ထိုအခါ အထက်တနေရာတွင် မိမိဆိုခဲ့သည့်အတိုင်း ကိုတင်မြင့်က မိမိကို အမှတ်ရ
သဖြင့် ကိုယ်ထင်ပြကာ အလည်လာခြင်းပေလား။
ဟုတ်နိုင်သည်။
မိမိမြန်မာပြည်သို့ အလည်ပြန်ရောက်လေတိုင်း မိမိအားပထမဦးဆုံးလာတွေ့လေ့ရှိ
သူမှာ ဆရာဦးတင်မြင့်ပင်ဖြစ်သည်။
ရန်ကုန်မှာ ပထမညအိပ်ပြီး မနက်မိုးလင်း၍အိပ်ရာကနိုးနိုးချင်း မိမိတည်းခိုလေ့ရှိ
သည့်ဟိုတယ်၏မှန်တခါးလိုက်ကာအ၀တ်ကို ဖွင့်ကြည့်လိုက်တိုင်း လိုင်လိုင်းဟို
တယ်နှင့်မျက်နှာချင်းဆိုင်ရှိ ဗန်ဒါပင်အောက်ကအုတ်ခုံပေါ်တွင်ထိုင်စောင့်နေသည့်
ဆရာဦးတင်မြင့်အား တွေ့ရတတ်စမြဲဖြစ်သည်။ ဗန်ဒါပင်အနားကလမ်းဘေးမှာရပ်
ထားသည့် သူ၏ကားအပြာလေးကိုလည်း မြင်ရသည်။
တနည်းပြောရသော် သူသည် မိမိလာသည့်လမ်းမှာ မိမိအား စောင့်ကြိုတတ်သူ
တစ်ဦးဖြစ်သည်။
အမှန်တော့ သေခြင်းသည်လည်း မိမိသွားရမည့်လမ်းပင် မဟုတ်ပါလား။
သို့ဖြစ်ရာ ဆရာဦးတင်မြင့်သည် မိမိအားအမှတ်ရသဖြင့် အိပ်မက်ထဲ၌ခဏတဖြုတ်
အလည်လာခြင်းမဟုတ်ပါက မိမိ မကြာခင်မှာသေဆုံးတော့မည်ကို တမလွန်မှ တစ်
နည်းနည်းဖြင့် ကြိုတင်သိနေသောကြောင့်သာ 'ဆရာအေးရေ လာသာလာခဲ့ပါဗျာ။
ကျနော်နဲ့ဦးဝင်းမောင်တို့ရှိနေကြတယ်။ နောက်ပြီး ဆရာကြီးဦးထွန်းအောင်ဇံလဲရှိနေ
သဗျ။ ကျနော်တို့ ဟိုတုန်းကလို MPA အကြောင်းကိုဆက်ပြီးဆွေးနွေးကြတာပေါ့။'
ဟု အားပေးသည့်အနေဖြင့်လာခေါ်တာများလားဟု တွေးမိပါသည်။
ယခုတစ်ကြိမ်တွင်တော့ ဘုန်ကြီးလမ်းက လိုင်လိုင်းဟိုတယ်ရှေ့ မှာ မဟုတ်လေတော့။
ဦးတင်မြင့်ကွယ်လွန်စဉ်အခါတုန်းက သူ၏မိတ်ဆွေရောင်းရင်းနှင့်လုပ်ဖော်ကိုင်
ဖက်များက ဖေ့စ်ဘွတ်တွင် ၀မ်းနည်းကြောင်းနှင့်ဆုတောင်ပေးခြင်းများရေးတင်ခဲ့
ကြပါသည်။
ထိုစဉ်က မိမိရေးခဲ့သည်မှာ (မှတ်မိသမျှ) ..
"ကိုတင်မြင့်ရေ
သွားနှင့်တော့ဗျာ
ရှေ့ ဆင့်နောက်ဆင့်ပဲဖြစ်မှာပါ" လို့။
ထိုအခါ လွန်ခဲ့သည့် ၁၀ နှစ်ကျော်လောက်ကတည်းက သေခြင်းနှင့်ပတ်သက်ပြီးမိမိအ
ခါအားလျော် စဉ်းစားတွေးတောမိခဲ့သည်များကို ပြန်လည်သတိရမိသည်။
တကယ်က ယခုလည်းတွေးနေဆဲဖြစ်သည်။
သေခြင်းအကြောင်းကိုစဉ်းစားသောအခါ မသေမီကဖြစ်တည်ခြင်း သို့မဟုတ်နေခြင်းနှင့်
တဆက်တစပ်တွေးပါမှ ကြောင်းကျိုးညီညွတ်လျက် အဓိပ္ပာယ်ရှိလိမ့်မည်ဟုမိမိယုံကြည်
ထားသည်။
တကယ်ကသေခြင်းသည် နေခြင်း၏လမ်းဆုံးဖြစ်လေရာ မိမိတို့သည် သေခြင်းထက် နေ
ခြင်းအပေါ်တွင် လက်တွေ့ကျကျဖြင့်အလေးအနက်စဉ်းစားသင့်သည်ဟုထင်ပါသည်။
အဘယ်ကြောင့်ဆိုသော် သေလွန်ပြီးနောက်မိမိတို့ ဘာမျှပြုလုပ်ရန်မစွမ်းသာတော့ဘဲ
အသက်ရှင်နေခြင်းအချိန်ကာလလေးအတွင်းမှာသာ မိမိတို့ပြုလုပ်ချင်သည် ပြုလုပ်နိုင်
သည်နှင့်ပြုလုပ်သင့်သည်များကို ပြုမူနေထိုင်နိုင်သောကြောင့်ဖြစ်သည်။
နေခြင်းနှင့်သေခြင်းကိစ္စနှစ်ခုတို့ကို လူအများက ယေဘုယျအားဖြင့် အဝေးကြီးဟုထင်
ထားတတ်ကြပါသည်။
အသက်အရွယ်နှင့်နှစ်အကန့်အသတ် (အရေအတွက်)ကိုလိုက်ပြီး တစ်ခုစီခွဲခြားထား
ကာ စဉ်စားတတ်လေ့ရှိကြသည်။
အမှန်မူ နေခြင်းနှင့်သေခြင်းတည်းဟူသောကိစ္စနှစ်ခုတို့သည် အစနှင့်အဆုံးခွဲခြား၍
မသည့်တိုင်အောင် တဆက်တစပ်တည်းရှိနေကြသည်ဖြစ်၏။
ဤဖြစ်စဉ်ကို တက္ကသိုလ်ဗုဒ္ဓမီးအိမ်(ဆရာတော်) ဟောကြားတော်မူခဲ့သည့် ‘သေ
မင်းဆီသို့သွားရာလမ်း’ တရာတော်မှကောက်နှုတ်ဖော်ပြလိုပေသည်။
'သေခြင်းက လူတွေဆီလာနေတာမဟုတ်ဘူး။ လူတွေကသာ သေမင်းဆီကိုသွားနေ
ကြတာ' ဟုအစချီပြီး သွာနေရတာမှ အချိန်တိုင်းသွားနေတယ်။ ဒါကြောင့် အချိန်တိုင်း
သေမင်းနဲ့ ပိုပိုပြီးတော့နီးလာနေတယ်။
အဲဒါကို တစ်စက္ကန့်လောက်တောင် ရပ်နားထားလို့မရဘူး။
လူတွေရဲ့ အသက်ကလဲ ဒီအတိုင်းပါပဲတဲ့။ သေခြင်းဆီကိုသွားနေတဲ့ဒီခရီးကို ရပ်နား
လို့မရဘူးတဲ့။
အချိန်တိုင်းသွားနေရတယ်ဆိုတာကို မြတ်စွာဘုရားက တောင်ကျမြစ်တစ်စင်းနဲ့ဥပ
မာပေးထားပါတယ်။ တောင်ကျမြစ်ရေဆိုတာ ရိုးရိုးမြစ်တွေလို အေးအေးဆေးဆေး
စီးဆင်းနေတာမဟုတ်ပါဘူး။ အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန်ကြီင်္းစီးဆင်းနေတာပါ။
No comments:
Post a Comment