"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 2, 2013

မြန်မာပြည်မှ သတင်းများ (မတ်လ)


၁၃၇၄ ခုနှစ်  တပို့တွဲလပြည့်ကျော် ၅ ရက်   



ပုဂ္ဂလိကသတင်းစာများ ယာယီထုတ်ဝေခွင့် ချပေးလိုက်ပြီ

ယာယီထုတ်ဝေခွင့်ကျသည့် သတင်းစာ (၈) စောင်မှာ ခေတ်မိုးသတင်းစာ၊ ရွှေနိုင်ငံသစ်သတင်းစာ၊ ပြည်ထောင်စုနေ့စဉ်သတင်းစာ၊ အင်ပါယာနေ့စဉ်သတင်းစာ၊ The Messenger ၊ နောက်ဆုံးရနေ့ စဉ်သတင်းစာ၊ မြန်မာနယူးစ်ဝိခ်နေ့စဉ်သတင်းစာနှင့် မဇ္ဈိမသတင်းစာတို့ ဖြစ်ကြပြီး ကျန်သော ၆ စောင်မှာ လျှောက်လွှာပါလိုအပ်ချက်များကို ပြန်လည်ပြင်ဆင်လျှောက်ထားကြရမည်ဖြစ်  ကြောင်း ကြားသိရသည်။



မြန်မာအလုပ်သမားများ ဂျော်ဒန်နိုင်ငံမှာ ဆန္ဒပြကြ (၂)

ဂျော်ဒန်နိုင်ငံတွင် အလုပ်ရှင်မှကျွေးမွေးသည့် နေ့လည်စာမှာ စားသုံးရန်လည်းမသင့် ကောင်းလည်း မကောင်းသဖြင့် မြန်မာအလုပ်သမားများက ဆန္ဒပြလျက်ရှိကြရာ **အစ္စရေးနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ညှိ နှိုင်းဆောင်ရွက်ပေးမှုကြောင့် မြန်မာစားဖိုမှူး (၄) ဦးခန့်ထားပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အစားအ သောက်များ မှာယူချက်ပြုတ်ပေးမည်ဖြစ်ကြောင်း၊ ဘာသာစကား အခက်အခဲပြေလည်စေရန် မြန်မာလူမျိုး အချို့ အား ကြီးကြပ်ရေးမှူးများအဖြစ် ခန့်ထားပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာအလုပ်သမားများအနေ ဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေလိုကြောင်း အထည်ချုပ်စက်ရုံတာဝန်ခံက ပြောကြားခဲ့သည်။

အခြေခံလစာကိုမူ တိုးမြှင့်မပေးနိုင်သော်လည်း အခြေခံ ခံစားခွင့်များကို တိုးမြှင့်ပေမည်ဖြစ်ကြောင်း ဆက် လက်ပြောကြားကြောင်း နောက်ထပ်ကြားသိရသည်။

**ဂျော်ဒန်တွင် မြန်မာသံရုံး မရှိ။  




တပေါင်းလဆန်း ၅ ရက် ၁၃၇၄ နှစ်၊ စနေနေ့။  16 March 2013

 တက္တသိုလ်ဝင်ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုကြပြီ

၂၀၁၃ ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၃ ရက်နေ့က စပြီးကျင်းပခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။





ကျောင်းစိမ်းဝတ်စုံများဖြင့် ကျက်သရေရှိလှသည့် မြန်မာကျောင်းသူကျောင်းသားလေးများ။ ဓာတ်ပုံ - ကြေးမုံသတင်းစာ။


ဓာတ်ပုံ - ကြေးမုံသတင်းစာ (၁၆ ရက် မတ်လ ၂၀၁၃)။



တိုင်းရင်းသားရုပ်သံလိုင်း ပြည်ထောင်စု Channel ထုတ်လွှင့်မည်


ပြည်နယ်အစိုးရများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ပူးပေါင်းကြလျက် တိုင်းရင်းသားဆိုင်ရာ ရုပ် သံလိုင်းအစီအစဉ်တစ်ရပ်အား ထုတ်လွှင့်သွားရန် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ထုတ် လွှင့်ရေးညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။



မြန်မာ့သမိုင်းအဆက်ဆက်မှာ  ရိုဟင်ဂျာ မရှိခဲ့

ဂျပန်နိုင်ငံ Kanda  တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲနေ ခြင်းမှာ Primary sources (မူရင်းအထောက်အထား)ကို အခြေခံ၍ ပြောဆိုနေခြင်းမဟုတ်ပဲ Secondary sources (တဆင့်ခံအထောက်အထား)ကိုသာ အခြေခံထားပြီး လုပ်ကြံထားသော အချက်အလက်များပါ ၀င်ကာ အလွန်သံသယဖြစ်ဖွယ်ကောင်းကြောင်းနှင့် ရိုဟင်ဂျာသည် မြန်မာ့သမိုင်းအဆက်ဆက်တွင် မရှိ ခဲ့ကြောင်း” ကို တက္ကသိုလ်များလှိုင်နယ်မြေ (ရန်ကုန်) ရှိ MICT Park တွင် ပြုလုပ်သည့် ရခိုင်သမိုင်းဆိုင် ရာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့သည်။


ဝန်ထမ်းအားလုံးအား လစာနှစ်သောင်းစီ တိုးပေးမည်

ဝန်ထမ်းလစာ မလုံလောက်မှုကြောင့် ၀န်ထမ်းများသည် အကျင့်စာရိတ္တ အားနည်းပျက်ယွင်းမှုများ ဖြစ်ပွား နေသဖြင့် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်မှစပြီး လစာကျပ် ၂၀,၀၀၀ စီ တိုးမြှင့်ပေးသွားမည်ဟု ဘဏ္ဍာရေးနှင့် အ ခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မတ်လ ၁၅ ရက်နေ့က ပြောကြားသွားကြောင်း ကြားသိရသည်။








No comments:

Post a Comment