၁၃၇၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက်
စာရေးဆရာမာန်မြင့်၏ မြန်မာပြည်မှာလုပ်သည်နှင့် အခြားဝတ္တုတိုများ (ဒုတိယအကြိမ်၊ ၁၉၉၈။)။ |
မိမိကို သူ့စာအုပ်ကလေးပေးရင်း ရေးထားသည့် မာန်မြင့်၏ အမှတ်တရ လက်ရေးစာ။ |
မနေ့က မတ်လ ၂၁ ရက်။
ဒီနေ့ကို ကောင်းကောင်းမှတ်မိနေသည်။ တိတိကျကျပြောရလျင် ၂၀၁၀ ခုနှစ် မတ်လ ၂၁ ရက်။
ိ
ထိုနေ့တွင် မိမိနှင့်အရင်းနှီးဆုံး ငယ်သူငယ်ချင်းဖြစ်သူ ကိုခင်မောင်မြင့် စင်ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ်ဆေးရုံ (National University Hospital - NUH) မှာ ကွယ်လွန်သွားခဲ့သည်။
သူ ကွယ်လွန်ချိန်မှာ မိမိနှင့်မိမိ၏ဇနီးဖြစ်သူတို့ နှစ်ဦးစလုံး သူ့အနားမှာ ရှိနေခဲ့၏။ သူ၏ နောက်ဆုံးထွက် သက်အား ရင်နာစွာ ခံစားသိမြင်လိုက်ကြရသည်။
သိတတ်ပြီး လိမ်မာရေးခြားရှိလှသည့် သားနှစ်ယောက်၏ ပြုစုစောင့်ရှောက်မှုများကို သူ၏ဇနီးဖြစ်သူနှင့် အတူ အေးချမ်းပျော်ရွှင်စွာခံစားရင်း တစ်ချိန်ကရုန်းကန်လှုပ်ရှားခဲ့ကြရသည့် ဘ၀အမောများကို မေ့ပျောက် နိုင်ချိန်တွင် သူ့ကို ယခုထက်ပိုပြီး အသက်ရှင်ရှိနေစေချင်သေးသည်။ မိမိကိုယ်တိုင်ကလည်း သူငယ်ချင်း င်္ကြီးကိုကြည့်ပြီး သူ့အတွက် ၀မ်းသာကြည်နူးချင်ပါသေးသည်။ ငယ်ငယ်တုန်းကလို စကားတွေ အများကြီး ပြောချင်ပါသေးသည်။
ယခုတော့ သူမရှိတော့လေပြီ။ မိမိ၏ရှေ့ မှ သွားနှင့်သည်မှာ သုံးနှစ်ကြီးပင် ရှိခဲ့ချေပြီ။ သို့တစေ မိမိက သူ့အား အမှတ်တရရှိနေဆဲ။ NUH သို့ ရောက်လေတိုင်း သူငယ်ချင်းအား သတိမရမိသည့်အခါဟု မရှိလေ ခဲ့။
မနေ့က မြန်မာ့အလင်းသတင်းစာမှာ မာန်မြင့်၏ဇနီး ဒေါ်ချစ်ကြည်မြင့်ထည့်ထားသော "(၃) နှစ်ပြည့် လွမ်း ဆွတ်သတိရခြင်း" ကို ဖတ်လိုက်ရသည်။ သူ့ကိုရည်စူးပြီး သူ၏မိသားစုမှပြုလုပ်သော အလှူဒါနနှင့်ကောင်း မှုကုသိုလ်များကို လှိုက်လှဲစွာ သာဓုခေါ်လျက် ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။
မာန်မြင့်၏ (၃)နှစ်ပြည့် လွမ်းဆွတ်သတိရခြင်းကို သတင်းစာမှာ ဖတ်ရသည့်နေ့က ညပိုင်းတွင် မန္တလေးမြို့ ရှိ သူ၏ဇနီးဖြစ်သူ ဒေါ်ချစ်ကြည်ထံ စာရေးသူက အီးမေးပေးပို့ခဲ့သည်။ မိမိပေးပို့သည့် အီမေးကို ရမရ သေ ချာ စေရန် နောက်နေ့နံနက်တွင် ဖုန်းဆက်ရာ ဒေါ်ချစ်ကြည်နှင့် မိမိ၏ဇနီးတို့ စကားစမြည် ပြောဖြစ်ကြပါ၏။ ဒေါ် ချစ်ကြည်က သူ၏ခင်ပွန်းဖြစ်သူအားရည်စူးပြီးလျင် တောင်မြို့  မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်တွင် စာသင် သားသံဃာတော် အပါး ၁၀၀၀ ကျော်တို့အား ဆွမ်းလောင်းကပ်လှူကြောင်းနှင့် ငွေပဒေသာပင်ကိုလည်း စိုက် ထူခဲ့ကြောင်း၊ ဓာတ်ပုံများကို မိမိတို့ထံ အီးမေးဖြင့် ပို့ပေးမည့်အကြောင်း ပြောပါသည်။
စနေနေ့ နံနက် ၁၀ နာရီကျော်မှာ ပေးပို့သည့်ဓာတ်ပုံ ၁၃ ပုံကို ရရှိခဲ့ပြီး သူတို့၏ ကုသိုလ်ကောင်းမှုများအ တွက် များစွာ ၀မ်းမြောက်ပီတိဖြစ်မိရပါသည်။ သာဓု အကြိမ်ကြိမ်လည်း ခေါ်မိပါသည်။
စနေနေ့ နံနက် ၁၀ နာရီကျော်မှာ ပေးပို့သည့်ဓာတ်ပုံ ၁၃ ပုံကို ရရှိခဲ့ပြီး သူတို့၏ ကုသိုလ်ကောင်းမှုများအ တွက် များစွာ ၀မ်းမြောက်ပီတိဖြစ်မိရပါသည်။ သာဓု အကြိမ်ကြိမ်လည်း ခေါ်မိပါသည်။
စာရေးဆရာမာန်မြင့်အား ရည်စူးလျက် ဇနီး၊ သား ၂ ဦးနှင့် ချွေးမများက သူ၏မိခင်ကြီးကို အမှူးထားပြီး ဆရာတော်ကြီးများအား ဆွမ်းကပ်လှူကြ၏။ |
စာသင်သား သံဃာတော်များ ဆွမ်းဘုန်းပေးနေကြစဉ်။ |
၁၉၇၂ ခုနှစ် နှစ်လယ်ပိုင်းလောက်က ဖြစ်၏။
စာရေးဆရာကြီး
ဆရာနတ်နွယ်၏ မိုးဝေမဂ္ဂဇင်းမှ ကန့်ဘလူသားလေး ကိုခင်မောင်မြင့်အား သရော်စာဝတ္တု တိုရေးဆရာလေး
မာန်မြင့်(ကန့်ဘလူ)အဖြစ် စင်တင်ပေးခဲ့သည်။
ထိုစဉ်က အသက်
၂၀ ကျော်မျှသာရှိသေးသော ကိုခင်မောင်မြင့်၏ ၀တ္တုတိုလေးများကို တိုးတက်သည့် စာ ပေအင်အားစုဖြစ်သော
မိုးဝေစာဖတ်ပရိသတ်များက ဖတ်၍ကောင်းသော
လောကကို ထိထိမိမိဖွင့်ချသရော် နိုင်သော၊ အဆီအငေါ်မတည့်ဖြစ်နေသည်များကို ပိုင်ပိုင်နိုင်နိုင်
ကလိနိုင် ရိနိုင်သော ၀တ္တုတိုများအဖြစ် နေ့ ချင်းညချင်းဆိုသလို နွေးထွေးလှိုက်လှဲစွာ
လက်ကမ်းကြို ဆိုခဲ့ကြသည်။ သို့နှင့် ကိုခင်မောင်မြင့်သည် သူ၏ သရော်စာဝတ္တုတိုများဖြင့်
မာန်မြင့်(ကန့်ဘလူ) မည်သော ကလောင်အမည်ဖြင့် စာရေးဆရာဖြစ်လာခဲ့သည်။
နောက်ပိုင်းမှာ ကိုခင်မောင်မြင့်က
သူ၏ကလောင်အမည်မှ သူ၏ဇာတိမြို့ အမည် ‘ကန့်ဘလူ’ကို ဖြုတ်လျက် ‘မာန်မြင့်’ဟူ၍ စာဖတ်ပရိသတ်က သိလာကြတော့၏။ စာရေးသူသိရသ၍ ဆရာနတ်နွယ်မှ မြို့ အမည်ကို ဖြုတ် ရန်
အကြံပေးခဲ့ခြင်းဖြစ်သည်။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment