"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, August 22, 2013

ခရီးတစ်ခု


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၆ ရက်၊ ကြာသပတေးနေ့။





မိမိသည် မိမိ၏အလုပ်မှ စေလွှတ်ပို့ပေးသဖြင့် ဒေသဆိုင်ရာနှင့် ကမ္ဘာ့ညီလာခံများသို့ အခါအားလျှော်စွာ သွားတက်ခွင့် ရခဲ့ပါသည်။ ရှေ့  စက်တင်ဘာလဆန်းတွင်လည်း (၆)ကြိမ်မြောက် အာရှနှင့်ပစိဖစ်အနောက် ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကုပညာရပ်ညီလာခံ(6th Asia-Western Pacific Regional Congress of the World Confederation for Physical Therapy) သို့ သွားတက်ရန် ယခုနှစ်မေလကတည်းက စပြီး ပြင် ဆင်မှုများကို ပြုလုပ်ခဲ့ရ၏။   

ပြင်ဆင်မှု၏ ပထမဦးဆုံးအလုပ်မှာ ညီလာခံတက်ရန် စာရင်းပေးသွင်းပြီး ညီလာခံကြေး(Registration fee) နှင့် ညီလာခံအကြို အလုပ်ရုံသင်တန်းကြေး(Pre-Congress Workshop fee) များ ပေးရသည်။ မိမိ၏အဖွဲ့ အစည်းမှ စေလွှတ်သည့်ညီလာခံများသို့ ယခင်သွားခဲ့စဉ်က ယခုကဲ့သို့ မိမိဖာသာဆက်သွယ်ပြီး လုပ်ရခြင်း မျိုး မရှိခဲ့ပေ။ ကိုယ်တိုင် လေယာဉ်လက်မှတ်ဝယ်ရခြင်း၊ ဟိုတယ်ရှာပြီး ကြိုတင်စဘော်စိုက်ပေးထားရခြင်း နှင့် နေ့စဉ်အသုံးစရိတ်ကို တွက်ချက်တင်ပြတောင်းခံရခြင်းများ မလုပ်ခဲ့ရပေ။ ယင်းကိစ္စအားလုံးကို အဖွဲ့အ စည်းမှ လုပ်ပေးခဲ့ပါသည်။


ယခုတစ်ခါတွင်မူ ယင်းကိစ္စများကို မိမိဖာသာ အစအဆုံး စမ်းတ၀ါးဝါးဖြင့် လုပ်ခဲ့ရသဖြင့် အချိန်ဖင့်နှေးသွား သောကြောင့် အဖွဲ့အစည်းမှထုတ်ပေးမည့်ငွေ မရရှိခင် ပေးစရာရှိသည်များကို အချိန်မီပေးနိုင်ရန် မိမိက အ ရင် စိုက်ပြီးပေးနှင့်ရခြင်းဖြစ်၏။ သတ်မှတ်ထားသည့် ပထမကာလ (Early Bird)အတွင်း အချိန်မီမပေးသွင်း ပါက ညီလာခံနှင့်သင်တန်းကြေးများ ပိုပေးရမည်ဖြစ်သလို ညီလာခံမှစီစဉ်ပေးထားသည့် ဟိုတယ်အခန်း လည်း မရဖြစ်ပေမည်။


မည်သို့ဆိုစေ မိမိမလုပ်ဖူးသည့် ရုံးအလုပ်များကို လုပ်ရသဖြင့် လုပ်ငန်းအတွေ့အကြုံနှင့် ဗဟသုတအချို့ ကို အမြတ်ရရှိခဲ့ပါသည်။ ညီလာခံအတွက် ကုန်ကျစရိတ်အားလုံးကို တွက်ချက်ပြီး တင်ပြတောင်းခံရာတွင် EPR (Electronic Purchasing Requisition)လုပ်ရန် လိုအပ်လေသည်။ ‘အီးပီအာ’ဟူသောစာလုံးကို ယခုမှ ပထ မဆုံးကြားဖူးခြင်းဖြစ်ပြီး ဘာကိုဆိုလိုမှန်းပင် အတိအကျ မသိပါချေ။ ယင်းသို့လုပ်ရာမှာ မိမိသည် ညီလာခံ ကြေး၊ အလုပ်ရုံသင်တန်းကြေး၊ လေယာဉ်ခနှင့် ဟိုတယ်အခန်းခများ ထည့်သွင်းတောင်ခံသော်လည်း နေ့ စဉ်အသုံးစရိတ် (allowance/per diem)ကို ထည့်သွးင်းတောင်းခံခြင်း မရှိခဲ့ပေ။ အကြောင်းမှာ ယင်းကုန် ကျစရိတ်ကို မိမိမှ တောင်းခံရမည်ကိုလည်းကောင်း မည်သို့တွက်ချက်ရမည်ကိုလည်းကောင်း  မသိသော ကြောင့် ဖြစ်သည်။ မိမိအား ‘အီးပီအာ’လုပ်ရန် ကူညီသည့် ရုံးချုပ်မှဝန်ထမ်းကလည်း မိမိသိမည်ထင်ပြီး မ ပြောလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်ရာ ရုံးဝန်ထမ်း ပြောပြသည့်အတိုင်း နောက်မှပြန်လုပ်ရတော့၏။


စင်ကာပူနိုင်ငံမှစထွက်မည့်အချိန်နှင့်နေ့ရက်၊ ညီလာခံကျင်းပရာ ထိုင်ဝမ်မှ ပြန်လာမည့်အချိန်နှင့်နေ့ရက်တို့ ကို ရေတွက်ပြီး တစ်နေ့ စင်ကာပူဒေါ်လာ ၂၄၀ နှုန်းဖြင့် တွက်ခြင်းဖြစ်သည်။ တစ်နေ့အတွက် နေ့စဉ်ကုန်ကျ စရိတ်မှာ နိုင်ငံအလိုက် ကွာခြားမှုရှိလေသည်။ ဒီတော့မှ မိမိသည် ‘အို့ ဟိုး .. ဒီလိုကိုး’ ဟု သင်္ချာပုစ္ဆာအဖြေ မှန်ရသွားသည့် ကျောင်းသားကလေးလို ခံစားမိတော့၏။


ခရီးတစ်ခု သွားရမည်ဆိုက လူတိုင်းလိုလို စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ ခံစားကြရမြဲ ဖြစ်သည်။

မိမိသည်လည်း ဤခရီးစဉ်အတွက် စိတ်ဝင်စားမှုကော စိတ်လှုပ်ရှားမှုများပါ ဖြစ်မိပါသည်။ ယင်းသို့ဖြစ်ရ သည်မှာ ပတ်သက်ရာပတ်သက်ကြောင်းလေးများ ရှိနေပါ၏။ ပထမအချက်မှာ ယခု သွားရောက်မည့်ခရီး သည် အတတ်ပညာရပ်ဆိုင်ရာညီလာခံဖြစ်ပေရာ မိမိ၏အတတ်ပညာနှင့်သက်ဆိုင်သော ဗဟုသုတများ၊ အကြောအဆစ်ကုဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ် စမ်းသပ်တွေ့ရှိမှုအသစ်များ၊ သုတေသန လုပ် ဆောင်နေမှုများ၊ စမ်းသပ်နှင့်ကုသမှုဆိုင်ရာပစ္စည်းအသစ်အဆန်းများ(Physiotherapy equipment and devices) နှင့် လက်တွေ့အသုံးချ ရှင်းလင်းပြသမှုများအတတ်ပညာဆိုင်ရာ စာအုပ်များ ဂျာနယ်များ စာ စောင်များ အစရှိသည်တို့ကို ကြားနာမြင်တွေ့သိရှိရမည်ဖြစ်သည်။
  
နောက်တစ်ခုအရေးကြီးသည်မှာ ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားမှ လာရောက်ကြမည့် ညီလာခံကိုယ်စား လှယ်များနှင့် တွေ့ဆုံသိကျွမ်းပြီး စကားပြောခွင့် ဆွေးနွေးခွင့်များ ရရှိခြင်းဖြစ်သည်။ အချို့ မှာ မိမိနှင့်ယခင် ညီလာခံများတုန်းက တွေ့ဆုံသိကျွမ်းခဲ့ဖူးပြီး နောက်တစ်ကြိမ် ပြန်ပြီးဆုံတွေ့ရတတ်သေး၏။ မိတ်ဟောင်း ဆွေဟောင်းများပမာ နှုတ်ဆက်ကာ စကားစမြည် ပြောကြရသေး၏။ အချို့ ကိုကား လူချင်းသိကျွမ်းခြင်း မ ရှိစေကာမူ ယခင်ညီလာခံတစ်ခုခုတွင် မှတ်မှတ်သားသား တွေ့ဖူးမြင်ဖူးထားသူများ ဖြစ်ကြလေသည်။ အ ထူးသဖြင့် မိမိတက်ရောက်နားထောင်ဖူးသည့် စာတမ်းဖတ်ပွဲများမှ သုတေသနပညာရှင်ကြီးများ။ နေ့လည် စာနှင့်ညစာဧည့်ခံပွဲများတွင် တစ်စားပွဲတည်း ထိုင်ခဲ့ကြပြီး မျက်မှန်းတန်းဖူးသူများ။ “နေပါဦးဗျ ခင်ဗျားကို (ရှင့်ကို)ယခင်က တွေ့ဖူးသလိုပဲ”ဟုဆိုကာ အချို့ က ‘ဟိုင်း’ ‘ဟဲလို’ ပြောရင်း လက်ဆွဲ နှုတ်ဆက်ကြခြင်းများ လည်း ရှိလေသည်။


မည်သို့ဆိုစေ ညီလာခံတက်ရသည်မှာ လူတွေနှင့်တွေ့ဆုံသိကျွမ်း စကားပြောခွင့်ရသဖြင့်လည်းကောင်း၊ မိ မိအတွက် ပညာရပ်ဆိုင်ရာဗဟုသုတသော်လည်းကောင်း၊ လက်တွေ့စမ်းသပ်ကုသနည်းပညာသစ်များသော် လည်းကောင်း ရရှိသဖြင့် ၀မ်းသာပျော်ရွှင်ရကဲ့သို့ အချို့ သောသုတေသနစာတမ်းများမှာ အလွန်ခက်ခဲနက် နဲလေရာ ဘာမှသေသေချာချာ ဟုတ်တိပတ်တိ နားမလည်လိုက်သဖြင့်လည်းကောင်း၊ အချို့ မှာ မိမိမျှော် လင့်ထားသလို မဟုတ်/မကောင်းသဖြင့်လည်းကောင်း စိတ်ပျက်ရခြင်းမျိုးလည်း ကြုံတွေ့ရတတ်ပါ၏။ ‘ဒါကို ငါ ဘာဖြစ်လို့ လာတက်မိပါလိမ့်။ ဒီလိုမှန်းသိရင် ဟိုစာတမ်းကို သွားပြီးနားထောင်ရ အကောင်းသား’ ဟု မိ မိကိုယ်ကိုပင် အပြစ်တင်မိ၏။ တန်ဖိုးရှိသောအချိန်လေး ဆုံးရှုံးသွားရသောကြောင့် ဖြစ်သည်။ သို့သော် အ လွန်ရှားရှားပါးပါးသာ ကြံဖူးခဲ့၍ တော်ပေသေးတော့။  



ထိုင်ဝမ်သို့

မိမိသည် ထိုင်ဝမ်နိုင်ငံ၌ လေဆိပ်အတွင်းသာ နာရီအနည်းငယ်ကြာ ရောက်ရှိခဲ့ဖူးပြီး အခြားနေရာများသို့ကား မရောက်ခဲ့ဘူးပေ။ ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ ကိုအသွားမှာ လေယာဉ်ပြောင်းစီးရန် အတွက် ထိုင်ဝမ်နိုင်ငံ၏အကြီးဆုံးလေဆိပ်ကြီးဖြစ်သော တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသွား ၃ နာရီ၊ အပြန် ၃ နာရီ ကြာခန့် ၀င်နားခဲ့ရသည်။ နောက်လေယာဉ်ပြောင်းမစီးမီ အချိန်အတော်ကြာကြာရသဖြင့် လေ ဆိပ်အတွင်းရှိနေရာအချို့ကို လျှောက်ကြည့်ခဲ့သည်။ အတော်လေးကြီးသည့်လေဆိပ်ဖြစ်သဖြင့် မူလနေရာ သို့ ပြန်မလာတတ်မည်စိုးသောကြောင့် နေရာအနှံ့မသွားရဲပေ။ အမှတ်တရ ဓာတ်ပုံအချို့  ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒေ သခံတိုင်ရင်းသားအရုပ်လေးများ ၀ယ်ခဲ့သည်။

ယခုတစ်ခေါက်သွာမည့်ခရီးစဉ်မှာ စိတ်ဝင်စားစရာတော့ ကောင်း၏။  


အကြောအဆစ်ကုပညာရပ်ညီလာခံကို လက်ခံကျင်းပသောမြို့ သည် မြို့ တော်တိုင်ပေ မဟုတ်ပဲ ထိုင်ဝမ်နိုင်ငံ ၏တတိယအကြီးဆုံးမြို့ ဖြစ်သော တိုင်ချွမ်းမြို့ ဖြစ်လေသည်။ စင်ကာပူနိုင်ငံမှ တိုင်ချွမ်းမြို့ သို့ တိုက်ရိုက် လေ ယာဉ်ခရီးစဉ် မရှိသဖြင့် တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရင်သွားရမည်။ တစ်ခါ လေဆိပ်မှ ယူ ဘတ်စ်ကား(UBus) စီးကာ တောင်ယွမ်းအမြန်ရထားဘူတာရုံသို့ ခရီးဆက်ရမည်။ အဲဒီကတစ်ဆင့် တီအိပ်ခ်ျ အက်စ်အာ (THSR) အမြန်ရထားစီးပြီး တိုင်ချွမ်းမြို့ သို့ ရောက်မည်ဖြစ်သည်။ ခရီးအားလုံး တစ်နာရီခွဲခန့် ကြာ မည်ဆို၏။ ညီလာခံပြီး၍ပြန်လာသောအခါ ယင်းခရီးစဉ်အတိုင်းပင် သွားရပေမည်။   
      









ဆက်ပြီးရေးပါဦးမည်။






No comments:

Post a Comment