"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 22, 2012

စင်ကာပူမှ မြန်မာကျောင်းတော်ကြီးသင်္ကြန် (၂)


စတုဒိသာကျွေးမွေးဧည့်ခံသူများကလည်း ကျောင်းတော်ကြီးလာပရိသတ်များဆီသို့ ကိုယ်တိုင်ကိုယ်ကျ ...။

တိုပါးယိုးကျောင်တော်ကြီးသင်္ကြန် သမီး၏မော်လမြိုင်မီးဖိုချောင်(Moulmein Kitchen) မှာ ၀ိုင်းကူ လုပ်ပေးရင်း ဓါတ်ပုံနှင့်ဗွီဒီယိုများလိုက်ရိုက်ရင်းဖြင့် မိမိသည် ဇနီးနှင့်သမီးတို့၏လက်ရာရွှေရင်အေး
အား တစ်စက်ကလေးမျှပင် မမြည်းစမ်းလိုက်ရသော်လည်း စတုဒီသာဆိုင်အချို့ မှအစားအစာ ၂ မျိုးကို မူ အားပေးလိုက်ဖြစ်ပါ၏။ တစ်ခုက ကြာဇံကြော်ဖြစ်ပြီး နောက်တစ်ခုက အအေးစုံဖြစ်သည်။



ကိုဇေယျာထက်၊ ကိုသန်းပိုဦးတို့နှင့်အတူ ကြာဇံကြော်စားရင်း အမှတ်တရ..။

ပျော်ပျော်ပါးပါး

ရက္ခိုင်အသင်း(စင်ကာပူ)မှ လူငယ်လေးများကလည်း တက်တက်ကြွကြွပျော်ပျော်ရွင်ရွင်နဲ့ ပါဝင်ဆင်နွှဲကြလို့ ....။













စားချင်ပါလျက်နှင့် မစားဖြစ်လိုက်သည့်အစားအစာများတွင် ရခိုင်မုန့်တီလည်းပါ၏။


ရေတွေစိုကုန်ပြီ။


ကိုယ်တိုင်လည်းပျော်ကြလျက် အများကိုလည်း အပျော်ဓါတ်ကူးစေတဲ့လူငယ်တစ်စု၏ ကခုန်မြူးတူးကြဟန်။















ရွှေရင်အေးဖြင့်ကျွေးမွေးဧည့်ခံရင်း ဖြေဖျော်မှုလည်းပေးနေတဲ့ ကိုလှိုင်မျိုးမင်း။


စာရေးသူ၏မိတ်ဆွေ ဦးလွင်သိန်း(နေလစာပေ)ရဲ့ သား ကိုပိုင်စိုး မော်လမြိုင်မီးဖိုချောင်ကို လာအားပေးသွားတယ်။

ရွှေရင်အေးခွက် ၆၅၀ ကုန်သွားသဖြင့် ကိုယ့်ခွက်နှင့်ကိုယ် လာယူသူလာ၊ ပုဂံပြားတို့ ရေခဲမုန့်ဗူးခွံတို့ဖြင့် ထည့်စားသူစားကြသည်။ တစ်ခါ သာဂူနှင့်ကောက်ညှင်းကုန်တော့ ကျောက်ကျောတွေကျန်နေသေး သဖြင့် တစ်ရှုးနှင့် ထုတ်ပေးရပြန်သည်။ တစ်ဖန်ကျောက်ကျောပါ ကုန်ပြန်လေသောအခါ ဘေးချင်းကပ် ဆိုင်မှ ရေခဲမုန့်ကို ဇွန်းနှင့်ခြစ်ပြီး ၀ိုင်းကူကျွေးမွေးပေးရ၏။ လက်မလည်အောင် ကျွေးမွေးလှူဒါန်းကြရ သဖြင့် အားပေးသူများကော စတုဒိသာအလှူရှင်များပါ ၀မ်းမြောက်ဝမ်းသာဖြစ်ကြရသည်။

အားလုံး၏ကိုယ်စား သာဓုခေါ်မိပါ၏။


နားနားနေနေ





ဆိုင်ခင်းကျင်းပြင်ဆင်ပြီးတော့ ခဏတစ်ဖြုတ်နားရင်း စကားစမြည်ပြောနေကြသူများ။


ပင်ပန်းရောထင့် ... ခြေပစ်လက်ပစ်နားကုန်ကြပြီ။

ဘာလက်စတီယားလမ်းနဲ့ အာဟွတ်လမ်းကြားက ပန်းခြံလေးအတွင်းမှာ ...။



















လာမည့်နှစ်ကျောင်းတော်ကြီးသင်္ကြန်မှာ ဆန္ဒနှစ်ခုပြုမိသည်မှာ

(က) ၁၉၉၁-၂ ခုနှစ်များကလို သင်္ကြန်ယိမ်းပါဝင်စေရန်
(ခ) သံချပ်အသင်းများ ထွက်ပေါ်လာစေရန်တို့ ဖြစ်သည်။





ဓါတ်ပုံ - Moulmein Kitchen ဘလော့မှ ကူးယူဖော်ပြထားတာပါ။




2 comments:

  1. Saya Aye:

    မြင်ရတာနဲ့ အရမ်းပျော်ရွှင်ကြည်နူးဖို့ ကောင်းတယ်။
    ဓတ်ပုံတွေ တော်တော် ကောင်းတယ်။
    စာအရေးကတော့ ဆိုဖွယ်ရာ မရှိပြီ။
    အသစ်တွေ ဖတ်ဖို့ မျှော်လင့်စောင့်စားလျက်။

    လူမျိုးနော် :-))))))

    ReplyDelete
  2. ဆရာလူမျိုးနော်
    ကျွန်းသာယာကို အခုလိုဂရုတစိုက်ဖတ်ပြီး ခံစားမိတဲ့ထင်မြင်ချက်လေးတွေကို မကြာခဏဆိုသလို ရေးပို့ပေးနေတာ ကျေးဇူးအထူးတင်ရတယ်ဗျာ။ ကျနော့်အတွက်သာမဟုတ်ပဲ ကျန်တဲ့စာ ဖတ်သူတွေအတွက်ပါ အကျိုးရှိနေတာမို့ပါ။ စာရေးတဲ့သူတွေအချင်းချင်းဖြစ်လို့ ရေးသူရဲ့ ရှုထောင့်ကော ဖတ်သူရဲ့ ရှုထောင့်ကပါ သိခွင့်ရတာပေါ့။ ပျော်ရွှင်ကြည်နူးမှုလေးတွေကို ရရှိခံစားရတယ်ဆိုလို့လည်း ၀မ်းသာ ပါတယ်။ ကျွန်းသာယာပရိသတ်ရဲ့ မျှော်လင့်စောင့်စားမှုအတွက် လေးစားစွာကြိုးစား အားထုတ်သွားပါ့မယ်။

    ReplyDelete