"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 23, 2023

ကျနော်နှင့်တရုတ်-ဗမာအရေးအခင်း (၁၉၆၇) - ၁

 


၁၉၆၇ ခုနှစ် တရုတ် ဗမာ အရေးအခင်းအတွင်း
တရုတ်သံရုံးအရှေ့  ဆန္ဒပြပွဲလုပ်နေစဉ်က
ပြည်လမ်းပေါ်မှာ ဆန္ဒပြနေသူတဦး (မူလသတင်းစာပါ အရေးအသားအတိုင်း ကူးယူဖော်ပြသည်) 





   



၁၉၆၇ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့သည့် တရုတ်-ဗမာ အရေးအခင်းကြီးကာလတွင် မိမိသည် ရန်ကုန်မြို့ 

တွင် ရှိနေခဲ့ပါသည်။

ထိုစဉ်က တက္ကသိုလ်များ၊ အတတ်သင်သိပ္ပံများ၊ အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်းများနှင့် 

အထက်တန်းကျောင်းများအားလုံးကို အရေးအခင်းကြောင့် ယာယီပိတ်ထားခဲ့သည်။


ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ဆေးဘက်ပညာရပ်ကို ပထမနှစ်မှာသင်ကြားနေသည့် မိမိသည် 

ကျောင်းပိတ်ထားသဖြင့် ဖခင်၏မိတ်ဆွေ ရဲမှူးဦးထွန်းရွှေက နေရာပေးထားသောကြောင့် ကုက္ကိုင်းရဲ

စခန်းအတွင်းရှိ အခန်းလွတ်တခန်းတွင် နေနေပါသည်။


နေ့စဉ်နေ့တိုင်း သတင်းစာနှင့်ရေဒီယိုများမှကြားနေရသည့် တရုတ်သံရုံးဝန်ထမ်းများနှင့်မြန်မာတရုတ်

ကျောင်းသားများ၏စော်ကားမော်ကားပြုမူပြောဆိုနေမှုများကို ကြားသိနေရသဖြင့် မိမိသည်လည်း ဒီ

တရုတ်-ဗမာအရေးအခင်းတွင် ကိုယ်တိုင်ကိုယ်ကျ တစ်ကိုယ်တော်ပါဝင်ခဲ့ကာ အခြားသောဆန္ဒပြသူ

များနှင့်အတူ တရုတ်ဆိုင် ၂ ဆိုင်ကို လက်တုန့်ပြန်ဖျက်ဆီးခဲ့ပါသည်။





















မိမိ ပထမဆုံးလက်တုန့်ပြန်ဖျက်ဆီးခဲ့သည့် တရုတ်ဆိုင်ကတော့ ကုက္ကိုင်းလမ်းဆုံနားက ကမ္ဘောဇ
စားတော်ဆက်ဖြစ်တယ်။ 

ဒီဆိုင်က မိမိခေတ္ထနေထိုင်လျက်ရှိတဲ့ ကုက္ကိုင်းရဲစခန်းနဲ့ ဘေးချင်းကပ်ဖြစ်ပြီး တက္ကသိုလ်ရိပ်သာ
လမ်းနှင့်အင်းယားကန်ဖက်ကိုမျက်နှာမူထားတာ။  

အဲဒီနေ့က ကန်ဘဲ့ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ကုက္ကိုင်းလမ်းဆုံကိုချီတက်လာကြ
တဲ့ဆန္ဒပြလူအုပ်ကြီးအထဲ မိမိတစ်ယောက် ၀င်ပေါင်းခဲ့ပါတယ်။

ဆန္ဒပြကြွေးကြော်ပြီး တုတ် ဓါးများနဲ့မြန်မာအလံတွေကို ကိုင်ဆောင်လာတဲ့လူအုပ်ကြီးက ကုက္ကိုင်း
လမ်းဆုံကိုရောက်တဲ့အခါမှာ တက္ကသိုလ်ရိပ်သာလမ်းရှိရာညာဖက်ကိုချိုးဝင်ပြီး လမ်းရဲ့ ဘယ်ဖက်မှာ
ရှိသည့် ကမ္ဘောဇစားတော်ဆက်ဝင်းထဲကို ၀င်လိုက်ကြတာဖြစ်တယ်။

ဒီစာတော်ဆက်က တစ်ထပ်ဗိုလ်တဲအိမ်နဲ့ပုံစံတူပြီး ခြံဝင်းအကျယ်ကြီးရဲ့ အလယ်မှာရှိတဲ့ ကုန်းဂမူ
မြင့်မြင့်လေးပေါ်မှာ ဆောက်ထားတာပါ။ 

ဆိုင်ရဲ့ အရှေ့ ဖက်မှာတော့ လာစားကြသူတွေရဲ့ ကားတွေရပ်ထားဖို့ မြေကွက်လပ်အတော်ကျယ်
ကျယ်လေးရှိတာ သတိပြုမိပါတယ်။ 

အထူးသဖြင့် ညနေပိုင်းနဲ့ညပိုင်းတွေမှာ စားသောက်ကြသူတွေနဲ့ စည်ကားလေ့ရှိပါတယ်။ 

 တကယ်က ဒီလူအုပ်ကြီးထဲမှာ မိမိသိတဲ့သူရယ်လို့ တယောက်မှမပါပါဘူး။

ဆိုင်ထဲကိုရောက်တာနဲ့ မှန်ဘီရိုတွေ အရက်ပုလင်းတွေ ပန်းကန်ခွက်ယောက်နဲ့စားပွဲ ကုလားထိုင် 

အစရှိတာတွေကို မိမိတို့အားလုံး ထုနှက်ရိုက်ချိုးပြီး ဖျက်ဆီးကြပါတော့တယ်။

မိမိဖျက်ဆီးခဲ့တာတွေထဲက မှတ်မှတ်ရရအရှိဆုံးကတော့ အာဂျီနိုမိုတိုအချိုမှုန့်ထုပ်ကြီးတွေကို ဆွဲ

ဖြဲပြီး ဆိုင်ရဲ့ အရှေ့ ဖက်မှာရှိတဲ့မြေကွက်လပ်ဆီကို ပစ်ထုတ်ခဲ့တာပဲဖြစ်တယ်။

















အဲဒီတစ်နေ့ထဲမှာပဲ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့လူမျိုးကို လူပါးဝစော်ကားနေတဲ့တရုတ်နီ

အစိုးရရယ် တရုတ်သံတမန်တွေရယ်နဲ့ မြန်မာပြည်တွင်းက တရုတ်ကွန်မြူနစ်ပါတီလိုလားကြသူ

တရုတ်နွယ်ဖွားတွေရယ်ကို လက်တုန့်ပြန်တဲ့အနေနဲ့ မိမိဒုတိယဖျက်ဆီးခဲ့တဲ့တရုတ်ဆိုင်ကတော့

လှည်းတန်း(ကမာရွတ်အ၀ိုင်းဖက်ခြမ်း)က လက်ဘက်ရည်ဆိုင်(အောက်ပုံ)ဖြစ်ပါတယ်။


















ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment