"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, November 16, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၁၀)



၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊




မျိုးပြစကားများ - ၂  

သတင်းစာတွင်ပါရှိသော ဆရာမောင်ခင်မင်၏ မျိုးပြစကားများ - ၁ ကို ပြီးခဲ့သောအပတ်က ယခုဘလော့ မှာ ကူးယူဖော်ပြခဲ့ပါသည်။ 
ယနေ့ထုတ်သတင်းစာတွင်ပါရှိသော ဆရာ၏မျိုးပြစကားများ - ၂ ကို ဒီကနေ့ ဆက်လက်ဖော်ပြလိုက်ပါ၏။


အမှတ် ၁ တွင်ရေးသားခဲ့သည့် မျိုးပြစကားများသည် သက်ရှိသက်မဲ့များ၏အကောင်အထည်မရှိသော ဂုဏ် အရည်အသွေးများကို ပြခဲ့ပြီး၊ ယခုအမှတ် ၂ တွင်မူ သက်ရှိသက်မဲ့များ၏ အလေးချိန်များ၊ အတိုအရှည်များ၊ အရွယ်ပမာဏများနှင့် အစိတ်အပိုင်းတို့ကို ဖော်ပြထားသည်မှာ စိတ်ဝင်စား မှတ်သားစရာ ကောင်းလှပေ သည်။  













No comments:

Post a Comment