"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 24, 2012

စာရေးဆရာကြီးမင်းယုဝေ အမျိုးသားစာပေ တစ်သက်တာဆုရရှိ



 

နိုဝင်ဘာ ၃ ရက်န့ထုတ် မန်မာသတင်းစာများမှာ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ

က မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးရေးသားပြုစုခဲ့တဲ့ ဆာင်ရွက်

ချက်များကို နိုင်ငံတော်ကအသိအမှတ်ပြုသောအားဖြင့် စာရေးဆရာကြီးမင်းယုဝေ(အမည်ရင်းဦးဝင်း

မောင်)အား ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပ တစ်သက်တာဆုကိုချီးမြှင့်လိုက်တာဖတ်ရလို့ အ

တော်လေး ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။

 











အမျိုးသားစာပေ တစ်သက်တာဆုရ
စာရေးဆရာကြီး မင်းယုဝေ။
(ဓာတ်ပုံ - ကြေးမုံသတင်းစာ)


စာရေးသူသိရသ၍ဆိုရင် စာရေးဆရာကြီး မင်းယုဝေသည် သူ့ဘ၀တစ်သက်တာလုံးကို စာပေများ

ရေးသားပုစုခင်း၊ စာတည်းတာဝန်များထမ်းဆောင်ခြင်းနှင့်မြန်မာစာကောင်းပေမွန်များထုတ်ဝေခြင်း

တို့ကို တစ်စိုက်မတ်မတ်လုပ်လာခဲ့တာ သိခဲ့ရပါတယ်။ ဆရာကြီးရဲ့ စာများကို စာရေးသူတို့ငယ်စဉ်က 

မှတ်မှတ်ရရ စပြီးဖတ်ဖူးခဲ့တာကတာ့ ကန့်ဘလူ အထက်တန်းကျောင်း ၉ တန်းကျောင်းသားဘ၀က

ဖြစ်တယ်။ အဲဒီအချိန်တုန်းက မြ၀တီပုံနှိပ်တိုက်ကထုတ်ဝေတဲ့ငွေတာရီမဂ္ဂဇင်းမှာ ကွယ်လွန်သူကဗျာ

ဆရာမကြီးငွေတာရီ(ဆရာကြီး၏ဇနီး)၏ကဗျာများနဲ့အတူ ဆရာကြီး၏စာများကို ဖတ်ခဲ့ရပါတယ်။


စာရေးသူ ဆရာကြီးကို လူကိုယ်တိုင်တွေ့ဖူးခဲ့တာကတော့ ရန်ကုန်မြို့  ဆူးလေဘုရားလမ်းမှာရှိတဲ့မြဝ

တီပုံနှိပ်တိုက်မှာပါ။ ၁၉၆၉ ခုနှစ်လောက်က ငွေတာရီမဂ္ဂဇင်းရဲ့ တက္ကသိုလ်ကဏ္ဍ  ဆေးတက္ကသိုလ်

(၁)မှာ လူသေခွဲစိတ်ပြီး လေ့လာကြရတဲ့အကြောင်းအတွေ့အကြုံများကိုရေးထားတဲ့ စာရေးသူ၏‘စေ

တနာရနံ့’ ခေါင်းစဉ်နဲ့ အစမ်းစာလးဖော်ပြပးခဲ့တုန်းကဖြစ်တယ်။ ထိုစဉ်က ငွေတာရီမဂ္ဂဇင်းက စာ

ပေပိုးထပြီး ကလောင်သွေးချင်နေကြတဲ့တက္ကသိုလ်ကျာင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်

ကဏ္ဍဆိုတဲ့နေရာလေးဖန်တီးပေးထားပြီး စင်တင်ပေးခဲ့တယ်။ 

တစ်လမှာ ၂ ပုဒ်လောက် ရွေးချယ်ဖော်ပြပေးတတ်တာ။


























အလားတူပါပဲ ရန်ကုန်မြို့ ကျောက်မြောင်းအရပ်မှာရှိတဲ့ ယုဝတီအမျိုးသမီးမဂ္ဂဇင်းကလည်း ကလောင်
သွေးချင်နကြတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်ကဏ္ဍလေး ဖန်တီးဖွင့်
ပေးထားပြီး မြေတောင်မြှောက်စင်တင်ပေးနေတာဖြစ်လို့ တက္ကသိုလ်မှာစာရေးသူနားထာင်ခဲ့ရတဲ့ စာ
ရေးဆရာကြီးများ၏စာပေဟာပြေပွဲတွေအကြောင်းကို ဆောင်းပါးလေးတစ်ပုဒ်ရေးခဲ့ဖူးပါသေးတယ်။ 

စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘ၀ကဆိုရင် ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ကြီးတွင် နိုင်ငံကျော်
စာရေးဆရာကြီးများ (ဦးသိန်းဖေမြင့်၊ ဦးတင်အေး<သျှမ်းပြည်>၊ ရုပ်ရှင်သရုပ်ဆောင် ဗိုလ်ဗကို၊ သိပ္ပံမှူး 
တင် စသဖြင့်)ကို ဖိတ်ကြားပြီး ဟောပြောပွဲတွေကျင်းပလေ့ရှိခဲ့ကြတာ။

ကဲ .. ဆရာကြီးမင်းယုဝေအကြောင်း ဆက်ပြီးပြောပါဦးမယ်။

စာရေးသူအလုပ်ထဲရောက်သွားပြီး စာတွေအတော်များများရေးဖြစ်ခဲ့တဲ့၁၉၈၀ ခုနှစ်ဦးကာလများမှာ ဆ
ရာကြီးဦးစီးထုတ်ဝေတဲ့‘သုတကြေးမုံ’ (မိမိမှတ်မိသ စာအုပ်နာမည် မှန်မည်ဟုထင်ပါသည်)စာအုပ်မှာ 
ဆေးပညာပးဆောင်းပါးများရေးရင်း ဆရာကြီးနဲ့ပြန်တွေ့ပြီး ရင်းရင်းနှီးနှီးရှိလာခဲ့ရပါတယ်။ အဲဒီအချိန်
က အစိုးရက စာအုပ်ကြိုတင်ရိုက်ပြီးမှစိစစ်ရေးကိုတင်ရတဲ့ 'တင်ထုတ်'စာအုပ်တွေ(အထူးသဖြင့် ဗဟုသု
တနှင့်ဗဒင် ဂမ္ဘီရစာအုပ်များ) ကို ဖောခြင်းသောခြင်း ချပေးနလို့ လက်ထဲမှာ ပိုက်ဆံတွေအပိုရှိနေပြီး 
ဘာလုပ်ရမှန်းမသိဖစ်နေကြကာ စာပေပိုးထ,နေကြတဲ့ ပုဂ္ဂိုလ်အချို့ က ရန်ကုန်မြို့ လယ်မှာ အခန်းလေး
တစ်ခန်းငှား စားပွဲလေး ၂ လုံးလောက်နဲ့ အယ်ဒီတာလုပ်ကြတာ တစ်ခေတ်လို့ဆိုရလောက်အောင်ပါပဲ။ 

ထုတ်လိုက်ကြတဲ့သုတစာအုပ်တွေ … ဒေါက်တာတင်ထွန်းဦးရဲ့  ‘သုတစွယ်စုံ’တဲ့၊ တရုတ်သိုင်းဝတ္တုတွေ 
ဘာသာပြန်ရေးနေတဲ့ တက္ကသိုလ်ဝင်းကြွယ်ရဲ့ ‘သုတကြွယ်’တဲ့၊ အစိုးရအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဦးတိုး
အောင်ရဲ့ ‘သုတအောင်’တဲ့၊ ဆရာကြီးမင်းယုဝေရဲ့  ‘သုတကြေးမုံ’တဲ့ စုံလို့ စုံလို့ပါပဲ။ 

စာရေးသူသိရသ၍တော့ ဆရာကြီးမင်းယုဝေသည် ထိုစဉ်က မြ၀တီပုံနှိပ်တိုက် အစိုးရ၀န်ထမ်း(အယ်ဒီ
တာချုပ်)အဖြစ်မှအနားယူပြီး သုတစာအုပ်နဲ့မြတ်မင်္ဂလာစာစောင်များကိုစီစဉ်တည်းဖြတ်ထုတ်နေခဲ့တာ။   






ဆရာကြီးမင်းယုဝေ ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံရလို့ မိမိသိရှိဆက်
ဆံခဲ့ဖူးတဲ့ဆရာကြီးအားလေးစားဂုဏ်ပြုတဲ့အနေဖြင့် မနေ့ည(၂၃ နိုဝင်ဘာ)က ဘလော့မှာစာနဲ့ပူဇော်ဖို့ 
ရည်ရွယ်ခဲ့ပေမယ့် မရေးဖြစ်ခဲ့တာကြောင့် ဒီကနေ့မနက်(၂၄ နိုဝင်ဘာ)စောစော ၂ နာရီကျာ်လောက်
မှာမှ အိပ်ယာကထပြီးရေးဖြစ်ခဲ့တာပါ။ တစ်ပိုင်းတစ်ဖြတ်ရေးတင်ပြီးမှ အိပ်ယာပြန်ဝင်ခဲ့ရပါတယ်။ 

တန်ဆောင်မုန်းလဆန်း ၁၁ ရက် စနေနေ့။ 24 November 2012

ဒီကနေ့ထုတ်မြန်မာသတင်းစာများမှာ ဆရာကြီးနဲ့တွေ့ဆုံမေးမြန်းခြင်းသတင်းများပါလာပြီး အသက် 
၈၅ နှစ်ရှိပြီဖြစ်သောဆရာကြီး ကျန်းကျန်းမာမာရှိနေဆဲဖြစ်ကြောင်း ဓာတ်ပုံနဲ့တကွတွေ့ရလို့ ထပ်ပြီး
ဝမ်းသာရပြန်ပါတယ်။ ဆရာကြီး၏ခန္ဓာကိုယ်က ပါးပါးလျားလျားရှိနေဆဲပင်။ 
ဘာမှပြောင်းလဲမှုမရှိတာကို တအံ့တသြတွေ့ရပါတယ်။ 

သူ့ဘ၀ သူ့စာပေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်းမှာ ဆရာကြီးက အောက်ပါအတိုင်းပြောခဲ့ပါ
တယ်။  

“စာပေဘ၀လို့ပြောရရင် တစ်ဘ၀လုံးပေါ့။ ဘဘရဲ့ ဘ၀ဆိုတာ စာပေဖြစ်ပါတယ်။ 
စာရေးတတ်ဖတ်တတ်တဲ့ အချိန်ကတည်းက စာပေကို မြတ်နိုးတန်ဖိုးထားခဲ့ပြီး 
ဘ၀တစ်ခုလုံးကိုမြှုပ်နှံထားခဲ့ပါတယ်။ အခု အသက် ၈၅ နှစ်အချိန်အထိ စာပေ 
အတွက်လုပ်ဆောင်နေပါတယ်။ နောက်ထပ်ကျန်နေတဲ့နေ့ရက်တွေမှာလည်း 
စာရေးနိုင်တဲ့အချိန်အထိ ရေးနေဦးမှာပါ။” တဲ့။




















...........


ဆရာကြီးမင်းယုဝေ အမျိုးသားစာပေ တစ်သက်တာဆုရတာနဲ့ပတ်သက်ပြီး ယခုဘဘော့မှာစာရေးသူ 

ရေးသားထားတာကို ဖတ်ရလို့ ဆရာဝန်စာရေးဆရာ လူမျိုးနော်က သူရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ

ကနေ သူ့ အမြင်လေးကို ဆွေးနွေးရေးပို့ရာမှာ အလွန်ကောင်းမွန်တဲ့ အကြံပြုချက်တစ်ချက် ပါရှိလာခဲ့

ပါတယ်။   

အဲဒါကတော့ တစ်သက်တာစာပေဆုကို တစ်နှစ်မှာ တစ်ဦးတည်းကိုပဲ ချီးမြှင့်ပေးမယ့်အစား တစ်ဦး

ထက်ပိုပြီးချီးမြှင့်သင့်တယ်ဆိုတာဖြစ်တယ်။ သို့မှသာ ဒီဆုနဲ့ထိုက်တန်သည့်အမျိုးသား အမျိုးသမီးစာ

ရေးဆရာကြီးများနဲ့ကဗျာဆရာကြီးများ သက်ရှိထင်ရှားရှိစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ဆုယူနိုင်ကြမှာ

ဖြစ်လို့မို့ နိုင်ငံတော်အစိုးရအား သူက အကြံပြုလိုတာဖြစ်တယ်။

အလွန်လက်တွေ့ကျပြီး ဆောင်ရွက်သင့်တဲ့ကိစ္စလည်း ဖြစ်နေပါတယ်။






















စာရေးသူတို့နိုင်ငံမှာ စာရေးဆရာ ကဗျာဆရာများ၏ဘ၀ဟာ လုံးဝကို လုံခြုံမှု မရှိဆုံးပါ။ (တစ်ရာခိုင်

နှုန်း ထက်နည်းတဲ့ ကံကောင်းထောက်မသူ စာရေးဆရာ ကဗျာဆရာများကို ထည့်မတွက်ပါဘူး။) ဟို

အရင်ကတည်းက အရပ်ထဲမှာ ယေဘုယျအားဖြင့် ပြောလေ့ပြောထရှိခဲ့ကြ နားလည်ထားလေ့ရှိခဲ့ကြ

တာကတော့ စာရးဆရာလုပ်ရင် ‘ငတ်မယ်’ လို့ပါ။ စာရေးဆရာကို ‘လင်’လုပ်ရင်လည်း အဲဒီမိန်းမ 

‘ငတ်ပြီတာမှတ်’ ဆိုတဲ့အထဲကပါပဲ။ ဘယ်မိဖကမှ သူတို့သမီးကို စာရေးဆရာ ကဗျာဆရာနဲ့ အိမ်

ထောင်ရက်သားမကျစေလိုတာ ‘သဘောပေါက်’ ဆိုတဲ့အတိုင်းပါပဲ။

သို့ပေမယ့် စာရေးဆရာ ကဗျာဆရာဖြစ်ချင်သူများသည် သူတို့သိပြီးသားဖြစ်တဲ့ ထိုအဖြေအတွက် 

လုံဝဂရု မပြုကြပါဘူး။ သူတို့အဖို့က ငွေနဲ့ရာထူးဌာနန္တရများသည် သာမည။ သွေးထဲက မွေးရာပါ ၀ါ

သနာနဲ့ တိုင်းပြည်နဲ့လူမျိုးကို စာပေနဲ့ ကလောင်နဲ့မှ အကျိုးပြုလိုခြင်းသည်သာ ပဓာန။ 

ဆရာကြီးမင်းယုဝေ၏ စကားကို ကိုးကားပြောရသော်  စာရေးဆရာ ကဗျာဆရာများ၏ဘ၀ဆိုတာ 

စာပေမှစာပေပဲ ဖြစ်ပါတယ်။ ထိုမှတစ်ပါး အခြား မရှိတော့ပြီ။ 

လေးစား အားကျလောက်ပါဘိ။ 

 













































1 comment:

  1. I'm so thrilled and extremely happy for that great news.
    Thanks so much for posting and sharing Saya TMA.
    Although it is a long-overdued award, it is "Better Late than Never". :-))))))) Isn't it?
    He thoroughly deserves that!
    Suggestion to Myanmar Government:
    If possible, instead of awarding one writer a year, I wish that the Government awards all the great writers/poets more than one per year with serious mission. Thus, the aging writers/poets can collect their awards/prizes in person when they are still alive.:-)))))
    (LMN)

    ReplyDelete