- ဒုတိယတအုပ်က ယောဂကျင့်စဉ်အား ခန္ဓာဗေဒ (Anatomy)နှင့်ဇီဝကမ္မဗေဒ (Physiology) ရှု
ထောင့်အမြင်တို့မှ လေ့လာတင်ပြထားသောThe Physiology of Yoga ဖြစ်ပါတယ်။
အခုတကြိမ်မှာတော့ 'အားကစားစွမ်းဆောင်ရည်မြင့်မားစေရေးအတွက်ယောဂ'လို့အမည်ပေးထား
သည့်စာအုပ်ပါ (YOGA for Sports Performance)။
စာအုပ်၏ထူးခြားချက်က ဒီစာအုပ်သည် ယောဂကုသပညာရှင်များ(Yoga Therapists)၊ ယောဂသင်
တန်းဆရာများ(Yoga Teachers)နှင့် အကြောနှိပ်နယ်ဖြေဆန့်ပေးသူများ(Body workers)အတွက်
ရည်စူးပါတယ်လို့ပြောတာဖြစ်ပါတယ်။
အဲဒီရည်ရွယ်နဲ့ပတ်သက်ပြီး ယခုစာအုပ်ကိုရေးသားသူ သြစတေးလျနိုင်ငံသား ဂျင်း(မ)ဟာရင်တန်
က အောက်ပါအတိုင်းပြောခဲ့ပါတယ်။
//"ကျနော်က အိန္ဒိယနိုင်ငံရဲ့  ရှေးခေတ်ရိုးရာပညာရပ်ကို အထူးတလည်လေးစားတာနဲ့အမျှကျေးဇူး
လဲများစွာတင်ရှိမိပါတယ်။ ကျနော်သည် ယောဂပညာရပ်နဲ့သက်ဆိုင်တာအားလုံးကို အိန္ဒိယယောဂ
ဆရာများထံကာ အလုံးစုံသင်ယူလေ့လာတတ်မြောက်ခဲ့တာဖြစ်ပါတယ်။
မိမိသိထားနားလည်ထားတာတွေကို အခုလိုပြန်လည်မျှဝေသင်ကြားပေးနိုင်တဲ့အတွက်လဲပဲ ပြောမပြ
နိုင်လောက်အောင်အထိ ဂုဏ်ယူမိတာအမှန်ပါ။
သို့ပေမယ့် ယောဂပညာကို အားကစားဆိုင်ရာပညာရှင်တွေအတွက် အသုံးချနိုင်စေရန် ကျနော်အား
ထုတ်တာကတော့ တမျိုးတဖုံပေါ့လေ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအတွက် ကျနော့်မှာတခြားသော
ကျွမ်းကျင်မှုသတ်သတ်ရှိနေတာမို့ပါ။
ကျနော်ပြောချင်တဲ့သီးသန့်ကျွမ်းကျင်မှု(special skills)ဆိုတာက လူ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးခေတ်မီ
အနောက်တိုင်းပညာရပ်ရဲ့ နားလည်မှု(modern Western understanding of the human body) ရှိ
တာရယ်၊ ပြီးတော့ အားကစားသမားတဦးစီတိုင်း၏လိုအပ်ချက်များ(individual needs of a player)
အတွက် အကြောအဆစ်ကုပညာရှင်များအဖွဲ့ (team physiotherapist)နဲ့ နားလည်မှုရှိစွာအတူတကွ
ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိတာရယ်တွေဖြစ်ကြပါတယ်"//
ဂျင်း(မ)ဟာရင်တန်အထက်ကပြောဆိုတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့အထောက်အထားရှိပါတယ်။
ဂျင်း(မ)က ကမ္ဘာ့ခရစ်ကက်ဖလား(Cricket Wrld Cup)ကိုအနိုင်ရခဲ့တဲ့အိန္ဒိယအမျိုးသားခရစ်ကက်
အသင်း၏တရားဝင်ယောဂနည်းပြဆရာဖြစ်ခဲ့ပါတယ်။
တခါ သူသည် Remedial Therapyလို့ခေါ်တဲ့ လူ့စွမ်းဆောင်ရည်(functining)ကိုမြှင့်တင်ပေးသည့်လေ့
ကျင့်ကုသရေးနယ်ပယ်မှာလုပ်ကိုင်ခဲ့ဖူးသူဖြစ်တဲ့အပြင် ယောဂဆရာမြောက်များစွာကို ၁၅ နှစ်ကျော်
သင်ကြားမွေးထုတ်ပေးရာမှာ ထင်ရှားသည့်ဦးဆောင်ခဲ့သူတဦးလဲဖြစ်ခဲ့ပါတယ်။
အားကစားသမားများအနေဖြင့် ...
- အကြောအဆစ်ပျော့ပြောင်းမှု (flexibility)၊
- ကြွက်သားသန်စွမ်းမှု (strength)၊
- အသက်ရှူလေ့ကျင့်မှု(breathing)
- အာရုံစူးစိုက်နိုင်မှု(concentration) တို့အတွက် ယောဂကို အသုံးပြုရန် စိတ်ဝင်တစားရှိကြသည်။
သို့သော်ငြားလည်း ယောဂသင်တန်းဆရာများက အားကစားတမျိုးစီ၏ရုပ်ပိုင်းစိတ်ပိုင်းလိုအပ်ချက်
များ(specific physical and mental requirements of their sport)ကို သေချာနားလည်သဘော
ပေါက်ခြင်းမရှိကြသောကြောင့် အားကစားမားအများစုသည် ထင်တိုင်းမပေါက်ဖြစ်ခဲ့ကြရသည်။
ယခုလက်စွဲစာအုပ်သည် အထောက်အထားခိုင်မာမှု(evidence-based)ကို အခြေခံသည့်ခေတ်သစ်
အားကစားဆေးပညာ(sports medicine)နှင့်ရှေးခေတ်ရိုးရာပညာရပ်ဖြစ်သည့်ယောဂတို့ကို တံတား
ထိုးလျက် ပေါင်းကူးဆက်သွယ်ပေးထားပါသည်။
သို့ဖြစ်ပေရာ ယောဂကုသပညာရှင်များ၊ ယောဂသင်တန်းဆရာများနှင့် အားကစားမျိုးစုံကိုသင်ကြား
လေ့ကျင့်ပေးနေကြသည့်နည်းပြများ ပညာရှင်များအတွက် အားကိုးအားထားဖတ်စရာလက်စွဲစာအုပ်
ဟုပြောရပေမည်။
No comments:
Post a Comment