အခုတပတ်က စင်ကာပူနိုင်ငံမှာ အလုပ် ၃ ရက်ခွဲဆက်တိုက်ပိတ်ပါတယ်။
သောကြာနေ့က တရုတ်နှစ်သစ်ကူးအကြိုနေ့ဖြစ်လို့ နေ့တစ်ဝက်။
စနေ၊ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက တရုတ်နှစ်သစ်ကူးနေ့တွေဖြစ်လို့ ပိတ်ရက် ၃ ရက်။
မိမိအဖို့က စနေနေ့မှာအလုပ်မလုပ်ရတာကြောင့် ထူးခြားမှုမရှိပါဘူး။
နေ့တစ်ဝက်လုပ်ရတဲ့သူတွေပဲ ရကြတာရယ်ပါ။
ဘာပဲပြောပြော ၃ ရက်ခွဲ ဆက်တိုက်အနားရခဲ့ပါတယ်။
ဒါကြောင့် သောကြာနေ့ နေ့တစ်ဝက်အလုပ်ပြီးတဲ့အခါ ဇနီးနဲ့အတူ မြန်မာရွာကြီးဖြစ်တဲ့ ပင်နင်ဇူးလားကုန်တိုက်ကြီးကိုသွားပြီး လက်ဆောင်ပစ္စည်းဝယ်ရင်း အင်းလေးစားသောက်ဆိုင်မှာ နေ့လည်စာသွားကြတယ်။
အိမ်ရှင်က သူ့အကြိုက် ဆီချက်ခေါက်ဆွဲ။
မိမိက အင်းလေးထမင်းကျော်။
အင်းလေးထမင်းကျော်လို့ အမည်တပ်ပြီးပြောရတာက နောက်ထမင်းကျော်တစ်မျိုးရှိနေသေးလို့ပါ။
နောက်ပြီး အိမ်မှာကောင်းကောင်းအနားရသလို အစားကောငးတွေလဲစားဖြစ်ခဲ့ပါတယ်။
ထူးခြားတာက တရုတ်နှစ်သစ်ကူးကာလမှာ အိန္ဒိယနိုင်ငံသားလုပ်ဖော်ကိုင်ဘက် မိတ်ဆွေမိသားစုက မိမိတို့မိသားစုကို နေ့လည်စာဖိတ်ကျွေးတာဖြစ်ပါတယ်။
ကြက်သားဆီပျံဟင်း အိန္ဒိယပေါ်ဆန်းမွှေးထမင်း
ဒါး(လ)ပဲဟင်း
No comments:
Post a Comment