"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 21, 2023

တရုတ်က လူပါးကိုဝတယ် (၂)


      




 



ဂျပန်နိုင်ငံ ဟီးရိုးရှီးမားမြို့ မှာကျင်းပနေတဲ့ ဂျီ-ဆဲဗဲန်း (G-7)လို့ခေါ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ 
အီတလီ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒန်း (UK)နှင့်အမေရိကန် အစရှိသော စီးပွားရေးအဖွံ့ဖြိုးဆုံးနဲ့
လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ ၇ နိုင်ငံတို့က တရုတ်နိုင်ငံဟာ ကုန်သွယ်ရေး (Trade) ကို နိုင်ငံရေး
လက်နက်(political tool)သဖွယ် အသုံးပြုနေတာကို စီးပွားရေးကလိန်ကကျစ်ကျတာ လူလယ်
ကျ လူပါးဝတာ (economic bullying) လို့ပြောလိုက်ပါတယ်။

အဲဒီလိုပြောကြားလိုက်တဲ့အပြင် ဒီလိုစီးပွားရေးကလိန်ကကျစ်ကျတာကြောင့်ဖြစ်လာမယ့်နောက်
ဆက်တွဲပြသနာတွေကို တရုတ်ကိုယ်တိုင်ကပဲ တာဝန်ယူရင်ဆိုင်ရလိမ့်မယ်လို့လဲ ပြင်းပြင်းထန်
ထန်အချက်ပြလိုက်ပါသေးတယ်။

No comments:

Post a Comment