"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, October 12, 2019
အမှတ်တရ ဖိနပ်စုတ်လေးတစ်ရံ
ပုံ ၁။ ရိုးရိုးရော်ဘာဖိနပ် (ဓာတ်ပုံ-Facebook ပါ မူလပိုင်ရှင်၏စာမျက်နှာမှကူးယူထားသည်။)
ပုံ ၂။ ဆင်ကြယ်ဖိနပ်။ (ဓာတ်ပုံ - မဒမ်ကိုး)
ဒီကနေ့ ဖေ့စ်ဘွတ်မှာ ဒီဖိနပ်အစုတ်
အပြတ်ပုံလေးကိုတွေ့ရတော့ တစ်
ချိန်တုန်းက မိမိစီးခဲ့ဖူးတဲ့ ရိုးရိုးရော်
ဘာဖိနပ်နဲ့ ဆင်ကြယ်ဖိနပ်တွေကို ပြေးပြီးသတိတရဖြစ်မိရပါတယ်။
ဆင်ကြယ်ဖိနပ်က အရည်အသွေး
ကောင်းပြီး တာရှည်ခံတာကြောင့်
ဈေးပိုပေးရတယ်။
စီးရတာလဲ ပိုကောင်းတာအမှန်ပါ။
မိမိမှတ်မိသလောက်ကတော့ ရိုးရိုး
ရော်ဘာဖိနပ်မှာ သဲကြိုးနဲ့အောက်
ခံတွေရဲ့ အရောင်က တစ်ရောင်ထဲရှိတတ်ကြပြီး ဆင်ကြယ်ဖိနပ်မှာက သဲ ကြိုးနဲ့အောက်ခံရဲ့ ဘေးသားတွေမှာသာ အစိမ်း အပြာ အနီစသဖြင့်ရှိတတ်ကြပါတယ်။ အောက်ခံအပြားကတော့ အားလုံးအဖြူတစ်ရောင်ထဲပဲရှိကြတာပါ။
ယနေ့အခေါ် ရန်ကုန်တက္ကသိုလ်နဲ့ ဆေးဘက်ပညာသိပ္ပံကျောင်းတွေတက်နေစဉ်က အများနည်းတူ ရိုးရိုး
ရော်ဘာဖိနပ်တို့ ဆင်ကြယ်ဖိနပ်တို့ကို စီးခဲ့တာပါပဲ။
အလုပ်ထဲရောက်ပြန်တော့လဲ မိုးရာသီဆိုရင် အဲဒီဖိနပ်တွေကိုပဲစီးခဲ့ရတာပါ။
ဒါနဲ့ ဖိနပ်အစုတ်ကလေးတွေအကြောင်း ပြောချင်ပါတယ်။
အဲဒီတုန်းက မိမိဟာ ရိုးရိုးရော်ဘာဖိနပ်ပဲစီးစီး ဆင်ကြယ်ရော်ဘာဖိနပ်ပဲစီးစီး ပုံ (၁) မှာလို ဖနောင့်နေရာ
လေးပြတ်ထွက်သွားတဲ့အထိမစီးတောင်မှ ဖနောင့်နေရာမှာ သိသိသာသာလေးခွက်ပြီး ပါးနေတဲ့အထိ စီးခဲ့ဖူးပါတယ်။
ဒါ့အပြင် တခါတရံမှာဖိနပ်မ၀ယ်ဖြစ်သေးတာကြောင့် ပါးနေတဲ့နေရာကနေ နဲနဲကလေးပေါက်သွားတဲ့အထိစီးခဲ့ဖူးတာမျိုးလဲရှိပါတယ်။
စက်မှုတက္ကသိုလ်မှာ Chemical Engineering တက်နေတဲ့ငယ်သူငယ်ချင်းဖြစ်သူ ကိုမြင့်သိန်းထွန်းနဲ့မိမိတို့ တစ်နေ့မှာ ကမာရွတ်ကသူ့ဘကြီးအိမ်ကို ရောက်သွားခဲ့ကြတယ်။
ဒီလိုပဲ မိမိတို့မကြာမကြာ လာလေ့ရှိကြတာပါ။
သူ့ဘကြီးရဲ့ အမည်ရင်းက ဦးသိန်းမောင်ဖြစ်ပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) အယ်ဒီတာချုပ် ဆရာကြီးဦးခင်မောင်လတ် စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်တို့နဲ့အတူ ကမာရွတ်လှည်းတန်းမှာ အင်္ဂလိပ်စာကျောင်းဖွင့်ထားတာဖြစ်ပါတယ်။
တချို့ က ဆရာဦးခင်မောင်လတ်ကျောင်းလို့ ခေါ်တတ်ကြတယ်။
ဆရာကြီးဦးသိန်းမောင်က စာရေးဆရာ'ထင်လင်း' အဖြစ် ထင်ရှားခဲ့သူပါ။
သူ ဘာသာပြန်ထားတဲ့ 'ပေါ်လီယာနာ'စာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့သူလဲဖြစ်ပါတယ်။
တစ်ခါမှာတော့ ဖိနပ်ချွတ်မှာချွတ်ထားတဲ့ မိမိဖိနပ်ကိုတွေ့သွားပြီး ဆရာကြီးဦးသိန်းမောင်က သူ့တူကိုမြင့်သိန်းထွန်းကို အခုလိုပြောပါသတဲ့။
"မင်းရဲ့ သူငယ်ချင်းကိုပြောပါဦးကွာ။ ဖိနပ်ကပေါက်နေပြီ၊ အသစ်ဝယ်စီးစမ်းပါလို့'
ဟုတ်ကဲ့ပါ။
ဖိနပ်အစုတ်ကလေးကိုတွေ့လို့ အမှတ်တရဖြစ်ရတယ်ဆိုတာ ...........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment