တစ်လောက ပြင်သစ်သတင်းဋ္ဌာနတစ်ခုဖြစ်သည့် အေအက်ပီ(AFP)မှလာသော "လူဝခွန်"(a Fat Tax) ဆိုသည့် သတင်းထူးတစ်ပုဒ်ကို စိတ်ဝင်တစားဖတ်လိုက်ရသည်။ လူကို ၀,ရကောင်းလား၊ ကိုယ်အလေး ချိန် မည်၍မည်မျှ၊ ဘီအမ်အိုင်(BMI) မည်၍မည်မျှရှိက 'လူဝခွန်'မည်သို့ပေးဆောင်ရမည်ဟု တိုက်ရိုက်မ ကောက်ခံသော်လည်း လူတွေအ၀လွန်ပြီး ကျန်မာရေးထိခိုက်စေမည့်အတွက် အစားအစာများအပေါ်မှာ ကောက်ခံခြင်းဖြစ်ရာ 'လူဝခွန်'ပင်ဖြစ်ပါလေ၏။
ဘာတဲ့ ..... 'လူဝခွန်'ဆိုပါလား။
ယခင်က တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့သဖြင့် ဟုတ်မှဟုတ်ရဲ့ လားဟု အစကထင်မိသေးတော့။ ယခု တော့ ကြားရသည့်သတင်းက အမှန်အကန်။ ဥရောပမြောက်ပိုင်းရှိ စကင်ဒီနေးဗီးယားနိုင်ငံများတွင် အ သေးဆုံးနိုင်ငံဖြစ်သော ဒိန်းမတ်နိုင်ငံသည် 'လူဝခွန်'ကိုသတ်မှတ်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့၏၊ 'လူဝခွန်'သတ်မှတ်ရခြင်း၏အဓိကရည်ရွယ်ချက်သည် လူများအနေဖြင့် ခန္ဓာကိုယ်အ၀လွန်ကဲစေမည့် ဆီ ဥထောပတ်အစားအစာများ(fatty foods)စားသုံးခြင်းကို ကန့်သတ်ရန်ဟု သတင်းကဆိုထား၏။
အစိုးရ၏'လူဝခွန်'သတင်းကြောင့် ဆိုင်တွေမှာ ဆီဥထောပတ်အစားအစာများ ပျောက်ခြင်းမလှပျောက် သွားကြကာ စားသုံးသူများအကြား အတော်လေးရုတ်ရုတ်သဲသဲဖြစ်ကြရသည်ဆို၏။ ယင်းအစားအစာ များ၏ ဈှေးနူန်းတွေတက်ကုန်သဖြင့် အိမ်တိုင်းအိမ်တိုင်းက ရေခဲသောတ္တာအပြည့်ဝယ်ယူသိုလှောင်ထား ကုန်ကြတော့သည်။
ဒါ့ ကြောင့် မကြာမတင်ကာလမှာ နိုင်ငံအချို့ တွင် 'လူဝခွန်'ပေါ်လာနိုင်သည်ဖြစ်ရာ မိမိတို့အနေဖြင့် သတိချပ်ကြရန် လိုပေလိမ့်မည်။
No comments:
Post a Comment