အလားတူပါပဲ ရန်ကုန်မြို
့ကျောက်မြောင်းအရပ်မှာရှိတဲ့ ယုဝတီအမျိုးသမီးမဂ္ဂဇင်းကလည်း ကလောင်
သွေးချင်နေကြတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်ကဏ္ဍလေး ဖန်တီးဖွင့်
ပေးထားပြီး မြေတောင်မြှောက်စင်တင်ပေးနေတာဖြစ်လို့
တက္ကသိုလ်မှာစာရေးသူနားထောင်ခဲ့ရတဲ့ စာ
ရေးဆရာကြီးများ၏စာပေဟောပြောပွဲတွေအကြောင်းကို ဆောင်းပါးလေးတစ်ပုဒ်ရေးခဲ့ဖူးပါသေးတယ်။
စာရေးသူတို့
တက္ကသိုလ်ကျောင်းသားဘ၀ကဆိုရင် ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ကြီးတွင် နိုင်ငံကျော်
စာရေးဆရာကြီးများ (ဦးသိန်းဖေမြင့်၊
ဦးတင်အေး<သျှမ်းပြည်>၊ ရုပ်ရှင်သရုပ်ဆောင် ဗိုလ်ဗကို၊ သိပ္ပံမှူး
တင် စသဖြင့်)ကို ဖိတ်ကြားပြီး ဟောပြောပွဲတွေကျင်းပလေ့ရှိခဲ့ကြတာ။
ကဲ ..
ဆရာကြီးမင်းယုဝေအကြောင်း ဆက်ပြီးပြောပါဦးမယ်။
စာရေးသူအလုပ်ထဲရောက်သွားပြီး
စာတွေအတော်များများရေးဖြစ်ခဲ့တဲ့၁၉၈၀ ခုနှစ်ဦးကာလများမှာ
ဆ
ရာကြီးဦးစီးထုတ်ဝေတဲ့‘သုတကြေးမုံ’ (မိမိမှတ်မိသ၍ စာအုပ်နာမည် မှန်မည်ဟုထင်ပါသည်)စာအုပ်မှာ
ဆေးပညာပေးဆောင်းပါးများရေးရင်း ဆရာကြီးနဲ့ပြန်တွေ့ပြီး ရင်းရင်းနှီးနှီးရှိလာခဲ့ရပါတယ်။ အဲဒီအချိန်
က အစိုးရက စာအုပ်ကြိုတင်ရိုက်ပြီးမှစိစစ်ရေးကိုတင်ရတဲ့ 'တင်ထုတ်'စာအုပ်တွေ(အထူးသဖြင့် ဗဟုသု
တနှင့်ဗေဒင်
ဂမ္ဘီရစာအုပ်များ) ကို ဖောခြင်းသောခြင်း ချပေးနေလို့ လက်ထဲမှာ ပိုက်ဆံတွေအပိုရှိနေပြီး
ဘာလုပ်ရမှန်းမသိဖြစ်နေကြကာ စာပေပိုးထ,နေကြတဲ့ ပုဂ္ဂိုလ်အချို့ က ရန်ကုန်မြို့ လယ်မှာ အခန်းလေး
တစ်ခန်းငှား စားပွဲလေး ၂ လုံးလောက်နဲ့ အယ်ဒီတာလုပ်ကြတာ တစ်ခေတ်လို့ဆိုရလောက်အောင်ပါပဲ။