၁၃၇၅
ခုနှစ်၊ သတင်းကျွတ်လဆန်း
၁၁ ရက်။
မိမိသည်
စိတ်ကူးထဲတွင် အဆက်မပြတ်
တဖြတ်ဖြတ်ပေါ်လာနေသည့်
ခေါင်းစဉ်အသစ်များနှင့်အကြောင်းအ ရာအသစ်များကို
ခေတ္တခဏလေးမျှပင် အောင့်အီးရွေ
့ဆိုင်းထားခြင်းမပြုနိုင်ဘဲ
မိမိ၏ဦးခေါင်းထဲတွင်
လော လောလတ်လတ်ရှိနေဆဲ
မိမိ၏နှလုံးသားထဲမှာ
လှုံ့ဆော်ရိုက်ခတ်နေဆဲမှာ
မိမိ၏ရေးလက်ကို
အနှောင်အဖွဲ့ ကင်းစွာလွှတ်ပေးရင်း
ကျွန်းသာယာ၌
တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ရေးနေမိသည်။
ဒီအခါတွင်
ဆက်၍မရေးဖြစ်သော
'ဆက်ပြီးရေးပါဦးမည်'ဟူသည့် စာအကြွေးများ
ဟိုအပုဒ် ဒီအပုဒ်များမှာ
အားတုံ့အားနာစွာ တင်ကျန်နေခဲ့ပါတော့သည်။
အားလုံးကို လေးစားစွာ
တောင်းပန်ပါသည်။ ယခုလည်း
ရေးလက်တန့်နေသည့် 'ကျောက်စိမ်းရတုသို့
တိုင်လေပြီ'
ကို
နံပတ် ၂ တပ်ကာ ဆက်ပြီး ရေးဖြစ်ပါသည်။
ယခင်အမှတ် (၁)နှင့် ယခုအမှတ် (၂) တို့အား ဆက်စပ်မှုရှိစေရန် ယခင်အပုဒ်၏ အဆုံးပိုဒ်ကို အောက်တွင် စာလုံးသေးသေးဖြင့် ပြန်ထည့်ပေးထားပါသည်။
*********
ငုတို့၏အိမ်မှာ
ပျဉ်ထောင်နှစ်ထပ်အိမ်ဖြစ်သည်။
ဆရာမကြီး၏အိမ်အောက်ထပ်မှ
ငုတို့ အိမ်ကို ကောင်းစွာ
မြင်နေရ သည်။
ဆရာမကြီး ဧည့်ခံသည့်မုန့်နှင့်လက်ဘက်ရည်တို့ကို
စားသောက်ရင်း ငုကိုမြင်ရလိုမြင်ရငြား
ကြည့်မိသည်။ မိမိ တို့လာသည်ကိုတော့
သိတန် မြင်တန်ကောင်း၏ဟု
ထင်ပါသည်။ ငု၏အိမ်ရှေ့ နားမှဖြတ်
သွားစဉ် ငု၏အဒေါ်ငယ်က မိမိတို့အား
တွေ့လိုက်ပါသည်။
သို့သော်
မကြာလှပါ။ ငုတို့အိမ်အပေါ်ထပ်မှ
တံခါးချပ်လေးပွင့်လာပြီး
ငုကို ဖြတ်ကနဲတစ်ချက်
မြင်လိုက်ရ၏။ မိမိတို့ လာသည်ကို
သေချာအောင်ကြည့်ခြင်းပေလားဟု
တွေးမိသည်။ နောက်တော့ ငုပြောပြ၍
သိရသည်မှာ ဇာတ်လမ်းတို လေးတစ်ပုဒ်ပါပေ။
ဒီလိုပါ။
မိမိတို့နှစ်ဦး
စက်ဘီးဖြင့်လာကြသည်ကို
ဆရာမကြီး၏အိမ်နှင့်မျက်နှာချင်းဆိုင်မှာရှိသော
ကုန်စုံဆိုင်ထဲမှ ငု
၏သူငယ်ချင်းဖြစ်သူ မအုန်းသန်းက
မြင်လိုက်လေသည်။ အိမ်ဟုဆိုရသော်လည်း
အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်တွင်
ကုန်ခြောက်များရောင်းပါသည်။
သို့နှင့် အိမ်ရှေ
့မှာလူကြီးများရှိနေသဖြင့်
ငုအားသတင်း ပေးရန်မဖြစ်သဖြင့်
အိမ်အနောက်ဖက်သို့အပြေးလေးသွားပြီး
အိမ်အနောက်ဖက်ဝင်းထရံဆီမှ
ငုအား တိတ် တိတ်လေးလှမ်းခေါ်ပြီး
"ဟိုနေ့က
ကန်ကြီးဘုရားမှာတွေ့တဲ့
မော်လမြိုင်က အကိုကြီးနှစ်ယေက်
ဆရာမကြီးရဲ့ အိမ်မှာ ရောက်နေတယ်"
ပာု
သတင်းပေးပါသည်တဲ့။
ဒါကြောင့်
ငုက အိမ်အပေါ်ထပ်မှ မိမိတို့ရှိရာကို
လူကြီးများမသိအောင်
ခိုးကြည့်ခဲ့ရသည်။
ထိုနေ့က
မိမိသည် ငုကို အဝေးမှဖြတ်ကနဲ
တခဏလေးမြင်ခဲ့ရသည်မို့
မုဒုံမှ မော်လမြိုင် ၁၈ မိုင်
အပြန်ခရီး အား မိတ်ဆွေကိုဖေသက်နှင့်အတူ
သွက်သွက်လက်လက်နင်းပြီး
စိတ်လက်ရွှင်လန်းစွာဖြင့်
ပြန်လာခဲ့ပါ သည်။
ဤသို့ဖြင့် မိမိသည် ငုရှိရာ မုဒုံသို့ ပထမဆုံး စက်ဘီးနှင့်သွားသည့်ခရီးစဉ်အပြီးမှာ နောက်ထပ် ၃ ခေါက် ထပ်ရောက်ပါသေးသည်။ တစ်ခေါက်က ငု အလုပ်လုပ်သောရုံးကို မိမိတစ်ယောက်တည်း သွားလည်ခြင်း ဖြစ်၏။ နောက်တစ်ခေါက်မှာတော့ မိမိနှင့်ညီအစ်ကိုနှယ် ရင်းနှီးသော အလုပ်သင်ဆရာဝန်လေး ဒေါက်တာ ကိုမျိုးဆွေကြည်အား အဖော်ခေါ်ပြီး သွားခဲ့၏။ ကိုမျိုးဆွေကြည်နှင့် သွားသည့်အခေါက်တွင် ဒတ်ဆန်းလိုင်း ကားလေးထဲမှာ ရယ်စရာအဖြစ်အပျက်ကလေးတစ်ခု ကြုံခဲ့ရသေးသည်။
ကိုမျိးဆွေကြည်က မိမိကိုခင်မင်သောကြောင့်သာ တစ်မြို့ တစ်ရွာကို ရည်းစားသွားပိုးသောခရီးအား အိပ် ရေးအပျက်ခံပြီး အဖော်လိုက်ပေးခြင်းဖြစ်၏။ သူ့ခမျာ မနေ့ညက ဆေးရုံ၌ တစ်ညလုံးတာဝန်ကျခဲ့သဖြင့် ယ နေ့နေ့ခင်းတွင် ကောင်းကောင်းအိပ်နေရမည့်အစား မိမိက နားပူနားဆာလုပ်သောကြောင့်သာ လိုက်ပါလာ ရခြင်းဖြစ်သည်။ ဒီတော့ သူက ကားအလယ်ခုံ (ကြားထိုးခုံ)မှာ ငုတ်တုတ်လေးထိုင်ရင်း လက်နှစ်ဖက်က အပေါ်တန်း ၂ တန်းကိုကိုင်ထားလျက် ဣနြေ္ဒမဆောင်နိုင်ပဲ တစ်လမ်းလုံး အိပ်ငိုက်လာခဲ့ရှာပါသည်။ ကာယ ကံရှင်မိမိကတော့ ဘေးခုံတန်းမှာ နေရာရပြီး ရည်စားအပိုးသွားရသည်မို့ စိတ်တက်ကြွကာ အလွန်ပင် နိုးနိုး ကြားကြားရှိနေပါလေ၏။
လမ်းတစ်နေရာမှာ
မိမိ၏မျက်စေ့ရှေ့ တွင်
အရာတစ်ခု ဗြုန်းစားကြီးလှုပ်ရှားသွားသည်ကို
ရိပ်ကနဲမြင်လိုက် ရပြီး
ပစ္စည်းတစ်ခု ပြုတ်ကျသံနှင့်
အာမေဍိတ်အသံများကို
ကြားလိုက်မိသည်။ ဘာဖြစ်သွားသည်ကို
ရုတ်တ ရက် မသိလိုက်ရပေ။
နောက်မှသိရသောအခါ ခရီးသည်များ၏
မျက်နှာများ ပြုံးစေ့စေ့ဖြစ်နေသည်ကို
တွေ့ ရတော့၏။ အိပ်ငိုက်ပြီးလိုက်လာသော
ကိုမျိုးဆွေကြည်၏လက်တစ်ဖက်က
သတိလက်လွတ်ပြုတ်ကျပြီး
သူဘေး၌ရှိနေသော ခရီးသည်၏မျက်မှန်ကို
ဇာတ်ကနဲ ဆွဲကုတ်ချပစ်လိုက်သလို
ဖြစ်သွားခြင်းပါတည်း။
ဒီနေရာတွင်
အလျဉ်းသင့်သဖြင့်
မော်လမြိုင်နှင့်မုဒုံပြေးဆွဲသော
ဒတ်ဆန်းကားလေးများအကြောင်း
အနည်း ငယ်ပြောပြချင်ပါသည်။
ကား၏နောက်ခန်းမှာ မျက်နှာချင်းဆိုင်
ဘေးတန်း ၂ တန်းရှိကာ တစ်တန်းကို
ခရီး သည် ၆ ယောက် ၇ ယောက်
စီးနိုင်၏။ ဘေးတန်း ၂
တန်း၏အလယ်တွင် ဖင်တစ်နေရာ
အပြည့်မတင်နိုင် သော
ခွေးခြေခုံပုပုသေးသေးလေး
၎ ခုံခန့် ကြားထိုးပေးထားသဖြင့်
ကား၏အနောက်ဖက်သို့လှည့်ပြီး
ထိုင် ရသည်။ ကား၏မျက်နှာကျက်တွင်
ခရီးသည်များကိုင်ရန်
လက်ကိုင်သံတန်း ၂ တန်းရှိရာ
ဘေးထိုင်ခုံမှ သူများကော
အလယ်ထိုင်ခုံမှသူများပါ
ကိုင်နိုင်လေသည်။
မုဒုံကိုရောက်သောအခါ
သင်္ဘောဦးထိပ်မှာဆင်းပြီး
ငုတို့အိမ်သို့ ၇ မိနစ်ခန့်
လမ်းလျှောက်သွားကြရသည်။
ယခုတစ်ခေါက်သည် မိမိအဖို့
ငုတို့အိမ်ကို ပထဦးဆုံးရောက်ဖူးခြင်းဖြစ်ရာ
ကန်ကြီးဘုရားမှာတုန်းက မတွေ့
ရသော ငု၏ကြီးငယ်တို့မိသားစုကို
တွေ့ခဲ့ရသည်။ ငုတို့အိမ်က
မိမိတို့နှစ်ဦးအား
ပေါင်မုန့်အုန်းနိုဆမ်းနှင့်ဧည့်
ခံပါသည်။ ပြည်မြို့ သား
ကိုမျိုးဆွေကြည်နှင့်
ကန့်ဘလူသားမိမိတို့ ပေါင်မုန့်
အုန်းနိုဆမ်းကို ပထမဆုံး
စား ဖူးခြင်းဖြစ်ပြီး
ကြိုက်လည်းကြိုက်ကြပါသည်။
မိသားတစ်စုလုံးက အညာသားမဲမဲသဲသဲလေး မိမိအား အဝေးမှကော အနီးကပ်ကော ခြေဆုံးခေါင်းဆုံး အ ကဲခတ် လေ့လာနေကြသဖြင့် အနေရအထိုင်ရ အနည်းငယ်ကျုံ့ သလို ခံစားမိသော်လည်း ကြိုက်မရှက်ငိုက် မရှက်ပေမို့ မသိချင်ယောင်ဆောင်ပြီး မျက်နှာပြောင်စွာ ဟန်ကိုယ်ဖို့ လုပ်နေရတော့၏။
စင်ကာပူရောက် ပေါင်မုန့်အုန်းနိုဆမ်း။ (ဓာတ်ပုံ - ဖိုးတာ) |
မိသားတစ်စုလုံးက အညာသားမဲမဲသဲသဲလေး မိမိအား အဝေးမှကော အနီးကပ်ကော ခြေဆုံးခေါင်းဆုံး အ ကဲခတ် လေ့လာနေကြသဖြင့် အနေရအထိုင်ရ အနည်းငယ်ကျုံ့ သလို ခံစားမိသော်လည်း ကြိုက်မရှက်ငိုက် မရှက်ပေမို့ မသိချင်ယောင်ဆောင်ပြီး မျက်နှာပြောင်စွာ ဟန်ကိုယ်ဖို့ လုပ်နေရတော့၏။
ဒေါက်တာကိုမျိုးဆွေကြည်နှင့်
မုဒုံကိုသွားပြီးနောက်
မိမိတစ်ယောက်တည်း နောက်တစ်ခေါက်
ထပ်သွားပါ သေးသည်။ ထိုအခေါက်မှာ
အဆင်မပြေတာတစ်ခုဖြစ်ပြီး
မုဒုံမှာ စာရေးသူ ညအိပ်လိုက်ရ၏။
ဖြစ်ရသည်မှာ
ဒီလို။
မိမိက
မော်လမြိုင်ဆေးရုံတွင်
ညနေပိုင်းအလုပ်ပြီးကာမှ ငုရှိရာမုဒုံသို့
မနေနိုင်မထိုင်နိုင်
ကောက်ကာငင်ကာ လိုင်းကားဖြင့်သွားလည်ရာ
အချိန်နှောင်းသွားသောကြောင့်
မုဒုံမှမော်လမြိုင်သို့ပြန်သည့်
နောက်ဆုံးကားကို မမီလိုက်တော့ပေ။
ထို့ကြောင့် ကွမ်တုန်အရပ်ရှိ
ငု၏ကြီးကြီးတို့အိမ်တွင်
သွားအိပ်ရန် စီစဉ်ပေးသဖြင့်
တော် ပေသေးတော့၏။
မိမိသည်ကား အလွန်ပင် အလိုက်ကမ်းဆိုး မသိတတ်သော ရည်းစားနောက်ပိုးဧည့်သည် ဖြစ်ပါလေ၏။
သို့သော်
မိမိ၏ရည်းစားနောက်ပိုးဘ၀သည်
တကယ်က မကြာလိုက်ရပါ။ ငုကို
မိမိ ပထမဦဆုံး ကန်ကြီးဘု
ရားတွင် စတင်တွေ့မြင်ဖူးသည့်
သင်္ကြန်အကြတ်နေ့မှ မော်လမြိုင်မြို
့နယ်တရားရုံးတော်မှာ
လက်ထပ်စာချုပ် ရေးထိုးသောနေ့အထိ
ရက် ၂၀ ကျော်လေးသာ ကြာလိုက်ပါ၏။
လက်မှတ်ရေးထိုးပြီးနောက်
၂ ရက်အကြာ တွင် မိမိဘက်မှ
လူကြီးစုံရာဖြင့် မင်္ဂလာအခန်းအနားအတွက်
ငုတို့အိမ်သို့ သွားရောက်ခဲ့ပါသည်။
အချိန်တိုတိုလေးအတွင်မှာ
တွေ့ဆုံ ချစ်ကြိုက်
လက်ထပ်ရသောကြောင့်
အညာဒေသရှိမိမိ၏မိဘများ မလာ
နိုင်သဖြင့် မော်လမြိုင်ကိုရောက်မှ
သိကျွမ်းခင်မင်ရသော
အကိုကြီးဦးမျိုးတင့်တို့ဇနီးမောင်နှံက
မိဘအရာ တွင်လည်းကောင်း၊
မော်လမြိုင်အင်ဂျင်နီယာတပ်မှ
ဗိုလ်ကြီးစိန်အုန်း၊ ဗိုလ်ကြီးစိုးမြင့်၊
ဗိုလ်မြင့်သန်း၊ ကုန် သည်
ကိုကျော်စိုး အစရှိသည့်မိတ်ဆွေများက
ဆွေမျိုးညီအစ်ကိုမောင်နှမများအဖြစ်လည်းကောင်း လိုက်ပါ ပေးခဲ့ကြပါသည်။
မင်္ဂလာကိစ္စအတွက်
မော်လမြိုင်မှ မုဒုံသို့
အင်ဂျင်နီယာတပ်မှ စစ်ဂျစ်ကားကြီးဖြင့်
မိမိတို့အားလုံး တ ပျော်တပါး
သွားခဲ့ကြပြီး ငုဘက်မှလူကြီးစုံရာများနှင့်
တွေ့ဆုံစကားကမ်းလှမ်းပြောဆိုခဲ့ကြသည်များကို
ယနေ့တိုင် ရင်ခုံ စွာ
အမှတ်ရနေဆဲ ရှိနေပါသေး၏။
မိမိသည်
ငယ်စဉ်ကတည်းက တရင်းတနှီးအပေါင်းအသင်း
များများစားစားထားခြင်း
မရှိတတ်ပေ။ ခင်ခင်မင် မင်နှင့်
ခေါ်ပြောမေးထူးအပေါင်းအသင်းများသာ
အတန်အသင့်များလေသည်။ မိမိသည်
ကိုယ့်စိတ်ကိုယ်ပိုင်
တစ်ယောက်တည်းနေတတ်ပြီး
စာအုပ်များနှင့်သာ အဖော်ပြုကာ
အချိန်ဖြုံးလေ့ရှိပါသည်။
သို့သော် ရန်ကုန် မသန်မစွမ်းဆေးရုံမှ
မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့
ပြောင်းသွားသောအခါတွင်မူ
လူအများနှင့် တရင်းတ နှီး
ပေါင်းသင်းတတ်လာခဲ့ပါသည်။
မိမိအလုပ်လုပ်သည့်ဆေးရုံမှ
မိတ်ဆွေဝန်ထမ်းများအပြင်
တပ်တွင်းပ ညာပေးသင်တန်းတက်ရင်း
ခင်မင်ရင်းနှီးခဲ့သော
စစ်ဗိုလ်များပါ ပါဝင်လာခဲ့ကြတော့၏။
သို့မို့ကြောင့် မော်လမြိုင်ဆေးရုံမှ ဦးရှုအောင် (မျက်မှန်ကျွမ်းကျင်)၊ ဦးဖေသက် (ဓာတ်မှန်ဘက်ဆိုင်ရာ ပညာရှင်) အစရှိသည့် လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေဦးလွင်သိန်း (ကျောင်းဆရာ)တို့က "ဒီလူကြီး မော်လမြိုင်ကိုရောက်မှ လူတွေနဲ့ ပေါင်းတတ်သင်းတတ်တာ။" ဟု ကောင်းချီးပြုကြပါလေ၏။
သို့မို့ကြောင့် မော်လမြိုင်ဆေးရုံမှ ဦးရှုအောင် (မျက်မှန်ကျွမ်းကျင်)၊ ဦးဖေသက် (ဓာတ်မှန်ဘက်ဆိုင်ရာ ပညာရှင်) အစရှိသည့် လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေဦးလွင်သိန်း (ကျောင်းဆရာ)တို့က "ဒီလူကြီး မော်လမြိုင်ကိုရောက်မှ လူတွေနဲ့ ပေါင်းတတ်သင်းတတ်တာ။" ဟု ကောင်းချီးပြုကြပါလေ၏။
တပ်တွင်းပညာပေးသင်တန်းဆိုသည်မှာ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က
တိုင်းစစ်ဌာနချုပ်၏အစီ
အစဉ်ဖြင့် တိုင်းနှင့်ပြည်နယ်အတွင်းရှိ
အရပ်ဘက် စစ်ဘက်မှ ၀န်ထမ်းအားလုံး
မတက်မနေရ တက်ရသော သင်တန်းဖြစ်ပြီး
(တစ်လလား
တစ်လခွဲလား မမှတ်မိတော့ပါ)
ကျောင်းအိပ်ကျောင်းစား
သွားနေရသည်။ ဤသင်တန်းတက်ခြင်းဖြင့်
မိမိတွင် ယခင်ကမရှိခဲ့ဖူးသော
လုပ်ငန်းပေါင်းစုံ ဘ၀ပေါင်းစုံတို့မှ
အသိမိတ်ဆွေ အသိုင်းအ၀န်းအတော်လေး
ကျယ်ပြန့်လာခဲ့ပါသည်။
ကျောင်းဆရာပါသည်။ အင်ဂျင်နီယာပါသည်။
သမ၀ါ ယမ၀န်ထမ်းပါသည်။
နိုင်ငံရေးဘာသာနည်းပြဆရာပါသည်။
ဥပဒေပညာရှင်ပါသည်။ ဆေးရုံဝန်ထမ်းပါ
သည်။ ပြည်သူ့ရဲဝန်ထမ်းနှင့်
မီးသတ်ဝန်ထမ်းများပါသည်။
ဘဏ်ဝန်ထမ်းပါသည်။ စစ်ဗိုလ်စစ်သားများက
အများဆုံးဖြစ်သည်။
တပ်တွင်းပညာပေးမှာရင်းနှီးခဲ့သည့်
စစ်ဗိုလ်အချို့ ကတဆင့် မိမိသည်
အကိုကြီးဦးမျိုးတင့်တို့မိသားစုနှင့်
သိကျွမ်းခင်မင်ခဲ့ရ၏။
အကိုကြီးတို့မိသားစုသည်
မိမိနှင့်သွေးသားမတော်စပ်သော်လည်း
မိမိအား ညီအရင်း အချာပမာ
ဆက်ဆံပါသည်။ နောင်တွင်
မိမိအိမ်ထောင်ရက်သားကျသောအခါ
မိမိ၏ဇနီးသည်လည်း
သူတို့၏ညီမတစ်ဦးပမာဖြစ်လာပြီး
မိမိ၏သမီးလေးမွေးလာပြန်တော့
သူတို့၏မြေးကလေးလို ချစ်ခဲ့ကြပါ
သည်။ မိမိတို့မိသားစုသည်
အကိုကြီးအမကြီးတို့မိသားစုနှင့်
ယနေ့တိုင် ဆွေမျိုးရင်းချာပမာရှိနေကြပြီး
စင်ကာပူမှ မကြာခဏ ဖုန်းဆက်ပြီး
သာကြောင်းမာကြောင်းမေးပါသည်။
အခါအားလျော်စွာ ငွေကြေးကန်
တော့ပါသည်။ မြန်မာပြည်သို့
အလည်ပြန်သည့်အခါ
မိမိတို့၏ခရီးစဉ်နှင့်အဆင်ပြေတိုင်း
အကိုကြီး အမကြီး တို့ထံ
မရောက်ရောက်အောင် သွားတွေ့ပြီး
ကန်တော့ပါသည်။
အကိုကြီးသည်
ယခင်ကတပ်မတော်အမြှောက်တပ်တွင်
တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိ
မော်လမြိုင် မွန်ပြည်
နယ်ပြည်သူ့ဆေးရုံကြီးသို့
ပြောင်းရွေ့ လာသည့် ၁၉၇၅
ခုနှစ်တွင် တပ်မှအနားယူထားပြီး
စားသောက်ကုန် နှင့်အဖျော်ယမကာဋ္ဌာနတွင်
အလုပ်လုပ်နေပါသည်။
အကိုကြီးတို့မိသားစုနေသည့်
သိမ်ကုန်းရပ်ကွက်မှာ
မိမိအလုပ်လုပ်သည့်ဆေးရုံကြီးနှင့်
နီးပါသည်။ ၁၀ မိနစ်ခန့်သာ
လမ်းလျှောက်ရသည်။ အကိုကြီးက
မိမိတို့ အားလုံးကို
ညီလေးဟုခေါ်ပြီး အမကြီးကတော့
နာမည်ကိုခေါ်ပါသည်။ သို့ဖြစ်ရာ
မိမိသည် အိမ်ထောင်မကျ မီက
ဆေးရုံနေ့ခင်းအလုပ်နားချိန်တွင်
အကိုကြီးအိမ်ကိုသွားလေ့ရှိပြီး
နေ့လည်စာပြန်လာစားသည့်
အကို ကြီးနှင့် တစ်ခါတစ်ရံ
ထမင်းအတူဝင်စားတတ်ပါသည်။
ထမင်းစားဖြစ်သည်ဖြစ်စေ မစားဖြစ်သည်ဖြစ်စေ သေချာသည်ကား အမကြီး၏လက်ရာ လက်ဖက်ရည်ချိုကျ ကျကို အရသာခံသောက်ရင်း၊ မြန်မာ့အသံမှ မြန်မာပိုင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်လေ့ရှိသည့် အင်္ဂလိပ်ပိုင်း အစီအစဉ်မှ သီချင်းများကို ငြိမ့်ငြိမ့်လေးနားထောင်ကြရင်း အကိုကြီးနှင့်မိမိတို့သည် မြန်မာ့အရေးနှင့်ကမ္ဘာ့ အရေးများကို တောင်စဉ်ရေမရ ရောက်တတ်ရာရာ ဝေဖန်ရေးနှင့်လေကန်ရေး လုပ်ကြလေ့ရှိပါသည်။
ထမင်းစားဖြစ်သည်ဖြစ်စေ မစားဖြစ်သည်ဖြစ်စေ သေချာသည်ကား အမကြီး၏လက်ရာ လက်ဖက်ရည်ချိုကျ ကျကို အရသာခံသောက်ရင်း၊ မြန်မာ့အသံမှ မြန်မာပိုင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်လေ့ရှိသည့် အင်္ဂလိပ်ပိုင်း အစီအစဉ်မှ သီချင်းများကို ငြိမ့်ငြိမ့်လေးနားထောင်ကြရင်း အကိုကြီးနှင့်မိမိတို့သည် မြန်မာ့အရေးနှင့်ကမ္ဘာ့ အရေးများကို တောင်စဉ်ရေမရ ရောက်တတ်ရာရာ ဝေဖန်ရေးနှင့်လေကန်ရေး လုပ်ကြလေ့ရှိပါသည်။
နေ့ခင်း
၂ နာရီမထိုးခင်မှာ မိမိသည်
ဆေးရုံသို့ပြန်သွားပြီး
ညနေပိုင်းအလုပ် သွားလုပ်ပါသည်။
တစ်ခါတစ်ရံ ညနေပိုင်းမှာ
အကိုကြီးတို့အိမ်သို့
ရောက်သွားတတ်ပြီး
မိတ်ဆွေစစ်ဗိုလ်များနှင့်တွေ့ကာ
စကားစမြည်ပြော ဖြစ်ကြ၏။
တစ်ခါတစ်ရံမှာတော့
ဆေးရုံကလုပ်ဖော်ကိုင်ဖက်များနှင့်
ညပိုင်းတွင် ကျားတံတားသို့သွားပြီး
လက်ဖက်ရည်သောက်တတ်ပါသည်။
ဗိုက်ဆာသည့်နေ့များတွင်
လက်ဖက်ရည်ဆိုင်နှင့်မျက်နှာချင်းဆိုင်မှာ
ရှိသော နာမည်ကျော်
'ကျားတံတားဘိတ်မုန့်'ကို
ဝယ်စားကြ၏။ ဘိတ်မုန့်မစားချင်သည့်အခါ
လက်ဖက် သုတ်မှာစားကြလို့ရသည်။
မိမိတို့အားလုံး ဆေးရုံကပေးထားသည့်
အိမ်ခန်များတွင်နေကြရာ
အထွေအထူး လူစုရန်မလိုပါချေ။
တစ်ယောက်ယောက်က အခန်းတခါးကိုလာခေါက်ပြီး
'လက်ဖက်ရည်
သွားသောက်ကြ မယ်ဟေ့'
ဟု
အော်ပြောလိုက်ရုံသာ။
ဒေါက်တာကိုမျိုးဆွေကြည်တို့
အလုပ်သင်ဆရာဝန်များသည်
ဆေးရုံမှပေးထားသည့်အဆောင်တွင်
စုနေကြ ပါသည်။ အခြားမြို
့များမှလာလုပ်သော အလုပ်သင်ဆရာဝန်
၆ ဦး ၇ ဦးခန့် ရှိပါသည်။
မော်လမြိုင်ဇာတိဖြစ် သော
အလုပ်သင်ဆရာဝန်များကမူ
သူတို့အိမ်မှာပင် နေကြသည်ဖြစ်၏။
အာမေဍိတ်
(အသံထွက်
-
အာမေဒိတ်)
- ထိတ်လန့်ခြင်း၊
အံ့သြခြင်း၊ ၀မ်းသာခြင်း
စသည့် တစ်ခုခုကြောင့် နှုတ်မှ
ရုတ်တရက် ထွက်ပေါ်လာသောအသံ။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment