
ဒီကနေ့ညနေမှာလာမဲ့ အောင်လအန်ဆန်ရဲ့ လက်ဝှေ့ပွဲကို ညနေမတိုင်မီကတည်းက စောင့်နေမိပါတယ်။
သူ့ပွဲကိုစောင့်ရင်း ဖိုးသော်ရဲ့ ပွဲကိုကြည့်ဖြစ်တယ်။ သူ ရှုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။
စင်ကာပူ-ကိုရီးယားကပြား အင်ဂျလာလီးရဲ့ ပွဲကိုလဲကြည့်ရတယ်။ သူက တရုတ်မကိုနိုင်ပါတယ်။
ဒါ့အပြင် ဘရာဇီးက ဖာနန်ဒက်(စ)နဲ့ ဖိလစ်ပိုင်က ကယ်ဗင်ဘဲလင်ဂွန်တို့ရဲ့ ပွဲကိုလဲကြည့်လိုက်ရသေးတယ်။ ဖာနန်ဒက်(စ)က ချုပ်ကွက်နဲ့အနိုင်ရသွားတယ်။
နောက်ဆုံးတော့ အောင်လနဲ့ ဗီရာတို့ပွဲကြီးပွဲကောင်း။


အောင်လရဲ့ အဆုံးအဖြတ်ဝိုက်တံတောင်ရိုက်ချက် အောင်လရဲ့ အပေါ်စီးမှ ဒလစပ်လက်သီးမိုးများ
အောင်လက သူပြောထားတဲ့အတိုင်း ဒုတိယအချီမှာ ၀ိုက်တံတောင်ရိုက်ချက်နဲ့လက်သီးအားတွေသုံးပြီး ဗီရာကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်ပါတယ်။
ဒါကြောင့် ဒို့ဗမာနိုင်ပြီဆိုတဲ့ပျော်ရွှင်စိတ်လေးနဲ့ အိပ်ပါတော့မယ်။
No comments:
Post a Comment