"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 14, 2024

ပြန်မနိုင်အလွမ်း - ၂

 

ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဂျာမန်ကုမ္ပဏီတခုကပြုလုပ်သည့် 

Physiotherapy device ပြပွဲ။ 

(၀ဲဖက်မှ - ဆရာကြီးဦးထွန်းအောင်ဇံ၊ ဒေါ်မိမိရီ၊ စာရေးသူ၊ အမည်မသိသူတဦး)



အခန်း (၃) 


ဆက်တီခုံမှာထိုင်ကာ ကိုတင်မြင့်အလာကိုစောင့်နေရင်း ညကအိပ်ရေးမ၀သဖြင့် ဖြတ်ကနဲလေးတ

ရေးမှေးမိသွားသည်။

ဟိုတယ်ကတယ်လီဖုံးမြည်သံကြောင့် မိမိ လန့်နိုးလာသည်။

ကိုတင်မြင့်ဆီကဖြစ်နိုင်သည်ဟုထင်ကာ ကောက်ကိုင်လိုက်သည်။

"အန်ကယ်လားရှင့်"

ဟိုတယ်ဝန်ထမ်းအမျိုးသမီး၏အသံမှန်းသိလိုက်သည်။

"ဟုတ်ပါတယ်"

"အန်ကယ့်မိတ်ဆွေ ဦးတင်မြင့်ရောက်တာ အကြောင်းကြားပေးတာပါအန်ကယ်"

"ကောင်းပါပြီ။ ကျေးဇူးပါ"

ဧည့်ခန်းပြူတင်းခန်းဆီးကို ဖွင့်ကြည့်တော့ လမ်းတဖက်ရှိဗန်ဒါပင်အောက်ကအုတ်ခုံမှာ ကိုတင်မြင့်

ထိုင်နေသည်ကိုတွေ့ရသည်။ 

ထုံးစံအတိုင်း လွယ်နေကျ သားရည်ဘေးလွယ်အိတ်ရှည်လေးကိုပေါင်ပေါ်မှာတင်ထားပြီး စီးကရက်

သောက်နေသည်။
















ကိုတင်မြင့်ကိုလက်ဆောင်ပေးမည့် စားပွဲပေါ်ကပစ္စည်းထုပ်လေးကိုကောက်ယူပြီး အိမ်ရှင်မအားနှုတ်

ဆက်လျက် အောက်ထပ်သို့ဆင်းလာခဲ့သည်။ 

မိမိအပြင်ထွက်သည်ကိုတွေ့ရသဖြင့် ကောင်တာမှဝန်ထမ်းအမျိုးသမီးတဦးက 

"အန်ကယ် ဒီမနက် ဘရိတ်ဖတ်စ် မစားတော့ဘူးလား" ဟုမေးသည်။ 

'ဟုတ်တယ်။ ဒီနေ့တော့ မိတ်ဆွေနဲ့အပြင်မှာပဲစားတော့မယ်။ အန်တီကိုပဲ နှစ်ယောက်စာကျွေးလိုက်

ပေတော့" ဟုရယ်စရာပြောရာ သူတို့ရယ်ပြီးကျန်ခဲ့ကြ၏။   

နှစ်စဉ်နှစ်တိုင်းလိုလို လာတည်းဖြစ်နေသဖြင့် ဟိုတယ်ပိုင်ရှင်ကိုမောင်မောင်ထွေးနှင့်ရော ၀န်ထမ်း

များနှင့်ပါ မိမိတို့တရင်းတနှီးရှိခဲ့ကြပါသည်။


မိမိ ဟိုတယ်တခါးကထွက်လိုက်သည်နှင့် ကိုတင်မြင့်က မိမိလာနေကိုလှမ်းမြင်သောကြောင့် တက္ကစီ

ကိုလက်တားလိုက်သဖြင့် မိမိက လမ်းကိုအပြေးလေးကူးလိုက်ရသည်။  


ကိုတင်မြင့်၏အိမ်ရှိရာ တောင်ဥက္ကလာပ (၃) ရပ်ကွက်နားက ဝေဇယန္တာလမ်းမှာရှိသော လက်

ဘက်ရည်ဆိုင်ကို တက္ကစီသမားကိုပို့ခိုင်းပြီး မိမိတို့နှစ်ဦး စကားတပြောပြောနှင့်ထွက်လာခဲ့ကြ

သည်။  
















ကိုတင်မြင့်က သူ စင်ကာပူမှာအလုပ်လုပ်သွားခဲ့သည့် MINDS ကို သံယောဇဉ်ကုန်သေးဟန်မတူ။ 

MINDS ဟု ဒီနိုင်ငံမှာအသိများသည့် ဥာဏ်ရည်နိမ့်သူများပြုစုပျိုးထောင်ရေးအဖွဲအစည်း (Move-

ment for the Intellectually Disabled of Singapore) က သူ၏လုပ်ဖော်ကိုင်ဖက်များအကြောင်းကို

မေးသည်။


AHP ဟုအတိုကောက်ခေါ်ဝေါ်ပြောဆိုလေ့ရှိသောဆေးဘက်ပညာရှင်များအဖွဲ့(Allied Health Pro-

session) မှာ သူ MINDS က အလုပ်မထွက်ခင်အတူရှိခဲ့ကြသည့်  Physiotherapist, Occupational 

Therapist, Psychologist, Social Worker, Music Therapist နှင့်အထူးပညာရေးကျောင်းမှဆရာဆ

ရာမများ ကျောင်းအုပ်များအကြောင်းကို နာမည်နှင့်တကွ မေးသည်။ 


ထိုအခါ မိမိက မည်သူတွေတော့ရှိနေသေးသည်။ မည်သူတွေတော့ အလုပ်ထွက်သွားကြပြီ။ မည်သူ

တွေတော့ အိမ်ထောင်ကျပြီး ကလေးတွေရနေကြပြီ။ ရာထူးတိုးသွားပြီ။ မည်သူတွေက မိမိကိုတွေ့

တိုင်း သူ့အကြောင်းကိုမေးတတ်သည် စသဖြင့်သိသရွေ့ ပြောပြရသည်။ 














ဒီတော့ သူ ၁၀ နှစ်နီးပါးအလုပ်လုပ်သွားခဲ့သည့်MINDSကိုအလွမ်းပြေသွားသည့် သူ့မျက်နှာပြုံးစေ့

စေ့ကြီးကို ယနေ့တိုင်မြင်ယောင်နေမိချေသေးတော့။


မိမိတို့နှစ်ဦး MINDSအကြောင်းရှေးဟောင်းနှောင်းဖြစ်တွေကို တောင်စဉ်ရေမရပြောလာလိုက်သည်

မှာ ရန်ကုန်မြို့ လယ်ခေါင်ဘုန်းကြီးလမ်းမှ တောင်ဥက္ကလာပအထိ ဒီခရီးပင် နီးသွားလေတော့သည်။

"ဆရာတို့ပြောတဲ့လက်ဘက်ရည်ဆိုင်ကို ရောက်ပါပြီ"

ကားဆရာက ဆိုင်ရှေ့ တွင်ကားကို စက်ရှိန်သတ်ပြီး နောက်ကြည့်မှန်ကနေ မိမိတို့ကိုကြည့်ရင်းပြော

လိုက်ပါသည်။

"ဟကောင်ရ မင်းမောင်းတာ တယ်မြန်ပါလားကွ" 

 ကိုတင်မြင့်က ကားခပေးနေစဉ် မိမိ ကားထဲမှထွက်ပြီး ဆိုင်ထဲကိုဝင်လိုက်သည်။












ကိုတင်မြင့် MINDS ကအလုပ်ထွက်ကာ မြန်မာပြည်သို့အပြီးပြန်သွားပြီးနောက် ၂၀၁၁ ခုနှစ်ဧပြီလ

က စင်ကာပူကို ခဏအလည်ပြန်ရောက်စဉ် မိမိနှင့်ဇနီးက ချန်ဂီလေဆိပ်က Swensen စားသောက်

ဆိုင်မှာ နေ့လည်စာဖြင့်ဧည့်ခံခဲ့သည်။ 

သူ မြန်မာပြည်ကိုပြန်သွားပြီးနောက် ၂၀၀၈ ဂျူလိုင်လကမှ ဖွင့်လှစ်ခဲ့သည့် ချန်ဂီလေဆိပ် တာမီ

နယ် အမှတ်(၃) Changi Airport Terminal 3 ကိုလည်းလိုက်ပြရင်း အမှတ်တရဓာတ်ပုံအချို့ ရိုက်

ဖြစ်ခဲ့ကြသေးသည်။







တော်ပေသေး၏။ ဇာတ်ရံနှစ်ဦး၏မျက်နှာတွေကမှောင်နေပြီး မင်းသားချော၏မျက်နှာက လင်းလင်း

ကျင်းကျင်းလေးရှိနေပေလို့။ သို့မဟုတ်က အတင်းတုတ်ခံရနိုင်ဖွယ်ရှိပါ၏။ သူတို့လင်မယားရဲ့ မျက်

နှာကျတော့ လင်းကျင်းနေပြီး တို့ဆရာဦးတင်မြင့်ရဲ့ မျက်နှာကတော့ မဲလို့မှောင်လို့ စတာ စတာမျိုး

တွေပေါ့နော်။ ရယ်ကြဖို့ သက်သက်ပါ။







မိမိက လေးထောင့်သစ်သားစားပွဲအောက်က သစ်သားထိုင်ခုံတလုံးကို ကိုတင်မြင့်အတွက်ဆွဲ

ထုတ်ပေးရင်း ကိုယ့်အတွက်နောက်တလုံး ဆွဲယူပြီးထိုင်ချလိုက်သည်။ 

ကိုတင်မြင့်က ငွေပေးကောင်တာမှာ စီးကရက်မီးညှိပြီးနောက် တစားပွဲပြီးတစားပွဲခေါက်တုံ့ကူး

ကာ အလုပ်များနေသည့်လူငယ်စားပွဲထိုးလေးကို 'ရွှတ် ရွှတ်'သံပေးရင်းလက်ပြခေါ်လိုက်သည်။


နောက်ပြီး မိမိရှိရာစားပွဲဆီကို လျှောက်လာကာ၊ 

"ကဲ ဆရာအေး ဘာစား ဘာသောက်မလဲ မှာဗျာ"ဟုပြောသည်။

ထိုအခါ စားပွဲထိုးလူငယ်လေးက ဆိုင်မှာရနိုင်သောအစားအစာများနှင့်လက်ဘက်ရည်၊အအေးမျိုး

စုံတို့၏အမည်များကို စက်သေနပ်ပစ်သည့်အလား ရေရွတ်ပါတော့သည်။

မိမိက အညာသားပီပီ၊ 

"ဦးကို လက်ဘက်ရည်ချိုကျတခွက်နဲ့ နန်းကြီးသုတ်ပေးကွာ"ဟုမှာလိုက်သည်။

ကိုတင်မြင့်က သူစားချင်တာကိုမှာပြီး "ချာတိတ် မြန်မြန်လုပ်နော် မကြာစေနဲ့"ဟုပြောရင်း ထိုင်လေ

သည်။

စောစောစီးစီး အိပ်ရာကထပြီး မနက်စာမစားနိုင်သေးပဲ မိမိအားမြို့ ထဲအထိတကူးတကလာကြိုပေး

သည့်ကိုတင်မြင့်ကို ကျေးဇူးတင်တာနဲ့အမျှ အားလဲနာမိသွားရပါ၏။ 















ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment