အခါတိုင်းတော့ အလုပ်ပြီးလို့အိမ်ကိုပြန်ရင် စိန်ကန်မြို့ (Sengkang Town)ကိုဖြတ်ပြီး အမြန်လမ်းအ
တိုင်းသွားတဲ့ဘတ်စ်ကား ၁၆၁ စီးတယ်။
ဝုဒ်လဲန်ဘတ်စ်အင်တာချိန်း(Woodlands Bus Interchange)ကိုရောက်တဲ့အခါ တောင်-မြောက်လိုင်း
(North-South Line)ပေါ်မှာရှိတဲ့ ၀ုဒ်လဲန်းဘူတာကနေရထားစီးပြီး ဂျူရောင်းအိစ်ရောက်တယ်။
အဲဒီကမှ အဝေးပြေးလိုင်းမဟုတ်တဲ့ ဒေသတွင်းဆွဲသည့်ဘတ်စ်ကား(feeder bus) ၃၃၄ စီးသွားရင်
အိမ်ကိုတန်းရောက်တော့တာပါ။
ဒီကနေ့ အူထရန်ပတ်ဘူတာ(Outram Park station)မှာကြုံခဲ့ရတဲ့အဖြစ်အပျက်က စိတ်ညစ်စရာမို့
ပြောတောင်ပြောမပြချင်တော့ပါဘူး။
အဲ ဒါပေမယ့် ပြောကလဲပြောချင်မိပြန်တယ်ဗျာ။
ကိုယ်အသုံးမကျတာကိုလေ။
ဖြစ်ပုံကဒီလိုပါ။
အိမ်ရှင်မကြိုက်သည့် ဘူအန်ကော့(က)ဘူတာ(Buangkok station)နားကမီးပေါ့ဝယ်ဖို့ ဘတ်စ်ကား
အမှတ်(၄၃) စီးရတယ်။ အဲဒီကမှ ခရမ်းရောင်လိုင်းအတိုင်းရထားစီးပြီး အူထရန်ပတ်ဘူတာရောက်
တာပါ။
အရင်ကလဲ အဲဒီဘူတာကနေ အရှေ့ အနောက်လိုင်း(East-West Line)ကို မကြာမကြာပြောင်းစီးနေ
ကျပါ။ အဆင်ပြေလို့ပါပဲ။
ဘယ့်နှယ်ဗျာ၊ ဒီကနေ့ကျမှ မျက်စိလည်ပြီး အပေါ်တက် အောက်ဆင်းတွေ အမှားမှားအယွင်းယွင်း
ဖြစ်ရတယ်လို့။ ဟိုမေး ဒီမေးတွေလုပ်ပြီးမှ စီးချင်တဲ့ရထားကိုရောက်ရတယ်လို့လေ။
ဒါနဲ့ စိတ်ပျက်တာပြေရအောင် တယ်လီဖုန်း Messenger ကနေ SOS(အခက်အခဲတွေ့နေရပါတယ်။
အကျဉ်းအကျပ်ထဲကျရောက်နေပါတယ်။ ကယ်ကြပါဦး)လို့ အရေးပေါ်တင်လိုက်မိတယ်(အပေါ်ပုံ)။
မေခလာများသိရင် လာကယ်လေမလားလို့ မျှော်လင့်တကြီးဆိုပါတော့။
တကယ်တော့ ဘယ်သူကမှလဲ လာမကယ်ဘဲ ကိုယ့်ကိုယ်ကိုကယ်ပြီးသကာလ အိမ်ကိုချောချောမော
မောပြန်ရောက်ခဲ့နိုင်ကြောင်းပါ။
No comments:
Post a Comment