"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 12, 2013

မြန်မာပြည်မှ သတင်းများ (မေလ)




၁၃၇၅ ခုနှစ်  ကဆုန်လဆန်း ၃ ရက်    


မဟာစင် (MAHASEN) ဆိုင်ကလုန်း ရခိုင်ပြည်သို့ ၀င်ရောက်နိုင်


ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မဟာစင် (MAHASEN) ဆိုင်ကလုန်းသည် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းလောက်တွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေသို့ ၀င်ရောက်နိုင်ကြောင်း မိုးလေသ၀သနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတင်း ထုတ်ပြန်ထားသည်။

စစ်တွေ မိုးလေသ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ရခိုင်ကမ်းရိုးတန်းအခြေအနေကို အမြဲ စောင့်ကြပ်တိုင်းထွာနေကြောင်း၊ ယခုအခြေအနေအထိ စိုးရိမ်ဖွယ်ရာမရှိကြောင်းနှင့် မြန်မာ့ရုပ်မြင်သံကြား၊ ရေဒီယို၊ FM တို့မှ ကြေညာချက်များကို အမြဲမပြတ်နားထောင်ကြရန် အသိပေးထားကြောင်းသိရှိရသည်။ 



● ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း မလုပ်သင့်

မေလ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်ကို အောက်မှာကူးယူဖော်ပြ လိုက်ပါသည်။ 






မော်လမြိုင် အမှတ် (၃) အထက ရွှေရတုမဂ္ဂဇင်းထုတ်ဝေမည်


၁၉၆၃ ခုနှစ်တွင် အထက (၁)ကျောင်းမှ ကျောင်းသူများကိုခေါ်ယူ၍ အထက (၃) ကို အမျိုးသမီးကျောင်းအ ဖြစ် စတင်တည်ထောင်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် နှစ် ((၅၀) ရွှေရတုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေမည်ဖြစ်ပြီး ရွှေရတုအထိမ်းအမှတ် စာကြည့်တိုက်ကိုလည်း ဆောက်လုပ်မည်ဖြစ်ရာ အဝေးရောက်ကျောင်းသူဟောင်း များနှင့် အလှူရှင်များ လှူဒါန်းနိုင်ကြောင်းသိရှိရသည်။





ပုဂ္ဂလိကသတင်းစာများနှင့်ဈေးကွက်




လွန်ခဲ့သည့် ဧပြီလမှစပြီး ပုဂ္ဂလိကသတင်းစာ ၂၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ပြုခဲ့ သည်။ မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာ ၂၄ စောင်ရှိပြီး အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့်သ တင်းစာ ၂ စောင်ရှိသည်။ အဆိုပါခွင့်ပြုချက်ကျပြီးသတင်စာများအနက်မှ ၁၀ စောင်သာ ဈေးကွက်သို့ ရောက်ရှိလာသော်လည်း ပြည့်မီအောင်ထုတ်လုပ်လာခြင်း မတွေ့ရကြောင်းနှင့်အချို့ သောသတင်းစာများမှာ ထွက်ရှိရန် ပြင်ဆင်နေကြဆဲဖြစ်ကြောင်း သိရသည်။  






No comments:

Post a Comment