"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, November 4, 2014

ငယ်စဉ်မှာ ကိုယ့်ကိုယ်ကို မညှာမတာခိုင်းကြပါမှ …



၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်









မကြာသေးမီက ကွယ်လွန်သွားသော စာရေးဆရာကြီး အောင်သင်း၏ အောက်ပါစကားအား သူ အသက်ရှိ စဉ်က မိမိ မကြားခဲ့ဖူးပါချေ။ 

ဆရာကြီးကွယ်လွန်ပြီးနောက် မနေ့တစ်နေ့ကမှ ဖေ့စ်ဘွတ်မှာ ဖတ်ခဲ့ရ၏။


ငယ်ငယ်မှာ
ကိုယ့်ကိုယ်ကို ခိုင်းရတယ်နော်။

ငယ်ငယ်မှာ
ကိုယ့်ကိုယ်ကို မခိုင်းရင်၊

ကြီးလာရင်
သူများခိုင်းတာ 

ခံရတတ်တယ်။ 



ဆရာကြီး၏ ဆုံးမစကားလေးမှာ ရိုးစင်းလှ၏၊ နားလည်လွယ်၏၊ အပိုအဆာမပါပဲ လိုရင်းကို ဒိုးဒိုးဒေါက်ဒေါက် သိမြင်နိုင်စေ၏။ 

ဖတ်ရ ကြားရသူတို့၏ရင်မှာ စွဲညိလွယ်ပြီး အသိတရားကို ရစေနိုင်၏။

ဆုံမစကားလေးမှာ တိုတိုရှင်းရှင်းရှိသော်လည်း ကျင့်ကြံသူများ ရရှိနိုင်မည့်တန်ဖိုးကား ကြီးမားလှ၏။ 

တစ်သက်စာ ဖူလုံသည်ဟုပင် ဆိုနိုင်၏။ 

သို့ဖြစ်ရာ 
လူငယ်များသာမဟုတ်မူပဲ လူရွယ်လူလတ်များပင် အချိန်ရှိခိုက်မှာ အသိတရားနှင့်သတိတရားတို့အား လက်ဝယ်ပြုလျက် စိုက်လိုက်မတ်တတ် လိုက်နာကျင့်သုံးခြင်း ပြုသင့်ကြပါသည်။














No comments:

Post a Comment