"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, January 7, 2015

နှစ်သစ်အဓိဋ္ဌာန် ပြုလုပ်ကြရာဝယ် …



၁၃၇၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက်။



နှစ်သစ်ရောက်ပြီဆိုတာနဲ့ လူတစ်ချို့ က နှစ်သစ်အဓိဋ္ဌာန်တွေချတတ်ကြပါတယ်။ 
ဘာတွေလုပ်ကြမယ်။ 
ဘာတွေဖြစ်ချင်တယ်။ 
ဘယ်လိုလုပ်ကြမယ် စသဖြင့်ပေါ့ .. 
ဒါကလည်း လုပ်နိုင်ရင်သိပ်ပြီးကောင်းပါတယ်။

တစ်ချို့ ကတော့လည်း နှစ်သစ်သော မသစ်သော ဘာအဓိဋ္ဌာန်မျိုးမှ ဟုတ်တိပတ်တိကြီး ချလေ့မရှိကြ ဘူး။ နှစ်တွေ ဘယ်လိုပြောင်းပြောင်းသစ်သစ် ဗိုလ်နေမြဲ ကျားနေမြဲ လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ် နေတာပါပဲ။
သေးသေးဖြစ်ချင်ဖြစ်မယ်။ 
ကြီးကြီးရင်လည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။
ဒါပေမယ့် သူ့ဘာသာသူတော့ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘယ်လိုလုပ်မယ်ဆိုတာတော့ ရှိတတ်ကြပါတယ်။






နှစ်သစ်အဓိဋ္ဌာန်နဲ့ပတ်သက်ပြီး ယေဘုယျအနေဖြင့် အဲဒီလို ၂ မျိုး ၂ စားရှိကြရာမှာ ကမ္ဘာကျော်အဆို တော်နှင့်ရုပ်ရှင်မင်းသမီးကြီး ‘ဒေါ်လီပါတန်’ ကတော့ ဒုတိယအမျိုးအစားမှာပါဝင်နေကြောင်း သူရဲ့ ထုတ် ဖော်ပြောပြချက်အရ သိခဲ့ရပါတယ်။ 
ဒီဇင်ဘာလ ၃၁ ရက်နေ့က လန်ဒန်မှလာတဲ့သတင်းတစ်ရပ်တွင် “Dolly Parton does not make New Year Resolutions” ဆိုပြီး နှစ်သစ်ရောက်တိုင်း သူပြုလုပ်ခဲ့ဖူးသမျှအဓိဋ္ဌာန်များဟာဖြင့်  တစ်နှစ်လာ လည်း ရက်သတ္တပတ်အနည်းငယ်ပဲ လုပ်ဖြစ်တတ်ပြီး ဒုံရင်းဒုံရင်းကို ပြန်ရောက်တာမို့  မလုပ်တော့ကြောင်း သိရပါတယ်။ 
သို့ပေမယ် သူက “ကျမကတော့ အမြဲအလုပ်များနေတာကို နှစ်သက်ပြီး အဲဒီလိုလုပ်ချင်တွေ အကုန်လုပ် နေရင်းနဲ့ပဲ အားသစ်အင်သစ်တွေ ရှိရှိလာတာ“ လို့ ပြောပါတယ်။

မိမိကိုယ်တိုင်ကလည်း  နှစ်သစ်အဓိဋ္ဌာန်တွေပြုလုပ်တဲ့အလေ့အကျင့်မရှိပါဘူး။

နှစ်သစ်တာ မသစ်တာကို စောင့်စားစဉ်းစားမနေပဲ ကိုယ်လုပ်ချင်တာတွေကို တွေးမိတဲ့အချိန်လေးမှာ တစ်ခုချင်းပဲဖြစ်ဖြစ်၊ တစ်ခါတလေမှာ ၂ခု ၃ ခုကို တစ်ပြိုင်နက်တည်းပဲဖြစ်ဖြစ် လုပ်နေလေ့ရှိပါတယ်။

ဖြစ်လာတာ မဖြစ်လာတာထက် ကိုယ်လုပ်ချင်တာတွေကို တစ်စိုက်မတ်မတ်လုပ်နေရတာကို ကျေနပ်နေ တတ်ပါပဲ။ 














No comments:

Post a Comment