"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, February 27, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၃)

 



ဖေဖော်ဝါရီ ၂၂ ရက်နေ့ကပေးပို့သည့်အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း(WP 
- World Physiotherapy)၏အီးမေးတွင် ညီလာခံကျင်းပရန်လက်ကျန်ရက်ရေတွက်မှု(countdown)
ကိုစတင်လိုက်ပြီဖြစ်ကြောင်း အထက်ပါအတိုင်းဖော်ပြထားသည်။

အဆိုပါလက်ကျန်ရက် ၁၀၀ ကာလတွင် ဒူဘိုင်းညီလာခံတက်ရောက်လိုသူများအား သိသင့်သိထိုက် 
လုပ်သင့်လုပ်ရမည့်ကိစ္စများကို သတိပေးထားသည်။  

၁) ညီလာခံမှတ်ပုံတင် (registration) စာရင်းသွင်းပြီးပါပြီလား။ 

မှတ်ပုံတင်စာရင်းသွင်းရာတွင် မိမိသွားရောက်လေ့လာလိုသည့် ဆေးရုံ ဆေးခန်းနှင့်ကုသစောင့်ရှောက်
ရေးဌာနများ (clinical visits) အမည်နှင့် မိမိတက်ရောက်လိုသော ပညာရပ်ဆိုင်ရာသင်တန်းများ
(courses)ကို ထည့်သွင်းပြီးပါပြီလား။

၂) ခရီးသွားအစီအစဉ် (travel) လုပ်ပြီးပါပြီလား။ 
    ဥပမာ လေယာဉ်လက်မှတ်ဝယ်ယူခြင်း။

၃) နေထိုင်ရေးအတွက် (accommodation) စီစဉ်ထားပြီးပါပြီလား။ 
    ဥပမာ ဟိုတယ်အခန်းကြိုတင်ယူထားခြင်း။

၎) ဒူဘိုင်းကိုလာရောက်ရန် ပြည်ဝင်ခွင့်ဗီဇာ(visa)ကိစ္စ စုံစမ်းပြီးပါပြီလား။

၅) ညီလာခံအစီအစဉ် (congress programme) တွင်ပါရှိသည့် ပညာရပ်ဆိုင်ရာသုတေသနစာတမ်း
များကိုကြည့်ရှုလေ့လာပြီး မိမိစိတ်ကြိုက်နားထောင်လိုသည်များ(must-see sessions)ကို ရွေးချယ်ပြီး
ပါပြီလား။ 











 








အထက်ပါသတိပေးချက်များကိုဖတ်ရသောအခါ ညီလာခံတက်ရောက်ရန် ယခင်က မိမိကြိုတင်လုပ်

ကိုင်ခဲ့ရသည်များကို အမှတ်ရမိပါသည်။ 

ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသားတဦးအနေဖြင့် အဓိကကြုံတွေ့ခဲ့ရသည်များတွင် ပြည်ဝင်

ခွင့်ဗီဇာရရှိရေးသည် ကြီးမားသောအခက်အခဲဖြစ်ခဲ့ပါသည်။ 

အထူးသဖြင့် ခရီးစဉ်တစ်ခုထဲမှာ တစ်နိုင်ငံမကသွားရောက်ရန်လိုအပ်သောအခါ ပြည်ဝင်ခွင့်ဗီဇာရရှိ

ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ၏သံရုံးများတွင် နိုင်ငံကူးလက်မှတ်ကို တစ်ချိန်တည်းတပြိုင်တည်း

ပေးထားရန် အခက်အခဲတွေ့ခဲ့ဖူးသည်။

ဥပမာ ၁၉၉၆ ခုနှစ်က ဖင်လန်နိုင်ငံတွင်ကျင်းပခဲ့သည့် ဥာဏ်ရည်မသန်စွမ်းမှုဆိုင်ရာကမ ၻာ့ညီၤလာခံ

(International Association for the Scientific Study of Intellectual Disabilities - IASSID)ကို 

မိမိသွားရောက်စဉ်က ညီလာခံအစီအစဉ်ဖြင့် ရုရှားနိုင်ငံက စိန့်ပီတာစဘတ်(St. Petersburg)မြို့ သို့အ

လည်အပတ်သွားရန်ရှိပြီး ညီလာခံအပြီးမှာလည်း နယ်သာလန်နိုင်ငံ အမ်စတာဒန်(Amsterdam)မြို့ ကို 

ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရန်ရှိသဖြင့် အလုပ်ခရီးတစ်ခုတွင် ၃ နိုင်ငံ၏ပြည်ဝင်ခွင့်ဗီဇာဗီဇာများလိုခဲ့

ရသည်။  





















ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment