သက်ကြီးရွယ်အိုများအကြောအဆစ်ပြုစုရေးဆိုင်ရာ PowerPoint သင်ခန်းစာ
အမှတ် (၃) တွင် မိမိပြောခဲ့သည့်အတိုင်း သင်ကြားမှုအစီအစဉ် (Course Outline) ကို မိမိပြင်ဆင်ခဲ့သည်။
လုံးဝပြောင်းလဲပစ်လိုက်သည်။
သင်ကြားမှုဘောင်ကိုချဲ့ လိုက်သည်။
ထိုကြောင့် ရောဂါဝေဒနာအမျိုးအစားများ များလာသည်။
သို့သော် အားလုံးကို အကြောအဆစ်ကုပညာရှုထောင့် (Physiotherapist perspectives) တစ်မျိုးတည်းမှသာ သင်ကြားပေးမည်ဖြစ်သဖြင့် အချို့ ကုထုံးများသည် ရောဂါဝေဒနာအချို့ ကို ယေဘုယျအားဖြင့် ခြုံငုံပြီးအသုံးချနိုင်သည်။
ဥပမာ Bridging exercise ခေါ် ဒူးကွေးလျက် တင်ပါးကြွ ခါးကော့လေ့ကျင့်ခြင်းကို ခါးနာသူများအတွက်သင်ကြားပေးနိုင်သကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့်သက်ကြီးရွယ်အိုများလည်း အေကြောအဆစ်ကုပညာရှင်များ၏ညွှန်ကြားမှုဖြင့် လေ့ကျင့်နိုင်ကြလေသည်။
Bridging exercise


Photo - Internet
ယင်းသို့ပြင်ဆင်ရန်အတွက် မူလကရှိခဲ့သော သင်ကြားမှုအစီအစဉ် (Course OutlineDescrriptions) ကို သေချာပြန်လေ့လာရသည်။
မည်သည့်အကြောင်းအရာများပါရှိကြသနည်း။
သင်ကြားမှု၏အဓိကရည်ရွယ်ချက်များ (Objectives) သည် မည်သည်တို့ပါနည်း။ ယင်းရည်ရွယ်များ၏အတိမ်အနက် အကျယ်အ၀န်းတို့ကို စိစစ်ကြည့်ရသည်။
ဥပမာ၊ သင်တန်းသူသင်တန်းအားများ၏အသိပညာနှင့်ကျွမ်းကျင်မှုတို့ကို မည်သည့်အတိုင်းအတာအထိမျှော်လင့်ထားပါသနည်း။
တစ်နည်းဆိုရသော် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး လူနာများအကြောင်း၊ တွေ့ရှိရတတ်သောမသန်စွမ်းမှုအမျိုးမျိုး၊ ဖြစ်လာရသည့်အကြောင်းရင်းများ၊ လူနာများ၏သွားလာလှုပ်ရှားမှုဆိုင်ရာအခက်အခဲများ၊ မည်သည်နေ့စဉ်ပြုဖွယ်ကိစ္စတို့ကို သက်ကြီးရွယ်အိုများအနေဖြင့်မည်မျှအထိလုပ်နိုင်သည် မလုပ်နိုင်သည်များ (strength and weakness) အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားရသည်။
မိမိ၏သင်တန်းသည် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဟုယေဘုယျခေါင်းစဉ်ပေးထားသော်လည်း
ဆေးကုသမှုဆိုင်ရာ အခြေခံလုပ်ဆောင်ပေးရခြင်းများ (basic medical procedures) များ ပါဝင်ခြင်းမရှိပါချေ။
ဥပမာ၊ သွေးခန်နှုန်းတိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အဖျားတိုင်ခြင်း အစရှိသည်များ။
အကြောအဆစ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးအပိုင်း (Rehabilitation) တို့ကိုသာ လုပ်ဆောင်ပေးရန်ဖြစ်သည်။
ဆက်ရေးပါဦးမည်။
No comments:
Post a Comment