"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 4, 2022

လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးနှင့်တွေ့ ဆုံခြင်း

 


စာရေးသူ၊ ဇနီးဒေါ်စိုးစိုးအေး၊ မစ္စအက်(ဂ)နပ်(စ)။

ဒီကနေ့မနက်မှာ ဂျူရောင်းအိ(စ်)အရပ်က အိုင်အဲ(မ)အဲ(မ)ကုန်တိုက်ကြီး (IMM)ကို မိမိတို့

အဖိုးကြီးအဖွားကြီးနှစ်ဦး တစ်ပတ်စာစားစရာနဲ့ချက်ဟင်းချက်စရာတွေဝယ်ဖို့သွားခဲ့ကြပါ

တယ်။

မူလကတော့ မိမိတို့နေတဲ့ ဂျူရောင်းဝက်(စ)အရပ်ထဲကဈေးမှာမနက်စာစားပြီးမှ အိုင်အဲ(မ)

အဲ(မ)ကုန်တိုက်ကြီးကို စားစရာနဲ့ချက်ဟင်းချက်စရာတွေသွားဝယ်ကြဖို့ပါပဲ။ 

နောက်တော့ စိတ်ကူးပြောင်းပြီး အိုင်အဲ(မ)အဲ(မ)မှာပဲ နံနက်စာလဲစား ဈေးလဲဝယ်ဖြစ်သွား

ကြတော့တာ။


အဲဒီမှာ နံနက်စာစားဖို့ စားပွဲမှာနေရာယူနေတုန်း အနီးအနားရှိတခြားစားပွဲက အမျိုးသမီးတစ်

ဦး မိမိတို့ထံရောက်လာခဲ့ပါတယ်။


"ဟိုင်း မစ္စတာအေး နေကောင်းလား။ အခု အလုပ်ကောလုပ်နေသေးလား"လို့ မေးပါတယ်။

မျက်နှာတစ်ဝက်က နှာခေါင်းစီးဝတ်ထားတာဖြစ်လို့ ယုတ်တရက်တော့ သူ့ကိုမမှတ်မိသလို

ပါပဲ။ 

ဒါပေမယ့် ကိုယ့်ကိုတရင်းတနှီးနဲ့တကူးတက လာပြီးနှုတ်ဆက်တာဖြစ်လို့ မိမိနဲ့ရင်းနှီးတဲ့အသိ

မိတ်ဆွေဖြစ်ရမယ်လို့တွေးပြီး မိမိကလဲ တရင်းတနှီးပဲပြန်ပြီးနှုတ်ဆက်လိုက်ပါတယ်။






သူက မိမိရဲ့ ဇနီး၏ပခုံးကို အသာအယာလေးထိပြီး "သူ့ကိုလဲတွေ့ ဖူးတယ်လေ။ ဘယ်မှာလဲ

ဆိုတာတော့မမှတ်မိတော့ဘူး" လို့ပြောရင်း အနားကထိုင်ခုံမှာထိုင်ပါတယ်။

ဒီအခါမတော့ သူ့မျက်နှာကို ၀ိုးတ၀ါးလေးမှတ်မိလိုရှိလာပါတယ်။


ယခင်က မိမိအလုပ်လုပ်ခဲ့တဲ့ MINDS ဆိုတဲ့ဥာဏ်ရည်မသန်စွမ်းဆိုင်ရာအဖွဲ့အစည်းက ဆရာ

မတစ်ဦးလို့ သိလိုက်မိတော့တာ။










ဒါနဲ့ မစ္စအက်(ဂ)နပ်(စ) မေးထားတာတွေကို မိမိ အခုလိုပြောပြရတယ်။


၂၀၁၆ ခုနှစ်နှစ်ကုန်မှာ MINDS က မိမိ အနားယူခဲ့ကြောင်း၊ အနားယူပြီးနောက် ၂ နှစ်လောက်

လုပ်မလုပ်ပဲနေနေရာက စိတ်ကျန်းမာရေးဆေးရုံ (Institute of Mental Health - IMH) မှာ

ငှားရမ်းအကြောအဆစ်ကုပညာရှင် (Locum Physiotherapist) အနေနဲ့ အလုပ်ကိုပြန်ပြီးစလုပ်

ဖြစ်ခဲ့ကြောင်း၊ အဲဒီကမှ ဆေးရုံရဲ့ လိုအပ်ချက်အရ ၀န်ထမ်းအဖြစ်ပြောင်းလဲပြီး တာဝန်ထမ်း

ဆောင်နေတာ ယခုအချိန်ထိဖြစ်ကြောင်း အစရှိသဖြင့်ဖြစ်ပါတယ်။


စကားပြောနေကြရင်း သူက သူ့ခင်ပွန်းကိုလှမ်းခေါ်ပြီး မိမိတို့ ၃ ယောက်အား အမှတ်တရဓာတ်

ပုံရိုက်ခိုင်းတာ။ နောက်ပြီး မိမိတို့ကို ခင်ပွန်းဖြစ်သူနဲ့မိတ်ဆက်ပေးပါတယ်။ 


လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဆိုတော့ ထုံးစံအတိုင်း အဖွဲ့ အစည်းအကြောင်းနဲ့ အခြားသော

လုပ်ဖော်ကိုင်ဖက်များအကြောင်းကို မေးဖြစ် ပြောဖြစ်ကြတော့တာ။ 

ဒီအထဲမှာ ယခင်က MINDS မှာရှိတဲ့အထူးပညာရေးကျောင်းများဆိုင်ရာညွှန်ကြားရေးမှူးအဖြစ်

တာဝန်ယူခဲ့တဲ့ မစ္စချားအကြောင်းကို မိမိက အခုလိုမေးပါတယ်။

အလုပ်လုပ်နေဆဲပဲလား၊ ဘာတာဝန်များယူထားတာလဲ စသဖြင့်ပေါ့။



















မေးမယ့်သာမေးလိုက်ရတာ မိမိပင်လျင် အသက် ၇၀ ကျော်နေပြီမို့ မစ္စချားတစ်ယောက် အခုနေ

ခါဆိုရင် အနားယူလောက်ပြီပေါ့။

ထင်တဲ့အတိုင်းပါပဲ။ မစ္စချားက အသက် ၈၀ ၀န်းကျင်ရှိတာဖြစ်လို့ အလုပ်ကအနားယူပြီး သူ့အမ

ဖြစ်သူ အပျိုကြီးနဲ့ အတူနေကြောင်းသိရတယ်။

မစ္စချားကိုယ်တိုင်ကလဲ အပျိုကြီးပဲလေ။





 





ဆက်ပြီးရေးပါဦးမယ်။ 



No comments:

Post a Comment