"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 5, 2012

မြန်မာပြည်မှ သတင်းများ (သြဂုတ်လ ၂၀၁၂)

စဥ့်ကူးမင်းခေါင်းလောင်းကြီးကို ခေါင်းလောင်းမထိုးရတော့ 

မြန်မာ့ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပျက်စီးယိုယွင်းခြင်း မဖြစ်စေရန် ကာကွယ် ထိန်းသိမ်းသည့်အနေဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းရှိ စဥ့်ကူးမင်း ခေါင်းလောင်းကို ယခုသြဂုတ်လဆန်းမှစပြီး ခေါင်းလောင်းထိုးခွင့်မပြုတော့ဟု သိရသည်။

သက်တမ်းအားဖြင့် ၂၃၄ နှစ်ရှိပြီး အလေးချိန် တန်ချိန် ၂၄ တန်ရှိသော စဥ့်ကူးမင်းခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီတော်ရင်ပြင်၌ရှိသော ခေါင်းလောင်းကြီး ၂ ခုအနက် ဒုတိယအကြီးဆုံးဖြစ်ပြီး ပထမအကြီး ဆုံးခေါင်းလောင်းမှာ တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်းခေါင်းလောင်းကြီးဖြစ်ကာ သက်တမ်းအားဖြင့် ၁၇၂ နှစ်ရှိပြီး အလေးချိန် ၄၂ တန်ရှိလေသည်။

 

ရန်ကုန်တက္ကသိုလ်အတွင်း ကားများဝင်ထွက်နိုင်ကြပြီ 

ယခုသြဂုတ်လ ၁ ရက်နေ့မှစပြီး ရန်ကုန်တက္ကသိုလ်အတွင်းသို့ မော်တော်ယာဉ်များ ယခင်ကလို ပြန်လည် ၀င်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ကိုယ်ပိုင်ယာဉ်များသာမက အငှားကားများပါ ၀င်ထွက်ခွင့်ရသဖြင့် တက္ကသိုလ်ထဲသို့ သွားလာရ လွယ်ကူအ ဆင်ပြေကြောင်းနှင့် ကားများဝင်ထွက်ခွင့်မရစဉ်က လမ်းလျောက်သွားခဲ့ရသည် မှာ မလွယ်ကူလှကြောင်း ကြားသိရသည်။

 

Mr. Tomás Ojea Quintana ၏ ရခိုင်ပြည်နယ်ခရီး

Mr. Tomás Ojea Quintana သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပြုပြင် ပြောင်းလဲမှု တိုးတက်မှုများကို လေ့လာအကဲခတ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရောက်ရှိလာကာ သြ ဂုတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခဲ့သည်။

Mr. Tomás Ojea Quintana သည် ၂၀၀၈ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကု လသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

 

Mr. Tomás Ojea Quintana သည် ရခိုင်ပြည်နယ် မောင်တောမြို့သို့ သွားရောက်လေ့လာခဲ့ရာတွင် ဘင်္ဂါလီငါးဦးကို သီးခြားတွေ့ဆုံခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများနှင့်မူ သီးခြားတွေ့ဆုံခြင်း မပြုလုပ်ခဲ့ဟု သိရှိရသည်။

သူ၏ မြန်မာနိုင်ငံဆိုင်ရာ ယခုခရီးစဉ်သည် ခြောက်ကြိမ်မြောက်ခရီးစဉ် ဖြစ်သည်။


မလေးရောက် မြန်မာလုပ်သားများ နေ့ချင်းပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မြန်မာသံရုံးသို့ နေ့စဉ် ပျမ်းမျှမြန်မာလုပ်သား ၃၀၀ ခန့် နိုင်ငံကူးလက် မှတ်လျှောက်ထားလျက်ရှိကြရာ နိုင်ငံကူးလက်မှတ်များကိုနေ့ချင်းပြီးထုတ်ပေးနိုင်ရန် သံရုံးမှ ကြိုးစားဆောင် ရွက်ပေးလျက်ရှိကြောင်း ကြားသိရသည်။  

မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၁၄၄,၀၉၈ ဦး ရှိပြီး တရားမ၀င်နေထိုင် သူ ၁၁၃,၄၈၅ ဦး ရှိသည်ဆို၏။

 

တောင်သမန်အင်း ရေ၀င်အလှ ဧည့်သည်ကျ 

 

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ နယ်ရှိ နာမည်ကျော် တောင်သမန်အင်းထဲသို့ ရေများဝင် ရောက်လာပြီ ဖြစ်လေရာ တောင်သမန်အင်းကြီးနှင့် ဦးပိန်တံတားတို့ ပဏာရစွာ လှပလာသဖြင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တို့အား ဆွဲဆောင်လျက်ရှိကြောင်းသိရှိရသည်။ 

 

The Voice Weekly နှင့် Envoy ဂျာနယ် တို့ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရ 

စာပေစိစစ်ရေးဌာနသို့ သတင်းများကို တင်ပြခြင်းမရှိဘဲ ဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေး စည်းမျဉ်းများ အား ချိုးဖောက်သည်ဟုဆိုကာ စာဖတ်ပရိသတ်များပြီး စာပေအဆင့်ရှိသည့် The Voice Weeklyနှင့် Envoy ဂျာနယ် ၂ စောင်တို့၏ ထုတ်ဝေခွင့်ကို ခေတ္တရပ်ဆိုင်းလိုက်သည်။

The Voice Weekly က ၀န်ကြီး ၅ ဦး အပြောင်းအရွေ့ သတင်းဖော်ပြခဲ့ပြီး Envoy ဂျာနယ်က လွှတ်တော် အမတ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံမှ Southern Weekendနှင့် အင်တာဗျူးသတင်းအား ဖော်ပြခဲ့ သည်ဆို၏။

 

၇-၈-၁၂ (အင်္ဂါနေ့)

မြန်မာပြည်အနှံ့ ရေ .. ရေ .. ရေ..တွေကြီး 

ယခုအခါ မြန်မာနိုင်ငံအနှံ့တွင် ရေကြီးသည့်သတင်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းကို နေ့ စဉ်ရက်ဆက် ကြားနေရသည်။



 

 

 

 

 

  

 

 

 

ဓါတ်ပုံများကို မြန်မာသတင်းစာများမှ ကူးယူဖော်ပြထားပါသည်။

 

 

၈-၈-၁၂ (ဗုဒ္ဓဟူး)

 

မြန်မာပြည်မှ သတင်းများ (၈ ရက် သြဂုတ်လ ၂၀၁၂)

 

၈၈၈၈ အရေးတော်ပုံ ငွေရတုအကြိုသို့  ပြည်ထောင်စုအစိုးရအဖွဲ့မှ အလှူငွေများပေးအပ်

၈၈ မျိုးဆက်ကျောင်းသားများက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘု ရားကြီးကျောင်းတိုက် ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲအခမ်းအနားအ တွက် ပြင်ဆင်နေကြချိန်တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်ကြသည့် စက်မှုဝန်ကြီးဌာနမှ ၀န်ကြီးဦးစိုးသိန်း နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း တို့သည် သြဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြပြီး ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုကာ ၈၈မျိုး ဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အဆင့်မှ အဆိုပါအထိမ်းအမှတ်အခမ်းအနားကို ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလို ၍ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီးနှစ်ဦး ယခုကဲ့သို့ လာရောက်၍ ၈၈မျိုး ဆက် ကျောင်းသားများအဖွဲ့သို့ အလှူငွေများပေးအပ်ခဲ့ဖြစ်ကြောင်း သတင်းရရှိသည်။

 

မြန်မာပြည်မှ နောက်ဆက်တွဲ သတင်းများ  (၈ ရက် သြဂုတ်လ ဗုဒ္ဓဟူး၊၂၀၁၂)

 

The Voice Weekly နှင့် Envoy ဂျာနယ်တို့ ထုတ်ဝေခွင့်ပြန်ရကြ 

The Voice Weeklyနှင့် Envoy ဂျာနယ် ၂ စောင်အား ရက်သတ္တပတ်နှစ်ပတ်ကြာ ထုတ်ဝေခွင့် ခေတ္တရပ် ဆိုင်းခံထားရာမှ ရပ်ဆိုင်းသည့်ကာလ ပြည့်သည်နှင့် ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့ ကြောင်း သိရှိရသည်။   

 

ထုတ်ဝေခွင့် ခေတ္တရပ်နားခံထားရာမှ "ပြည်သူ့အတွက် လျှပ်တစ်ပြက်"ဆိုတဲ့ ကြွေးကြော်သံဖြင့် ပြန်ထွက်လာခဲ့။

 

အလားတူပင် ဇွန်လဆန်းပိုင်းက ထုတ်ဝေခွင့်ရပ်ဆိုင်းခံထားရသသည့် လျှပ်တစ်ပြက်ဂျာနယ် ကိုလည်း သြဂုတ်လ ၉ ရက်နေ့မှစ၍ ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့သည်။

 

Mr. Tomás Ojea Quintana ၏ မဲဆောက်ခရီး

မြန်မာပြည်မှ မကြာမီကပြန်သွားခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာသောမတ်စ် အိုဟေး ကင်တာနာ (Mr. Tomás Ojea Quintana) သည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် မြန်မာအဖွဲ့ အစည်းအချို့ နှင့်တွေ့ဆုံ၍ သူ့အခွင့်အရေး ဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရေးရာကိစ္စများကို သြဂုတ်လ ၇ ရက်နေ့က သွားရောက်ဆွေးနွေးကြောင်း သိရသည်။

ကင်တာနာ၏ ရခိုင်ပြည်နယ်ခရီးစဉ်နှင့်ပတ်သက်၍ တဘက်သတ်ဆန်သည်ဟု ဒေသခံရခိုင်တိုင်းရင်းသား များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရခိုင်နိုင်ငံရေးပါတီများနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ က ဝေဖန်ထားကြသည့်အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဝေဖန်ထောက်ပြထားခဲ့သည်။

ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက “ကျနော် ကိုယ်တိုင်လည်း လိုက်ပါပြီး တွေ့ချင်သူတွေနဲ့တွေ့ပေးတယ်၊ ဒါပေမယ့် အစိုးရအဖွဲ့ကို မေးမြန်းတာ ဘာမှ မရှိဘူး၊ ကျနော်တို့က ဘာမှ ရှင်းပြဖို့ အခွင့်အရေးပေးတာမျိုး မရှိဘူး၊ လူ့အခွင့်အရေးကိုယ်စားလှယ် တယောက်အနေနဲ့ ဒီလို မလုပ်သင့်ဘူးလို့ ယူဆတယ်”ဟု ဧရာဝတီကို ပြောခဲ့သည်။

 

၁၂ ရက် သြဂုတ်လ (တနင်္ဂနွေ) ၂၀၁၂

မြန်မာပြည်မှ သတင်းများ (၁၂ ရက် သြဂုတ်လ ၂၀၁၂)

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဆိုကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ သမ္မတကြီး ဦးသိန်းစိန်၏ အဆိုကို အပြည့်အ၀ထောက်ခံပါကြောင်း ရန်ကုန်မြို့ ပြည်လမ်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) ရှေ့၌ သြဂုတ်လ ၃ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်က ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများက ..

"ရိုဟင်ဂျာအရေးပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာများသည် မြန် မာတိုင်းရင်းသားများ မဟုတ်ကြ၊ မြန်မာလူမျိုးများလည်းမဟုတ်ကြ၊ လိမ်ညာဝါဒဖြန့်နေသည့်မီ ဒီယာများ ချက်ချင်းရပ်၊ ရိုဟင်ဂျာကို တိုင်းရင်းသားဟုပြောကြသူများကို လုံးဝအလိုမရှိ"ဟု သံ ပြိုင်အော်ဟစ် ကြွေးကြော်ခဲ့ကြသည်ဆို၏။

 

ရှစ်လေးလုံးနေ့ အခမ်းအနား ကျင်းပ

'ရှစ်လေးလုံး အရေးတော်ပုံ ၂၄ ပြည့် နှစ်ပတ်လည်အခမ်းအနား'များကို  ၈၈ မျိုးဆက် ကျောင်းသူကျောင်းသားများက ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင် ဩဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့ကြသည်။

ယင်း နှစ်ပတ်လည်အခမ်းအနား အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး အကျဉ်းသား များ ပြန်လည်လွတ်မြောက်ရေးနှင့် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် ဒီမိုကရေစီ အင်အားစုများ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် ရှစ်လေးလုံးနေ့ကို သမိုင်း ၀င်နေ့အဖြစ် တရားဝင်သတ်မှတ်ပေးရေး စသည့်အချက်လေးချက်ပါဝင်သော သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဖြစ်သူ ဦးတင်ဦးက ၈ လေးလုံး အရေးတော်ပုံသည် မြန်မာ့သမိုင်းတွင် လွန်စွာအရေးပါသည့် နေ့ထူး နေ့မြတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ရ ဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ လူထု လူတန်းစားအသီးသီးက တစ်ပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့အတွက် ကျောင်းသားများနှင့်လူထုက ဦးဆောင် ခဲ့သည့်တွက် မမေ့အပ်သည့် နေ့တစ်နေ့ဖြစ် ကြောင်းပြောကြားသွားခဲ့သည်။

 

ရခိုင်ပြည်နယ် ကျောက်တော် အကြမ်းဖက်မှုတစ်ရပ်ဖြစ်ပွားပြန်

ကျောက်တော်မြို့ နှင့် ခရီးကွာဝေးပြီး မင်းပြားနှင့်နီးသည့် ဂုတ်ပီတောင်ရွာတွင် ဘင်္ဂါလီလူမျိုး တွေက အရင်ရန်စသဖြင့် ရခိုင်တိုင်းရင်းသားများမှ မခံမရပ်နိုင်ဖြစ်ကာ ပြန်လည်တုံ့ပြန်ရာမှ အပြန်အလှန်ဖြစ်ပွားရကြောင်းနှင့် ဘင်္ဂါလီလူမျိုးတွေက သြဂုတ်လ ၆ ရက်နေ့မှာ တောင် ပေါက်ရွာရှိ ဆန်စက်အကြီးကို မီးလာရှို့ကြသဖြင့် ပြန်ဖြစ်ကြရခြင်းဖြစ်ကြောင်းကို ရခိုင်ပြည် နယ် သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းတင်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြော ကြားခဲ့သည်။

 

 

၁၄ ရက် သြဂုတ်လ (အင်္ဂါ) ၂၀၁၂

မြန်မာပြည်မှ သတင်းများ ( ၁၄ ရက် သြဂုတ်လ ၂၀၁၂)

 

ကုလ ကိုယ်စားလှယ် ကင်တာနာကို ဖြုတ်ပစ်ရန် ပါတီများတောင်းဆို

ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာသောမတ်စ် အိုဟေး ကင်တာ နာ(Mr. Tomás Ojea Quintana)အား ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂလီလူမျိုး ရိုဟင်ဂျာများဖက်မှသာ တစ်ဖက်စောင်းနင်းရပ်တည်ကာ ဘက်လိုက်ပြီး သတင်းပို့အစီရင်ခံခဲ့သဖြင့် မြန်မာနိုင်ငံရေးပါတီ ၂၄ ပါတီမှ ပါတီကိုယ်စားများက သူ့အား လက်ရှိရာထူးမှ ဖယ်ရှားပစ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

သူ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ကင်တာနာသည် ရခိုင်တိုင်းရင်းသား ဒုက္ခသည်များအား လုံးဝ မျက်ကွယ် ပြုခဲ့သဖြင့် သူ့ကို ရာထူးမှဖယ်ရှားပြီး နောက်ကိုယ်စားလှယ်အသစ်တစ်ဦးဖြင့် အစားထိုးရန် ကမ္ဘာ့ကုလသမဂ္ဂ အထူးအကြံပေးလက်ထောက် ဗွီဂျေ နမ်ဘီးယားနှင့် တွေ့ဆုံရာတွင်  ပါတီကိုယ်စားများက တောင်းဆိုလိုက် သည်။

 

၁၈ ရက် သြဂုတ်လ (စနေနေ့) ၂၀၁၂

မြန်မာပြည်မှ သတင်းများ ( ၁၈ ရက် သြဂုတ်လ ၂၀၁၂)

ရခိုင်ပြည်နယ်ပဋိပက္ခ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးးရေးကော်မရှင်ဖွဲ့

မကြာခင်က ဖြစ်ပွားသွားခဲ့သည့် ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်ပတ်သက်ပြီး အဖြစ်အပျက် အမှန်များ သိ ရှိပေါ်ပေါက်နိုင်စေရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော် သမ္မကြီး ဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ 

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဒေါက်တာမျိုးမြင့် (ညွှန်ကြားရေးမှူးချုပ်၊ အငြိမ်းစား၊ သာသနာရေး ၀န်ကြီးဌာန)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး Myanmar Egressမှ ဒေါက် တာကျော်ရင်လှိုင်က အ တွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ယင်းကော်မရှင်သည်

(က) တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ (ခ)ပဋိပက္ခဖြစ်ပွား မှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ (ဂ) တည်ငြိမ်အေးချမ်းမှု ရရှိ ရေးအတွက်ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ (ဃ) ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊(င) ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက် များ၊ (စ) ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေ ထိုင်နိုင်မည့်နည်းလမ်းများ၊ (ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊ (ဇ) စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အကြံပြုချက်များအစရှိသည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

 

၂၀ ရက် သြဂုတ်လ (တနင်္လာနေ့) ၂၀၁၂

ရခိုင်ပြည်နယ် အခြေအနေများနှင့် စပ်လျဉ်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သဘောထား ထုတ်ပြန်ကြေညာ 

 

ကြေးမုံသတင်းစာ၊ ၂၀-၈-၂၀၁၂။

 

The New Light of Myanmar 20-08-2012.

 

 

 


 

 

 

 

No comments:

Post a Comment