၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊
ဒီကနေ့အခါမှာ လူတိုင်းလိုလို၏လက်ထဲမှာ လက်ကိုင်ဖုံးလေးတွေရှိနေကြတာမို့ တစ်ဦးဦးကများ ဓာတ်ပုံ ဒါမှမဟုတ် ဗွီဒီယိုရိုက်ချင်ရင် လွယ်လိုက်တဲ့ဖြစ်ခြင်း။
မသိစေရဘူး။
ခွင့်မတောင်းဘူး။
ကောင်းတာရော ဆိုးတာရော ‘ချက်’ကနဲဆို ပြီးသွားပြီ။ ပါသွားပြီ။
မယုံမရှိကြပါနဲ့။
ဒီကနေ့မနက်ကပဲ စင်ကာပူက အမ်အာတီ (MRT) ရထားထဲမှာ မိမိကို မိတ်ဆွေတစ်ဦးက မိမိမသိစေပဲ ဓာတ်ပုံရိုက်လိုက်ပြီး WhatsApp နဲ့ မိမိထံ ချက်ချင်းကြီးကို ပို့ပေးခဲ့တယ်။
အဲဒီအချိန်က မိမိသည် လက်ကိုင်ဖုန်းမှာ မြန်မာသတင်းစာဖတ်နေတာ။
‘တိန်’ကနဲ ဖုန်းမြည်သံကြောင့် ဖတ်လက်စသတင်းစာကိုရပ်ပြီး ကြည့်လိုက်တော့ WhatsApp မှာ သတင်း ရောက်နေလေရဲ့ ။ နောက်ပြီး ဓာတ်ပုံလေးတစ်ပုံပါ ပါလာသေးတယ်။
ဓာတ်ပုံဆိုလို့ ဘယ်သူများ မှတ်လို့တုန်း။
မိမိရဲ့ ပုံမှမိမိ အစစ်။ ရထားထဲမှာ ထိုင်နေတာ။ လက်ကိုင်ဖုန်းနဲ့ တစ်ခုခုလုပ်နေတာ။ အသေအချာကြည့် လိုက်တော့ ဒီကနေ့အ၀တ်အစားနဲ့ အခုပုံပါပဲလားဗျ။
အောက်ကရေးထားတဲ့စာလေးကို ဖတ်လိုက်မှ အဖြေက ရှင်းသွားတော့တယ်။
“ခင်ဗျားက လက်ကိုင်ဖုန်းကို တစ်လမ်းလုံး သုံးလာတာပါလား။ ဒါ့ကြောင့် ကျနော်က ခင်ဗျားကို အဝေးကနေ တွေ့နေရပေမယ့် ခင်ဗျားက ကျနော့်ကို မြင်မှမမြင်တာ။ တွေ့ရတာ ၀မ်းသာတယ်ဗျာ။ မင်္ဂလာနံနက်ခင်းပါ။” လို့ မိတ်ဆွေကိုလှဖုန်းမောင်က အင်္ဂလိပ်လို ရေးထားတာ။
ဒါနဲ့ မိမိဆင်းမယ့်ဘူတာကိုရောက်ပြီမို့ မတ်တတ်ရပ်ရင်း သူ့ကိုရှာကြည့်လိုက်တဲ့အခါ မိမိနဲ့မျက်စောင်းထိုး မှာထိုင်နေတဲ့ ကိုလှဖုန်းမောင်ကိုတွေ့ရတာနဲ့ “နေကောင်းတယ် မဟုတ်လား။ နောက်မှ တွေ့ကြရအောင်ဗျာ” လို့ နှုတ်ဆက်ပြီး ရထားထဲက ထွက်ခဲ့တယ်။
အလုပ်ကိုရောက်တော့မှ “မင်္ဂလာနံနက်ခင်းပါ ကိုလှဖုန်းမောင်၊ ဓာတ်ပုံလေးက ကောင်းလို့ပဲ။ ပို့ပေးတာ ကျေးဇူးပါပဲဗျာ။ ဒါပေမယ့်ဗျာ ကျနော် စိတ်မကောင်းဖြစ်မိတာတစ်ခုကတော့ ဓာတ်ပုံထဲက ကျနော့်အနားမှာ အမျိုးသမီးငယ်ငယ်ချောချောလေး ထိုင်မနေတာပဲဗျ။” လို့ ရယ်စရာလေး ပြန်ပြီးရေးပို့လိုက်တယ်။
ဒီအခါမှာ သူက “ဟား ဟား ဟား၊ ခင်ဗျားအနားမှာ ကုလားကြီး ထိုင်နေတာလေဗျာ။ ဒီတော့ ခင်ဗျားက ခန့်ချောကြီးဆိုတာ ပိုပြီးပေါ်လွင်သွားတာပေါ့။” လို့ ပြန်ရေးလာပါတယ်။
ဘာရမလဲ။ ပြန်ပြောလိုက်တာပေါ့။
“ကုလားကြီးနဲ့ယှဉ်ထိုင်နေလို့ ချောတာ မဟုတ်ရပါဘူးဗျ။ နဂိုကတည်းက ချောနေပြီးသားပါ” လို့။
No comments:
Post a Comment