"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 26, 2022

အလည်လာတာလား လာခေါ်ကြတော့တာလား (၁)

 



'သေသောသူ ကြာရင်မေ့' ဆိုသည့်မြန်မာစကားတစ်ရပ်ရှိထားသည်။

သို့သော် သေသူများကို လုံးဝမေ့သွားခြင်းမျိုးကိုဆိုသည်ထက် မမြင်မတွေ့ရသည်မှာကြာ
သဖြင့် မေ့တတ်သော သဘောသဘာဝလောက်ကိုသာ ဆိုလိုခြင်းဖြစ်ဟန်တူပါသည်။

လုံးဝသတိမရတော့သည်အထိမေ့သွားခြင်မျိုးကို မဆိုလိုဟု မိမိထင်ပါသည်။

ကွယ်လွန်သွားခဲ့ကြပြီဖြစ်သည့် မိမိ၏ဖခင်အပါအ၀င် ရင်းနှီးသောလုပ်ဖော်ကိုင်ဖက် ၂ ဦး
အား ယခုတစ်လ နှစ်လအတွင်းမှာ ၂ ကြိမ် ၃ကြိမ်ခန့်အိပ်မက်မက်ခဲ့ပါသည်။

မိမိတို့ညီအစ်ကိုမောင်နှမများက 'အဘ'ဟုခေါ်လေ့ခေါ်ထရှိသော ဖခင်ကြီးကွယ်လွန်ခဲ့
သည်မှာ အနှစ် ၂၀ နီးပါးကြာခဲ့ပြီဖြစ်သည်။

မိမိနှင့်ရင်းနှီးသောလုပ်ဖော်ကိုင်ဖက် ၂ ဦးကွယ်လွန်ခဲ့သည်မှာကား လွန်ခဲ့သည့် ၂ နှစ်

ကျော် ၃ နှစ်ကဖြစ်သည်။

ဆရာဦးတင်မြင့်က မတ်လ ၂၀၁၉၊ ဆရာဦးဝင်းမောင် (ကောလင်း) က ၂၀၂၀ နှစ်ကုန်

ခါနီးတို့ ဖြစ်ကြသည်။

မနေ့ညက ဆေးဘက်ပညာသိပ္ပံကျောင်း အတူတက်ဖက် သူငယ်ချင်းကိုဝင်းမောင်ကို

အိပ်မက်မက်ခဲ့သည်။ သူဝတ်နေကျအင်္ကျီလက်တိုအဖြူလေးနှင့်တွေ့ရခြင်းဖြစ်သည်။

ယခင်က ရန်ကုန်မြို့  အရိုးရောဂါအထူးကုဆေးရုံမှာ အလုပ်အတူလုပ်ခဲ့စဉ်ကအတိုင်း 

ကျန်းကျန်းမာမာနှင့်ပြည့်ပြည့်ဖြိုးဖြိုးဖြစ်သည်။ 


အကြောအဆစ်ကုပညာရှင်များ (ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ)






ကိုတင်မြင့် အလုပ်ကထွက်ပြီး မြန်မာပြည်သို့အပြီးပြန်သွားပြီးနောက် ၂၀၁၁ ခုနှစ် ဧပြီ
လက စင်ကာပူသို့ခေတ္ထခဏအလည်ပြန်ရောက်စဉ် မိမိနှင့်ဇနီးက ချန်ဂီလေဆိပ်မှာ နေ့
လည်စာဖြင့်ဧည့်ခံခဲ့သည်။ (အပေါ်ပုံ)


 









မိမိမြန်မာပြည်သို့အလည်ပြန်ရောက်တိုင်း ဆရာကြီးဦးထွန်းအောင်ဇံ၊ ဆရာဦးကြီးမောင်၊ 

ဆရာဦးမင်းမောင်တို့နှင့်အတူ ဆရာဦးတင်မြင့်က ဦးဆောင်စီစဉ်တွေ့ဆုံပေးလေ့ရှိပါ

သည်။(အပေါ်ပုံ)





စင်ကာပူနိုင်ငံက ညာဏ်ရည်မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးအဖွဲ့ကြီး(Movement 

for the Intellectually Disabled of Singapore - MINDS) တွင် နှစ်များစွာအတူအလုပ်

လုပ်ခဲ့ကြသည့် ကိုတင်မြင့်ကလည်း သူမကွယ်လွန်မီခင်နှစ်များက ရန်ကုန်မြို့ မှာတွေ့ ခဲ့

ကြရသည့်အတိုင်း မိမိ၏အိပ်မက်တွေအထဲမှာ ဖော်ဖော်ရွေရွေရင်းရင်းနှီးနှီးပင်ဖြစ်သည်။  







မိမိ၏ဖခင်ဖြစ်သူနှင့်လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို ယခုကဲ့သို့ ၁ လ ၂ လအတွင်း တစ်ကြိမ်

မက ၂ ကြိမ် ၃ ကြိမ်အထိ ထင်ထင်ရှားရှားအိပ်မက်မက်ခဲ့ခြင်းသည် ဒီစာ၏ခေါင်းစဉ်မှာ

အမေးထုတ်ထားသည့်အတိုင်း စဉ်းစားစရာဖြစ်လာခဲ့သည်။


မိမိကို အမှတ်ရသဖြင့် ကိုယ်ထင်ပြကာ အလည်လာကြခြင်းပေလား။ 

သို့မဟုတ် မိမိသည် မကြာခင်မှာသေဆုံးတော့မည်ကို တမလွန်မှ တစ်နည်းနည်းဖြင့် ကြို

သိနေကြသောကြောင့် 'လာသာလာခဲ့ ဒို့တတွေရှိနေတယ်' ဟု အားပေးသည့်အနေဖြင့် 

လာခေါ်ကြခြင်းပေလားဟု တွေးမိပါသည်။


ထိုအခါ လွန်ခဲ့သည့် ၁၀ နှစ်ကျော်လောက်ကတည်းက သေခြင်းနှင့်ပတ်သက်ပြီးမိမိ

ခါအားလျော် စဉ်းစားတွေးတောမိခဲ့သည်များကို သတိရမိသည်။














ဆက်ရေးပါဦးမည်။




No comments:

Post a Comment