"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, May 3, 2023

ခါးကို ဆန့်ဆန့်ထားဆိုတာ

 



ခါးနာတာနဲ့ပတ်သက်ပြီး မိမိတို့အကြောအဆစ်ကုပညာရှင်(Physiotherapist) တွေအနေနဲ့ လူနာ

များကို ပြောလေ့ပြောထရှိတာ မှာလေ့မှာထရှိကြတာကတော့ ထိုင်နေတဲ့အခါပဲဖြစ်ဖြစ် ရပ်နေတဲ့

အခါပဲဖြစ်ဖြစ် 'ခါးကိုဆန့်ဆန့်လေးထားပါ' ဆိုတာဖြစ်ပါတယ်။

အဲဒါနဲ့တဆက်ထဲ ဆက်ပြီးမှာတတ်တာကတော့ ကြမ်းပြင်ပေါ်ကပစ္စည်းတခုခုကို ကုန်းကောက်

တဲ့အခါနဲ့ အလေးအပင်မ,တဲ့အခါတွေမှာလဲ 'ခါးကို ဆန့်ဆန့်လေးထားပြီးမှ လုပ်ပါ' လို့ သတိပေး

တတ်ကြသေးတာ။ 


လူနာပိုပြီးသဘောပေါက်ရအောင် ပါးစပ်ကမှာတာ သတိပေးတာတွေအပြင် ပညာရှင်ဆရာ ဆရာ

မတွေက ထိုင်နေရာကထပြီး ဟောဒီလို ဟောဒီလိုဆိုပြီးလဲ ကိုယ်တိုင်လက်တွေ့လုပ်ပြကြတတ်ပါ

သေးတယ်။













မတ်တတ်ရပ်နေရာကနေ ခါးကလေးကို အသေဆန့်ဆန့်ထားလိုက်ပြီး ဒူးနှစ်ဘက်ကို ပေါင်ကြွက်

သားများရဲ့ ထိန်းအားနဲ့ တဖြည်းဖြည်းခြင်းကွေးချရမယ်။ 

ကောက်ယူမယ့်ပစ္စည်း ဒါမှမဟုတ် အလေးအပင်ပစ္စည်းက ခြေထောက်နှစ်ဖက်ကြားမှာရှိရမယ်။

ပြီးတော့မှ ပေါ့ပါးတဲ့အရာဆိုရင် လက်တစ်ဖက် သို့မဟုတ် လက်နှစ်ဖက်နဲ့ကောက်ယူရပါမယ်။

လေးလံတဲ့အရာဆိုရင်တော့ ခါးရဲ့ အားကိုမသုံးဘဲ လက်တစ်ဖက် (သို့မဟုတ်) လက်နှစ်ဖက်ရဲ့ 

အားနဲ့မ,ယူပြီး ပေါင်ကြွက်သားများရဲ့ ထိန်းအားနဲ့ တဖြည်းဖြည်းခြင်းမတ်တတ်ရပ်ရပါမယ်။ 

အဲဒီလိုမတ်တတ်ရပ်နေချိန်မှာလဲ ခါးကို တချိန်လုံးအသေဆန့်ထားရမှာဖြစ်တယ်။ 

တနည်းပြောရရင် ဒူးအကွေးအဆန့်လုပ်ပြီး ပေါင်ကြွက်သားအားနဲ့ ပစ္စည်းကုန်းကောက်တာ။

လေးအပင်မ,တာ။ ဒါပါပဲ။

ခါးကုန်း-ခါးဆန့်လုပ်ပြီး ပစ္စည်းကိုကောက်ယူတာမျိုး၊ မ,ပြီးယူတာမျိုး လုံးဝလုပ်ရဘူးဆိုတာကို 

သိစေချင်တာကအဓိကပါ။













အခုတော့ ဒီလောက်ပါပဲ။
နောက်မှဆက်ပြီးဆွေးနွေးပါအုံးမယ်။




No comments:

Post a Comment