"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, April 4, 2013

မြန်မာပြည်မှ သတင်းများ (ဧပြီလ)


၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ရက်    (4 April 2013)


ဒေါက်တာသန်းထွန်း (၉၀)နှစ်ပြည့် စာတမ်းဖတ်ပွဲ ကျင်းပမည်



ဆရာကြီး ဒေါက်တာသန်းထွန်း (၁၉၂၃ - ၂၀၀၅)။ ဓါတ်ပုံ - အင်တာနက်။


နိုင်ငံကျော် သမိုင်းသုတေသီပညာရှင်ကြီး ပါမောက္ခ ဒေါက်တာသန်းထွန်း နှစ် (၉၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စာတမ်းဖတ်ပွဲနှင့်ပြပွဲများ ကျင်းပမည်ဖြစ်ရာ ဒေါက်တာခင်လှဟန်၊ ဒေါက် တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာတိုးလှစသည့် သမိုင်းပညာရှင်သုတေသီများက ဧပြီလ ၆ ရက်နေ့တွင် စာတမ်းများဖတ်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။ 



ပြန်လည် သစ်လွင်လှပလာသည့် မဟာဗန္ဓုလပန်းခြံ  


ကြေးမုံသတင်း - ဇော်ဇော်။


ယခုနှစ် နှစ်သစ်ကူးသင်္ကြန်အမီ ပြင်ဆင်နေသည့် မဟာဗန္ဓုလပန်းခြံကို ရေပန်းလေးများနှင့် မီး ရောင်စုံများ ဖြင့် အမြင်ထူး အသွင်ထူးစွာ လှလှပပတွေ့ရသည်။ 



ချောင်းသာကမ်းခြေမှာ အပူရှောင် အနားယူကြ   


ချောင်းသာကမ်းခြေ - ဓါတ်ပုံ ကြေးမုံ။


နွေရာသီမှာ အပူချိန်မြင့်တက်လာပြီဖြစ်သဖြင့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေများတွင် မတ် လ ၂၆ ရက်နှင့်၂၇ ရက်နေ့ အလုပ်ပိတ်ရက်များက အပန်းဖြေအနားယူကြသူများနှင့် ကြိတ်ကြိတ် တိုး စည်ကားလျက်ရှိကြောင်း သိရှိရသည်။










No comments:

Post a Comment