၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်။
‘ဆိုရေးရှိက၊ ဆိုအပ်လှ၏’ဆိုသည့် မြန်မာအဆုံးအမ စကားတစ်ရပ်ရှိပါသည်။
ယင်းဆုံးမစကားကို အများနားလည်အောင်ပြောရသော်
‘ပြောစရာအကြောင်းရှိက ပြောဖြစ်အောင်ကို ပြော သင့်သည်’ ဟူ၍ ဖြစ်ပါလေ၏။
အဘယ်ကြောင့်ဆိုသော် ပြောသင့်ပြောထိုက်သည်များကို သိသူများက မ ပြောပါလျင် မသိကြသူအများစုအဖို့
အမှားများကို အမှန်ဟုထင်နေတတ်သည်။ အမှန်ကို သိခွင့်မရပဲ ရှိနိုင် သည်။
ပြောသည်ဟုဆိုရာတွင် စကားဖြင့်
ပြောနိုင်သည်။ စာဖြင့်လည်း ရေးသားဖော်ပြနိုင်သည်။
အမှန်က မိမိတို့တွင် ပြောချင်သည့်စကားများ
အနည်းနှင့်အများ ရှိနေတတ်ကြပါသည်။ သို့တစေ အ ကြောင်းကြောင်းကိုတွေးဆလျက် လုံးဝမပြောဖြစ်သည်များရှိခဲ့သလို
နည်းနည်းပါးပါးလောက်သာ ပြော ဖြစ်ခဲ့ခြင်းများလည်း ရှိခဲ့ဖူးကြသည်။
သို့မို့ကြောင့် မိမိသည်
မိမိ၏ရင်ထဲမှ ပြောချင်ရာရာများကို ဤနေရာမှတဆင့် ရိုးသားပွင့်လင်းစွာ တင်ပြ ဆွေးနွေးသွားပါမည်။
ကျောနံပတ်
ယခင်က ဒီအသုံးအနှုံး
ရှိမရှိ သေသေချာချာကြီးတော့ မမှတ်မိတော့ဘူး။ သိရသလောက်တော့ ဟိုတုန်းက ဘောလုံးသမားများရဲ
့အမည်နဲ့ သူတို့ဝတ်တဲ့အားကစားအင်္ကျီဂျာစီကို မြန်မာတွေက “နံပါတ်”လို့ပဲ ပြောလေ့ ရှိကြတာရယ်ပါ။
“ကျောနံပါတ်”ရယ်လို့
“ကျော”ကြီးထည့်ပြီး မပြောကြပါဘူး။
အပေါ်က ဓာတ်ပုံရဲ့ ပုံစာကို ဖတ်ကြည့်ကြပါ။ 'နံပါတ် ၇ ခရစ္စတီယာနို ရိုနားဒိုး' လို့ ရေးထားတာပါ။ အင်္ဂလိပ်လိုမှာလည်း 'ကျော'ဆို တဲ့စာလုံး မပါပါဘူး။
အပေါ်က ဓာတ်ပုံရဲ့ ပုံစာကို ဖတ်ကြည့်ကြပါ။ 'နံပါတ် ၇ ခရစ္စတီယာနို ရိုနားဒိုး' လို့ ရေးထားတာပါ။ အင်္ဂလိပ်လိုမှာလည်း 'ကျော'ဆို တဲ့စာလုံး မပါပါဘူး။
အခုတော့ဗျာ .. “ကျောနံပါတ်” တဲ့။
ဖတ်လို့လည်း မကောင်းဘူး။
မြင်လို့လည်း ကြည့်မရဘူး။ မှားတယ် မှန်တယ် ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာစကား
မဟုတ်သလိုပဲ။ ထောင့်ထောင့်ကြီး ဘာသာပြန်ထားသလို ခံစားမိတယ်။ မြန်မာပြည်မှာ ရုပ်မြင်သံကြားစက်တွေ
မရှိခင်တုန်းက ဘောလုံးပြိုင်ပွဲတွေကို မြန်မာ့အသံ ရေဒီယိုကနေ တိုက်ရိုက်ကြေညာပေးတာ။
ကြေညာပေးတဲ့သူတွေက ပြောတာကောင်းလွန်းလို့ ဒီကနေ့အထိ နားထဲမှာ မနေ့တနေ့က ကြားရသလိုပဲ
‘စွဲ’နေရတုန်းပါ။
ဥပမာ၊
“ဧရာဝတီတိုင်းက ဘယ်တောင်ပံ
.. နံပတ် ၅ .. တင်ထွန်း ၊ ကွင်းလယ်က နံပတ် ၇.. စိုးသိမ်း..ဖြတ်ပို့ပေး လိုက်တဲ့ဘောလုံးကို
ညာခြေနဲ့ အသာလေးဖမ်းထိန်းပြီး ဂိုးဆီကို သုတ်ခြေတင် သယ် သွားတယ်ခင်ဗျ .. ”
No comments:
Post a Comment