"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, August 11, 2012

ဧည့်ခန်းရှေ့ က ပန်းခြံလေး

စာရေးသူတို့အိမ်ကို ရောက်လာဖူးကြတဲ့ဧည့်သည်တိုင်းလိုလိုက အိမ်ရဲ့ အပြင်အဆင်နဲ့ပတ်သက်ပြီး သဘော ကျနှစ်ခြိုက်စွာ ပြောကြလေ့ရှိတာ ၂ ခုရှိပါတယ်။

အဲဒါတွေကတော့ .. ဘုရားစင်နဲ့ ပန်းခြံလေးတို့ ဖြစ်ကြပါတယ်။

အခုဒီစာမှာ အိမ်ရဲ့ အတွင်းဖက်က ဧည့်ခန်းနဲ့ တဆက်တည်းရှိနေတဲ့ စိမ်းစိမ်းစိုစို အရွက်ဖါးဖါးတွေကြားမှာ ပန်းမျိုးစုံ ဖူးပွင့်လျက်ရှိတဲ့ ပန်းခြံလေးအကြောင်း ပြောပြချင်ပါတယ်။


ဧည်ခန်းမှ မြင်တွေ့နေရတဲ့ ပန်းခြံတပိုင်းတစပုံ။
 
သူ့လက်ရာ ပန်းခြံလေးအတွင်းက အိမ်ရှင်မ။


ပန်းခြံလေးထဲမှာ အလုပ်လုပ်နေရတာကို ပျော်ရွှင် ကြည်နူးနေတတ်တဲ့ အိမ်ရှင်မ။ 


ဒီပန်းခြံလေးကို အမြဲဂရုတစိုက်နဲ့ ယုယုယယ ပြုစုပျိုးထောင်ခဲ့တဲ့ ဥယျာဉ်မှူးကတော့ စာရေးသူရဲ့ ဇနီးဖြစ်သူ ပဲဖြစ်ပါတယ်။ အချိန်မှန်မှန် ရေလောင်းပေးရတယ်။ ညှိုးနွမ်းနေတဲ့ အရွက်ကလေးတွေကို ဖယ်ရှားပေးရ တယ်။ မြေဆွ မြေသြဇာ ထည့်ပေးဖို့လိုပြန်ရင်လည်း ချိန်ဆထည့်ပေးရသေးတာ။

အိမ်ပေါ်မှာ ပန်းအိုးနဲ့စိုက်တဲ့အပင်တွေနဲ့ မြေကြီးပေါ်မှာ စိုက်တဲ့အပင်တေကို ပြုစုဂရုစိုက်ရတာခြင်း မတူတဲ့ အကြောင်းကို အိမ်ရှင်မက ဧည့်သည်သမီးလေးတွေကို ပြောပြရတယ်။ 

ဂျပန်သက်ရှည်ပင်။


အိမ်ထဲမှာတွေ့ရတဲ့ ဂျပန်သက်ရှည်ပငကို အိမ်မှာစိုက်ထားတာ ၅ နှစ် တောင်ရှိနေပြီ။ ဒီအပင်ကို ၀ယ်ခဲ့ တုန်းက တစ်ထွာလောက်လေးပဲ အမြင့်ရှိခဲ့တာ။

ပန်းခြံထဲက လိပ်ကန်ရဲ့ ဘေးမှာကပ်ပြီး ပန်းပွင့်နီနီရဲရဲလေး ၂ ပွင့် ပွင့်နေတဲ့အပင်ဟာ နှင်းဆီပင်လေးပါ။ 

လိပ်ကလေးတစ်ကောင်က လိပ်ကန်ရဲ့  ဘောင်နှုတ်ခမ်းပေါ်မှာ မေးတင်ထားလို့ ကင်မရာကိုကြည့်နေလေရဲ့ ။

တစ်နှစ်မှာ ဒီဇင်ဘာလတစ်လမှာပဲ ပွင့်လေ့ရှိတဲ့ စွင့်စွင့်ကားကား ၀ါးပန်းလေးတွေ ဖူးပွင့်နေကြတာကလည်း ချစ်စရာပါ။ (အပေါ်ပုံ)


မြန်မာပြည်မှ အလည်ရောက်လာသူ သက်ဇာခြည် (Physiotherapist) ရဲ့ အမှတ်တရ။


ပန်းခြံလေးထဲမှာထိုင်ပြီး လိပ်ကလေးတွေကို အစာကျွေးရင်း သဘောကျနေတဲ့ တောင်သာမြို့ သူလေး မခိုင်ဇင်ထွေး။

သဇင်နှင့် သစ်ခွပန်းလေးများ အပြိုင်ပွင့်နေကြလို့ ..



နှင်းဆီပန်းနဲ့ ချယ်ရီပန်းလေးတွေလည်း အပြိုင်အဆိုင် ပွင့်ကြလို့ ..။

ထိုင်ဝမ်ကလာတဲ့ ချယ်ရီပန်းပင်လေးကို နေ့တိုင်း ရေခဲတုံးထည့်ပေးရတယ်။

အိမ်ကိုရောက်လာကြတဲ့ဧည့်သည်တချို့ က ဒီပန်းခြံလေးထဲမှာ အမှတ်တရ ဓါတ်ပုံရိုက်သွားတတ်ကြတယ်။

မြန်မာပြည်မှ စင်ကာပူကို ခေတ္တအလည်ရောက်လာတဲ့ အကြောအဆစ်ကုပညာရှင် သက်ဇာခြည်ကတော့ "အန်တီရဲ့ ပန်းခြံလေးကို သမီး သိပ်ပြီးသဘောကျတာပဲ။ မြန်မာပြည်ကိုပြန်ရောက်တာနဲ့ အိမ်မှာ အဲဒီလိုပန်း ခြံလေး လုပ်ဦးမယ်"လို့ ပြောသွားခဲ့တယ်။


သစ်ခွပန်းဖြူလွှလွှလေးများ (အောက်)ကို ဇက၀ါပန်းကလေးများ (အပေါ်)နှင့်အတူ တွေ့နိုင်တယ်။


တလောက ကန့်ဘလူသူ ကန့်ဘလူသားလူငယ်လေးများ အိမ်ကိုလာကြတဲ့အထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ ကန့်ဘလူမြို့ နယ် ပေကုန်းရွာသူ သမီးငယ်လေးကတော့“အန်တီတို့အိမ်ထဲကိုလည်းဝင်လိုက်ကော အိမ်ရှေ့  က ပန်းခြံလေးကိုတွေ့ရတော့ မြန်မာပြည်ကအိမ်တွေကို ရောက်သွားရသလိုပဲ” လို့ ပြောခဲ့သေးတာ။ 


အိမ်ရှင်မရဲ့ လက်ရာ ဘူးသီးကျော်ကို ပန်းခြံလေးထဲမှာ စားရတာ အရသာ ရှိ..ရှိသေးတော့ ..။

 

ဒီပန်းခြံလေးက မိမိတို့မိသားစုကိုကော အိမ်ကိုအလည်လာကြတဲ့ ဧည့်သည်များကိုပါ စိတ်ကြည်နူးမှုဖြစ်စေ တာ အမှန်ပါ။

No comments:

Post a Comment