"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 10, 2011

ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာသန့်မြင့်ဦး သွားရောက်တွေ့ဆုံ

စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ ယခင်အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ရုံခန်းမှာ ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်ဦးက ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့တယ်ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာသန့်မြင့်ဦးတို့ စကားလက်ဆုံကျနေစဉ်..။ (ဓါတ်ပုံ - The Voice Weekly)

သွားရောက်တွေ့ဆုံရတဲ့အကြောင်းကတော့ သူ နောက်ဆုံးရေးသားထားတဲ့ "Where China Meets India: Burma and the New Crossroads of Asia" စာအုပ်ကို လက်ဆောင်ပေးဖို့ပါတဲ့။ ဒေါက်တာ သန့်မြင့်ဦး မြန်မာပြည်ကိုရောက်နေတာက "အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုအတွက် ယူနိုက်တက်ကင်းဒန်း ဋ္ဌာန အစည်းအဝေး"တက်ဖို့ဖြစ်တယ်။ 



ဒေါက်တာသန့်မြင့်ဦးဟာ ၁၉၉၆ ခုနှစ်က Cambridge University မှ ပါရဂူဘွဲ့ရပြီး ကုလသမဂ္ဂတွင်တာ ၀န်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သမိုင်းပညာရှင်တစ်ဦးဖြစ်လို့မို့  "The River of Lost Footsteps: A Personal History of Burma"၊ "The Making of Modern Burma"၊ "The UN Secretariat: A Brief History" အစရှိတဲ့စာအုပ်များ ရေးသားပြု့ စုခဲ့တာဖြစ်တယ်။ ဒါ့ အပြင် The New York Times၊ The Washington Post၊ LA Times၊ The International Herald Tribune၊ The London Review of Books၊ The New Statesman၊ The Far Eastern Economic Review နဲ့ The Times Literary Supplement များမှာလည်း ဆောင်းပါးများရေးသားပါသေးတယ်။ 

ဒေါက်တာသန့်မြင့်ဦးရဲ့ ယခုနောက်ဆုံးစာအုပ်နဲ့ပတ်သက်ပြီး ဆောင်းပါးရှင်သိဒ္ဒတ္တဒက်(ဘ) [Siddhar- tha Deb]က The Guardian သတင်းစာမှာ အောက်ပါအတိုင်းဝေဖန်ရေးသားထားတာကို စာမြီးကောက် နှုတ် ဖော်ပြပေးလိုက်ပါတယ်။

// "မဟာအင်အားကြီး နှစ်နိုင်ငံအကြားတွင် 'ခွ'ထိုင်ထားလျက်ရှိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် အလွန်ရှုပ် ထွေးခက်ခဲသည့် ရွေးချယ်ဆုံးဖြတ်ချက်များပြုလုပ်ရန်လိုလေသည်။ နိုင်ငံ၏အပေါ်ပိုင်းတစ်ခြမ်းလုံး အိန္ဒိ ယအရှေ့ မြောက်ပိုင်းဒေသနှင့်တရုတ်ပြည်အနောက်တောင်ပိုင်းဒေသတို့အကြား အညှပ်ခံထားရသည့် မြန်မာနိုင်ငံသည် ၂၀ ရာစုကာလအတော်များများနှင့် ၂၁ ရာစုကာလတစ်လျှောက်လုံးမှာ မှားယွင်းသော ရွေးချယ်ဆုံးဖြတ်ချက်များကို ဆက်တိုက်ပြုလုပ်ခဲ့ပုံရ၏၊ ၁၉၄၈ ခုနှစ်( လွတ်လပ်ရေးရပြီးနောက်ပိုင်း) တွင် ခေတ်မီနိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ပေါက်လာခဲ့သည်။ <....> ဒေါက်တာသန့်မြင့်ဦးက သူ့စာအုပ်တွင် အိန္ဒိယနှင့်တရုတ်နှစ်နိုင်ငံစလုံး စစ်အစိုးရအပေါ်မှာ ယခင်ကထားရှိခဲ့သောသူတို့ရဲ့စိတ်သဘောထားများ မည်သို့ ပြောင်းလဲသွားခဲ့ကြကြောင်းကို စိတ်ဝင်စားဖွယ်ရေးသားထားသည်။ ယင်းနှစ်နိုင်ငံမှာ ယခင်အခါ များက စစ်အစိုးရကိုဆန့်ကျင်သူများကို အားပေးအားမြှောက်ပြု့ ခဲ့ကြသည်။ တရုတ်က မြန်မာကွန်မြူနစ် များအား ပုံအောကူညီထောက်ပံ့ခဲ့ပြီး အိန္ဒိယကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီလှုပ်ရှားမှု ကို ပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့သည်။  <....> တရုတ်က ကူမင်းမှ မြန်မာပြည်နှင့်ဘင်္ဂလားပင်လယ်ကွေ့ ရှိရာ တောင်ပိုင်းသို့ ထိုးဖောက်ရန်စီစဉ်နေသကဲ့သို့  အိန္ဒိယကလည်း သူ၏"အရှေ့ မျှော်"မူဝါဒဖြင့် မြန်မာ ကိုဖြတ်ကျော်ပြီး တရုတ်ပြည်အထိ Trans-Asia Highway လုပ်ရန် အားခဲလျက်ရှိသည်။" //   

No comments:

Post a Comment