ကုသမှုတွေ ရဖို့လို့ဆိုပါတယ်။ သို့ပေမယ့် အမေရိကန်ကို ရောက်လာပြီး နောက် ၃ လအကြာမှာတော့ သူ့မှာက ကျောင်းအသစ်မှာ စာမလိုက်နိုင်တာရယ်၊ မသန်စွမ်းမှုအတွက် ကျန်း မာရေးအာမခံ မရနိုင်တာရယ်၊ အထွေထွေစရိတ်စက ကြီးမြင့်တာတွေရယ်ကြောင့် သြစတေးလျနိုင်ငံကို ပြန် ပြီးပြောင်းလာခဲ့ကြပြန်ပါတယ်။ 







ချွတ်စွပ် - တထေရာတည်းတူသည်။










No comments:

Post a Comment