"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, May 31, 2024

ကျနော်နှင့်သုတေသနအတွေ့အကြုံများ

 






၂၀၁၇ ခုနှစ်မေလက ဖေ့စ်ဘွတ်မှာမိမိရေးတင်ခဲ့သည့် "အကြောအဆစ်ကုပညာရပ်နှင့်သုတေသန
လုပ်ငန်း အမှတ်(၅)" ကို ယခုနှစ်မေလ ၂၆ ရက်နေ့မှာ ပြန်ပြီးဖတ်ခွင့်ရခဲ့ပါတယ်။

အဲဒီစာမျက်နှာမှာ စင်ကာပူနိုင်ငံ မိမိပထမဦးဆုံးပြုလုပ်ခဲ့သောသုတေသနစာတမ်းနဲ့သက်ဆိုင်သည့်
အတွေ့အကြုံလေးတွေကို အောက်ပါအတိုင်းရေးခဲ့ပါတယ်။ 

// "သုတေသနအကြောင်းအမှတ်(ကိုရေးတင်ပြီးနောက်အမှတ်()အားဆက်တိုက်

ရေးမတင်ဖြစ်သေးပဲ တစ်ခြားအကြောင်းအရာလေးတွေကို ကြားဖြတ်တင်ခဲ့ပါတယ်။


မိမိရဲ့ လေ့လာမှုအတွေ့အကြုံလေးတွေကိုမျိုးဆက်သစ်PT အချို့ကစိတ်ဝင်စားကြတာ

ကြောင့်အခုဆက်ပြီးဝေမျှသွားပါ့မယ်။ 

မေ့နေမှာစိုးလို့သုတေသနစာတမ်းရဲ့ ခေါင်းစဉ်ကိုပြန်ပြောပြပါမယ်။

“Comparative Study of Physical Disabilities between two different age groups 

– Preschoolers and Final Year Students” ဖြစ်ပါတယ်။


အထက်ကလေ့လာမှုကို မိမိအနေဖြင့်ပထမဆုံးလုပ်တာဖြစ်လို့ အခက်အခဲတွေအများ

ကြီးတွေ့ခဲ့ရသလို တန်ဖိုးရှိတဲ့အတွေ့အကြုံတွေလဲ အတော်လေးကိုရခဲ့ပါတယ်။


အဓိကအခက်အခဲတစ်ခုကတော့ Literature Review အတွက် မိမိလေ့လာချင်တဲ့

ဥာဏ်ရည်နိမ့်မသန်စွမ်းမှုနဲ့သက်ဆိုင်တဲ့ရုပ်ပိုင်းမသန်စွမ်းဖြစ်မှုဆိုင်ရာအထောက်အထား

များသုတေသနစာတမ်းများ(Scholarly paper) ကို ရှာဖွေရဖတ်ရတာဖြစ်ပါတယ်။


အလုပ်ကစာကြည့်တိုက်မှာက နောက်ဆုံးထုတ်စာအုပ်ကောင်းတွေမရှိပဲကျင်းပပြီးညီလာ

ခံအချို့မှာ တင်သွင်းခဲ့တဲ့စာတမ်းတွေကိုပုံနှိပ်ထားတဲ့ Proceedings ၃ ၄ အုပ်လောက်သာ

ရှိတာပါ။


ဒါကြောင့် စင်ကာပူအမျိုးသားတက္ကသိုလ်(National University of Singapore – NUS) မှာ

ရှိတဲ့ တက္ကသိုလ်ဗဟိုစာကြည့်တိုက်ကြီးနဲ့ဆေးကျောင်းစာကြည့်တိုက်တွေကို ညနေပိုင်း

လုပ်ပြီးတဲ့ချိန်များမှာသွားကာ စာအုပ်နဲ့ဂျာနယ်တွေကို ရှာဖွေဖတ်ခဲ့ရပါတယ်။




























အမှန်အတိုင်းပြောရရင် Intellectual Disability နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ Physical Disa-

bilities အကြောင်းစာတွေ(chapters, research papers) ကို သတ်သတ်မှတ်မှတ်ပြည့်ပြည့်

စုံစုံရှာမတွေ့ခဲ့ပါဘူး။

ဆေးပညာရှင်သုတေသီများ(medical specialists, physiotherapists အစရှိသဖြင့်ရဲ့ စာ

တွေထက် စိတ်ပညာရှင်နဲ့တစ်ခြားသောသုတေသီများရဲ့စာတွေကို ပိုပြီးတွေ့ရပါတယ်။

ဟိုနားနည်းနည်း ဒီနားနည်းနည်းနဲ့ရတတ်သမျှအချက်အလက်တွေကို စုစောင်းခဲ့ရတာပဲ

ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် အလုပ်က စာကြည့်တိုက်အသင်းဝင်ကတ်လုပ်ပေးထားလို့ NUS ကစာကြည့်

တိုက်တွေကိုအသုံးပြုရတာကတော့ အဆင်ပြေပါတယ်။

.

နောက်အခက်အခဲတစ်ခုကတော့ သုတေသနစာတမ်း(Abstract and Full paper) ရေး

တာဖြစ်တယ်။


ကျောင်းမှာတုန်းက သုတေသနပြုစုနည်းဘာသာရပ်(Research Methodology)ကို မသင်

ခဲ့ရသလို အလုပ်ထဲရောက်ပြန်တော့လဲ သုတေသနနဲ့သက်ဆိုင်တဲ့သင်တန်းများမတက်ခဲ့

ရပါဘူး။

၁၉၉၃ခုနှစ်နောက်ပိုင်းမှာမှ စင်ကာပူအကြောအဆစ်ကုပညာရပ်အသင်း(Singapore Phy-

siotherapy Association - SPA) ကပို့ချတဲ့သုတေသနသင်တန်းကို စပြီးတက်ဖူးခဲ့တာပါ။


လက်လှမ်းမီရာသုတေသနစာတမ်းများကို မိမိဖာသာဖတ်ရှုလေ့လာပြီး အတုယူရေးသား

ပြုစုခဲ့ရပါတယ်။ အကြမ်းရေးထားတာတွေကိုအထပ်ထပ်ဖတ်ပြီး ပြင်ဆင်ခြင်း၊ ဖြုတ်ပစ်ခြင်း၊ 

ဖြည့်စွက်ခြင်း၊ ပြန်ပြီးအချောရေးခြင်းများလဲ အကြိမ်များစွာပြုလုပ်ခဲ့ရပါတယ်။

.

အဲဒီအချိန်ကအလုပ်မှာကွန်ပြူတာမသုံးကြသေးလို့ လက်နှိပ်စက်၊ မိတ္တုကူးစက်၊ slides နဲ့

transparency တွေကိုသုံးပြီးတော့မှ ပြင်ဆင်ခဲ့ရတာဖြစ်တယ်။


ပြီးခဲ့တဲ့အမှတ်(မှာပါတဲ့စာတမ်းတင်သွင်းနေတဲ့ပုံတွေအထဲမှာOverhead projector 

သုံးပြုတာကိုတွေ့နိုင်ပါတယ်။


ကိုရီးယားနိုင်ငံလိုတိုးတက်တဲ့နိုင်ငံမှာပင် အဲဒီအချိန်တုန်းက နိုင်ငံတကာအဆင့်ညီလာခံမှာ 

တောင် ကွန်ပြူတာတွေ၊ PowerPoint presentation တွေကိုမသုံးကြသေးတာ မိမိကိုယ်တိုင်

ကြုံတွေ့ခဲ့ရသေးတာ။(၁၉၉၃ ခုနှစ်ကပါ)" //






















ဆက်ပြီးရေးပါဦးမည်။





Tuesday, May 28, 2024

အမှတ်တရ မေ - ၂

 



အထက်ကပြောခဲ့သည့်အတိုင်း ဒီမေခရီးက သွားသည့်နေ့နှင့်ပြန်လာသည့်နေ့နှစ်ရက်ထည့်ပေါင်း

ပါမှ ၈ ရက်မျှသာရှိခဲ့သော်လည်း ရောက်ခဲ့သည့်နေရာတွေ တွေ့နိုင်ခဲ့သည့်သူတွေနှင့်လုပ်ခဲ့သည့်

အလုပ်တွေကအများသားမို့ အခုနေခါပြန်တွေးကြည့်ရင် ကိုယ့်ကိုယ်တောင်ယုံရခက်ခက်ကြီးပါ။ 












    
ယခုတခေါက် ခွင့်ရက်ကနည်းပြီး လုပ်စရာကိုင်စရာတွေကများတာကြောင့် မြန်မာနိုင်ငံ၏ပထမဆုံး Physiotherapist ဆရာမကြီးဒေါ်လှရီထံကို မလာခင်ကကြိုတင်စီစဉ်ထားသည့်အတိုင်း လေဆိပ်က
နေတိုက်ရိုက်သွားပြီးကန်တော့ဖြစ်ခဲ့ပါသည်။ ဒီအကြောင်းကို အခုလ ၁၈ ရက်နေ့က သီးခြားရေးတင်
ခဲ့ပြီးဖြစ်သည်။



     





























ဆက်ပြီးရေးသားပါဦးမည်။





Monday, May 27, 2024

ကျွန်းသာယာသတင်းစဉ် (၈၉)

 



NLD အစိုးရလက်ထက် သမတ ဦးထင်ကျော်နှင့်
ရုရှားသမတ ပူတင်တို့
ရင့်ကျက်သောသံတမန်အပြုံးများ ဖလှယ်ခဲ့ကြစဉ်က






                                                


ပူတင်ရဲ့ ဝတ်ကျေတန်းကျေအပြုံးက .. 

"ငါက ဘာမဟုတ်တာလေး လုပ်ပေးလိုက်တာကိုများ 

ဟိုသောက်ပေါ ငတုံးဆိုတဲ့အကောင်က 

ပသာဒလေတွေခတဲ့အထိ အရူးထပြီး 'ခွက်ပြောင်'ကြီးဖြစ်သွားရတယ်လို့"


မင်းအောင်လှိုင်ရဲ့ ဇွတ်ဒရွတ်အပြုံးက ..

"အာဆီယံကတောင် အစည်းအဝေးမှာ မကောင်းတတ်လို့ အားနာပါးနာနဲ့ဘေးကထိုင်ခုံ

လေးမှာပဲ ဖယ်ကျဉ်ပြီးပေးထိုင်ခံထားရတဲ့ ငါ့လိုလူရာမ၀င်သူကို သခင်ကြီးပူတင်က 

တွေ့ခွင့်ပေးသနားတော်မူလို့  အို.. ကံကောင်းလှပေစွ။ အို.. ကျေးဇူးကြီးလှပေစွ"











***











***






***
















Saturday, May 25, 2024

ပြန်ခဲ့တုန်းက အလွမ်းတွေ - ၁

 




မကြာသေးမီကမှ ယခုဘလော့စာမျက်နှာမှာ 'ပြန်မနိုင်အလွမ်း'ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာပြည်နဲ့သက်

ဆိုင်လို့ မိမိသတိရမိ ခံစားမိ လွမ်းမိသည်များကို ကိုယ်ရေးအတ္တုပ္ပတ္တိဝတ္တုပုံစံဖြင့်စပြီးရေးပါတယ်။


အဲဒီမှာ တခုပြောခဲ့တာက "မိမိ မပြန်နိုင်တော့မည့် အမိမြေ" လို့ပါ။ 

ဟုတ်ပါတယ်။

မိမိအနေဖြင့် အခွင့်သာလို့မြန်မာပြည်ကိုပြန်နိုင်သည်ဖြစ်စေ အကြောင်းမညီညွတ်လို့မပြန်နိုင်သည်

ဖြစ်စေ မပြန်ဖြစ်ဖို့ကများတာကြောင့် ချစ်တဲ့အမိမြေကို သတိရဖို့ လွမ်းဖို့ကလွဲလို့ ဘာမှမရှိနိုင်ပါ။ 


ကံကောင်းတာတခုက အမိမြေနဲ့ပတ်သက်ပြီး မိမိမှာ သတိတရဖြစ်စရာတွေ အများကြီးရယ်။

ဓာတ်ပုံတွေရှိတယ်။ ဗွီဒီယိုတွေရှိတယ်။

ရေးထားတဲ့စာတွေရှိတယ်။

နောက်ပြီး စကားပြောချင်လား စာပို့ချင်လား ဒီခေတ်မှာဆက်သွယ်ရေးနည်းလမ်းတွေကလဲ အဆင်

သင့်မှအဆင်သင့်ပဲလေ။

အခုပဲကြည့်ပါ။

လွန်ခဲတဲ့ ၂၉ နှစ်လောက်က မိမိ၏မြန်မာပြည်အလည်ပြန်ခရီးသွားဆောင်းပါးလေး ဒီကနေ့မှာပြန်

ပေါ်လာတော့ အဲဒီတုန်းကအတွေ့အကြုံတွေကို မနေ့တနေ့ကလိုပဲ အသစ်တခါပြန်လည်ခံစားမိကာ 

လွမ်းလိုက်ရတာများရယ်။

အဲဒီအချိန်ကာလကိုမမီလိုက်တဲ့မျိုးဆက်သစ်များအတွက် အောက်မှထပ်ဆင့်မျှဝေပေးလိုက်ရပါ

တယ်။