"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, August 15, 2012

မော်လမြိုင်မြို့  ကျိုက်သုတ်စေတီတော် အမှတ်တရ

ဒီကနေ့ထုတ်ကြေးမုံသတင်းစာမှာ မော်လမြိုင်မြို့ ၏ ကျက်သရေဆောင် ဆံတော်ရှင် ကျိုက် သုတ်စေတီ တော်မြတ်ကြီးတွင် ၁၂၇ ကြိမ်မြောက် ဆေးပဌာန်းပူဇော်ပွဲ ကျင်းပမယ့်အကြာင်း နှိုးဆော်တဲ့ ကြော်ငြာကို ဖတ်ရတော့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ မိမိတာဝန်ကျခဲ့တဲ့ ၁၉၇၅ မှ ၁၉၈၁ နှစ်များတုန်းက ဒီကျိုက် သုတ်ဘုရားကို ညနေတိုင်းသွားပြီး လေး ငါး ခြောက်လခန့် တရားထိုင်ခဲ့ဖူးတာ အမှတ်ရမိပါတယ်။ 

 

ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး။ (ဓါတ်ပုံ - ရတနာပုံ နေပြည်တော်သတင်းစာ)

 

အလယ်လမ်းမကြီးဖက်မှ ဖူးမျှော်ရသည့် ကျိုက်သုတ်ဘုရား။ (ဓါတ်ပုံ - အင်တာနက်)

 

ယခု စင်ကာပူက တန်တော့ဆင်းဆေးရုံကြီး (Tan Tock Seng Hospital) မှာ တာဝန်ထမ်း ဆောင်နေတဲ့ ဓါတ်မှန်ဘက်ဆိုင်ရာပညာရှင် (Radiographer) ကိုဖေသက်နဲ့ စာရေးသူတို့ သည် ညနေစာ စားပြီးတာနဲ့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကနေ အောက်ဖက်ဆင်းကာ အလယ်လမ်းအတိုင်း ကျိုက်သုတ်ဘုရားကို လမ်း လျောက်ပြီး သွားလေ့ရှိကြပါတယ်။ ကျိုက်သုတ် ဘုရားရင်ပြင်က သိပ်ပြီးကျယ်လှတာမဟုတ်လို့ ဘုရားဖူးလာ ကြသူများ သွားလာရာမှာ အနှောက်အရှက်မဖြစ်စေဖို့ မိမိတို့နှစ်ဦးသည် စေတီကိုမျက်နှာမူကာ ပန်းဆီမီးကပ် လှူတဲ့ ခုံအနီး ကပ်ထိုင်ကြလေ့ရှိပါတယ်။ အဲဒီနေရာက ရေစပ်စပ်ရှိလို့မို့ ခြင်အတော်ကိုက်တာကို သည်းခံပြီး တရားမှတ်ခဲ့ရတာ။

လူသွားလူလာက ခပ်ကျဲကျဲမို့ အသံဗလံဆူညံတာမျိုးတော့ နည်းပါတယ်။ 

တရားထိုင်ဖေါ်ဖြစ်တဲ့ ကိုဖေသက်က မော်လမြိုင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြောင်းသွားပြီး မိမိကတော့ အိမ်ထောင်ကျသွားခဲ့တာကြောင့် ကျိုက်သုတ်ဘုရားကို မရောက်ဖြစ်တော့သလို တရားလည်း ဆက်ပြီး မထိုင် ဖြစ်တော့ပါဘူး။ 

ဒီနေရာမှာ အလျဉ်းသင့်လို့ စာရေးသူ မော်လမြိုင်ကိုရောက်စက သတိပြုမေးမြန်းကြည့်မိတာ လေးတစ်ခုကို ဖောက်သည်ချပြောပြချင်ပါတယ်။ အဲဒါကတော့ ‘ကျိုက်’ ဆိုတဲ့ မွန်စကားလုံးပဲ ဖြစ်ပါတယ်။ မော်လမြိုင်က ဘုရားတစ်ချို့ ရဲ့ အမည်ရှေ့ မှာ ‘ကျိုက်’ ဆိုတဲ့ စကားလုံးလေးပါရှိ နေလို့ပါ။ ဥပမာ - ကျိုက်သုတ်ဘုရား၊ ကျိုက်သန်လန်ဘုရား၊ ကျိုက္ပနဲဘုရား။ နောက်ပြီး မွန် ပြည်နယ်ထဲက ကျိုက်ထိုမြို့ ရှိ ကျိုက်ထီးရိုးဘုရား၊ လမိုင်းမြို့ ရှိ ကျိုက်ကေလာသဘုရား။ ဒါနဲ့ မေးမြန်းကြည့်တဲ့အခါ ဆေးရုံက မိမိနဲ့ လုပ်ဖော်ကိုင်ဖက် မွန်တိုင်း ရင်းသားမိတ်ဆွေက ရှင်းပြ လို့ ‘ကျိုက်’ ဆိုတာ မွန်လို ‘ဘုရား’ပါတဲ့။

ဒါနဲ့တစ်ဆက်တည်း ယခင်က မိမိ သိရှိခဲ့ဖူးတဲ့ အခြားသော‘ကျိုက်’ပါတဲ့ဘုရားများကိုပါ သတိပြုမိခဲ့ပါတော့ တယ်။ မိမိအလုပ် လုပ်ခဲ့တဲ့ ရန်ကုန်မြို့  မသန်စွမ်းဆေးရုံနားက ကျိုက်ဝိုင်းဘုရား၊ မိမိ ဘုရားပွဲရောက်ခဲ့ဖူးတဲ့ မင်္ဂလာဒုံမြို့ နယ်က ကျိုက္ကလော့ဘုရား၊ ရန်ကုန်မြို့ က ထင်ရှားတဲ့ ဗိုလ်တထောင်ဘုရား(ခေါ်)ကျိုက်ဒေးအပ် ဘုရား၊ မရောက်ဖူးပေမယ့် ကြားဖူးခဲ့တဲ့ သံလျင်မြို့ က ကျိုက်ခေါက်ဘုရား စသည့် မွန်ဘုရင်များ တည်ထား ကိုးကွယ်ခဲ့ကြသည့် မြန်မာပြည်အနှံ့က အထင်ကရ ဘုရားစေတီများ။

ဒီနောက်မှာ မွန်ပြည်နယ်ကောင်စီရုံးနားက ကျောင်းတစ်ကျောင်းမှာ ဖွင့်လှစ်တဲ့ မွန်ဘာသာစ ကားသင်တန်း ကို မိမိ သွားတက်တဲ့အခါ မြန်မာလို ‘ကျိုက်’ ဆိုတဲ့စကားလုံးက မွန်စကားလုံး ‘ကျာ်’ကလာမှန်းသိခဲ့ရပါတယ်။ မြန်မာလိုခေါ်နေတဲ့ ကျိုက်သုတ်ဘုရားဟာလည်း မွန်အသံ ထွက်ဖြစ်တဲ့ ကျိုက် (ဘုရား)နဲ့ စွတ် (ဆံတော်) မှ ကာလရွေ့ လျားပြီး ကျိုက်သုတ်ဖြစ်လာခဲ့တာလို့ မှတ်သားခဲ့ရပါတယ်။  

 

 

No comments:

Post a Comment