"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 21, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၂


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (2)


မသွားမီပြင်ဆင်

ခရီးတစ်ခုသွားတော့မည်ဆိုလေတိုင်း အ၀တ်အစားမှအစ နေ့စဉ်မနက်ညသောက်ရမည့်ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများကို မိမိအတွက်လိုလေသေးမရှိအောင် စီစဉ်လုပ်ကိုင်ပေးသူမှာ မိမိ၏ဇနီးပင်ဖြစ်သည်။ 

ညီလာခံဖွင့်ပွဲ ပိတ်ပွဲများတွင်ဝတ်ရန် လည်စီးနှင့်ဝတ်စုံ နှစ်စုံ၊ အေးသောတိုင်ပြည်ဖြစ်သဖြင့်နွေးနွေးထွေးထွေးရှိစေရန် အတွင်းခံဆွယ်တာနှင့် အပြင်ဝတ်အနွေးထည်များကို အသေအချာထည့်ပေးပါသည်။

နောက်အရေးအကြီးဆုံးမှာ ဒေသသုံးငွေကြေးအမျိုးအစားကို တွက်ချက်လဲလယ်သွားရန်ဖြစ်သည်။ 

ညီလာခံမှတ်ပုံတင်ကြေးနှင့်ဆေးရုံလေ့လာရေးခရီး (Clinical visits) တို့ကို ဥရောပသုံးငွေ ယူရို (Euro) နှင့် ပေးချေရပြီး ဆွတ်ဇာလန်နိုင်ငံအတွင်းအသုံးစရိတ် (ဥပမာ၊ ဟိုတယ်၊ အစားအသောက်၊ ခရီးသွား စသည်) တို့ကိုမူ နိုင်ငံသုံးငွေကြေးဖြစ်သော စီအိပ်(ချ)အက်(ဖ) ခေါ် ဆွစ်ဖရန့် (CHF - Swiss franc) ဖြင့်ပေးရန်လိုအပ်ပါသည်။ 



ယူရို (Euro)နှင့်ဆွတ်ဖရန့်ငွေများ 


သို့ဖြစ်ရာ မိမိတို့နေရာနှင့်မဝေးလှသော Jurong Point ကုန်တိုက်ကြီးရှိ နိုင်ငံခြားငွေလဲလယ်ပေးသည့်ဆိုင်တွင် ယူရို (Euro) နှင့်ဆွစ်ဖရန့်ငွေများကို စင်ကာပူဒေါ်လာဖြင့်လဲရသည်။ 

ညီလာခံပြီးသောနောက်တစ်ရက်တွင် ဆွစ်ဇာလန်နိုင်ငံနှင့်နယ်စပ်ချင်းကပ်နေသောပြင်သစ်နိုင်ငံအတွင်းရှိ Mont Saleve တောင်ကို ကေဘယ်ကားဖြင့်တက်သောအခါ ယူရို (Euro) ပေးရပါသည်။ 


လေယာဉ်ခရီး

ဝေးလန်သောခရီးတစ်ခုသွားရန် လေယာဉ်ကို အဓိကအားထားကြရသည်။

နိုင်ငံရပ်ခြားခရီးများကိုမဆိုထားနှင့် ပြည်တွင်းခရီးများကိုပင် လေယာဉ်ဖြင့်ခရီးသွားကြသူများ တစ်နေ့တခြားများပြားလျက်ရှိသည်။

ဝန်ဆောင်မှုပေးသောလေယာဉ်လိုင်းပေါင်းအမြောက်အများရှိကြသလို အတန်းအစားအမျိုးမျိုးနှင့်ဈေးနှုန်ူးအမျိုးမျိုးလည်းရှိနေသည်။

ခရီးသွားအများစုသည် ဈေးနှုန်းသက်သာသော အီကိုနော်မီ (Economy class) ခေါ်ရိုးရိုးတန်းဖြင့်သာသွားကြလေ့ရှိ၏။ ခရီးသွားအနည်းစုလေးသာ ပထမတန်း (First class or bussiness class) ခေါ် အထူးတန်းမှာ စီးကြ၏။

လေယာဉ်ဖြင့်ခရီးသွားတော့မည်ဆိုက မိမိနှစ်သက်သောလေယာဉ်လိုင်း (ဥပမာ စင်ကာပူလေကြောင်းလိုင်း၊ ထိုင်းလေကြောင်းလိုင်း၊ ဂျပန်လေကြောင်းလိုင်း အစရှိသည်များ) နှင့် လေယာဉ်ခ (airfare) တို့ကိုဦးစွာစဉ်းစားရွေးခြယ်ရသလို လေယာဉ်ထွက်မည့်ချိန်နှင့် မိမိသွားမည့်မြို့ သို့ဆိုက်ရောက်မည့်အချိန်တို့ကိုလည်း တိတိကျကျစုံစမ်းရသေးသည်။

ညီလာခံကျင်းပမည့်ဂျနီဗာမြို့ သို့သွားရန် မိမိက ကာတားလေကြောင်းလိုင်း (Qatar Airways) ကိုရွေးခဲ့သည်။

ဈေးနှုန်းသင့်တော်သည်။

စင်ကာပူမှလေယာဉ်ထွက်ချိန်မှာ သိပ်ပြီးမိုးမချုပ်သလို ဂျနီဗာလေဆိပ်ကို မနက်စောစောရောက်သွားမည်ဖြစ်သဖြင့် ညီလာခံဖွင့်ပွဲအခန်းအနားပြုလုပ်မည့် ညနေ (၆) နာရီမတိုင်မီ တစ်နေ့လုံးအချိန်ရမည်။

တန်းစီပြီး မှတ်ပုံတင်ကြေး (registration fee) ပေးသွင်းရန်အတွက် အချိန်မလောက်မငဖြစ်မည်လည်း မပူရလေတော့။




ကာတားလေကြောင်းလိုင်းမှလေယာဉ်
            ကာတားလေကြောင်းလိုင်းမှလေယာဉ်မယ်တစ်ဦး


သို့သော် လေယာဉ်သည် စင်ကာပူနိုင်ငံချန်ဂီလေဆိပ်မှ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ သို့တိုက်ရိုက်မပျံသန်းပဲ   ကာတားနိုင်ငံ၏မြို့ တော်ဖြစ်သော ဒိုဟာမြို့ ရှိ ဟာမက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တစ်ထောက်နားပြီး လေယာဉ်ပြောင်းစီးကာ ဂျနီဗာသို့ခရီးဆက်လေသည်။

ဒိုဟာလေဆိပ်တွင် ၁ နာရီကျော်ကျော် လေယာဉ်ပြောင်းစီးရသောရပ်နားချိန်အပါအ၀င် ဂျနီဗာသို့ရောက်သည်အထိ ခရီးသွားချိန် ၁၆ နာရီ ကြာပါသည်။

မိမိသည် ယခင်ကအခြားသောနိုင်ငံများသို့ခရီးသွားရာတွင် ကာတားလေကြောင်းလိုင်းဖြင့် မသွားခဲ့ဘူးပေ။ ယခုတစ်ကြိမ်သာ ပထမဆုံးစီးဖူးခြင်းဖြစ်ပြီး နှစ်သက်မိသည်။

လေယာဉ်ဝန်ထမ်းများ၏ဆက်ဆံရေးနှင့်ဝန်ဆောင်မှုကောင်းသည်။ အစားအသောက်ကောင်းသည်။ လေယာဉ်ကျယ်ဝန်းသည်။

မည်သည့်လေယာဉ်လိုင်မှာမှ မစားခဲ့ဘူးသော ကြက်သားဒန်ပေါက်ကို ဂျနီဗာမှ စင်ကာပူသို့အပြန်ခရီးတွင် အရသာရှိရှိစားခဲ့ရသဖြင့်လည်း ကျေနပ်မိသည်။


ဆက်ရေးပါဦးမည်။



*******












No comments:

Post a Comment