ခရီးသွားတို့လည်ပတ်ရာ မွန်ဘလော့တောင်

မွန်ဘလော့တံတားကြီး၏အမည်သည် ဥရောပတိုက်မှ ကမ္ဘာကျော်အယ့်(ပ)(စ)တောင်တန်းကြီး (Alps Mountain Range) ရှိ အမြင့်ဆုံးတောင်ဖြစ်သော မွန်ဘလော့တောင် (Mont Blanc Mountain) ကိုအစွဲပြုလျက် မှည့်ခေါ်ထားခြင်း ဖြစ်သည်။
ပင်လယ်ရေပြင်အထက် ၄၈၀၈ မီတာ (၁၅,၇၇၄ ပေ) အမြင့်ရှိလေသည်။

မွန်ဘလော့တောင်သည် ဆွစ်ဇာလန်၊
ပြင်သစ်နှင့်အီတလီ ၃ နိုင်ငံ၏နယ်စပ်
များကို ဖြန့်ကြက်အုပ်မိုးထား၏။
ထိုကြောင့် မွန်ဘလော့တောင်ကိုဥရော
ပတိုက်၏အမိုး (Roof of Europe) ဟု
တင်စားခေါ်ဝေါ်လေ့ရှိသည်ဆို၏။
မိမိတို့သည် ညီလာခံခန်းမအတွင်းရှိ
ခရီးသွားလမ်းညွှန်ဌာနကိုသွားရောက်
စုံစမ်းတိုင်း မွန်ဘလော့တောင်အ
လည်အပတ်ခရီးကို အကျယ်တ၀င့်
ရှင်းပြပြီး တိုက်တွန်းလေ့ရှိပါသည်။
ခရီးသွားဌာနမှပြောပြသောမွန်ဘလော့အလည်အပတ်ခရီးမှာကောင်းမွန်သော်လည်း တစ်နေ့တာအချိန်ဖြုံးရန်လိုအပ်သဖြင့် မိမိတို့မသွားနိုင်ခဲ့ပေ။ ဂျနီဗာမှသွားမည်ဆိုက အနည်းဆုံး ၉ နာရီ ၊၁၀ နာရီကြာမည့်ခရီးဖြစ်နေသည်။ ပထမ ပြင်သစ်ဘက်နယ်စပ်ရှိ ရှားမိုညီ (Shamonix) တောင်ခြေအနားယူစခန်းသို့ ဘတ်(စ) ကား သို့မဟုတ် ရထားစီးသွားကြရမည်။
ထိုနေရာကနေမှ ကေဘယ်ကား (cable car) ဖြင့် တောင်ပေါ်ကို တက်ကြရဦးမည်။
ထိုကြောင့် မိမိနှင့်ကိုတင်လှိုင်စိုးတို့သည် နေ့တစ်ဝက် ဂျနီဗာမြို့ တွင်းအလည်အပတ်ခရီးအတွက် WCPT Congress ခန်းမအတွင်းရှိ ခရီးသွားလမ်းညွှန်ဌာနကို သွားရောက်စုံစမ်းခဲ့ကြ၏။
တဖန် သွားမည့်နေ့နေ့ခင်းကလည်း မိမိ၏ဟိုတယ်တွင်နေ့လည်စာစားပြီးနောက် ၀န်ထမ်းတစ်ဦးအား ထပ်မံမေးမြန်းခဲ့ကြသေးသည်။
မိမိတို့နှစ်ဦးသည် Geneva - Amazing Experiences ဆိုသည့် ခရီးသွားလမ်းညွှန်လက်ကမ်းစာစောင်လေးကို အားကိုးအားထားပြုလျက် ညီလာခံခန်းမအရှေ့ တွင်ရပ်သည့် အမှတ် ၅ ဘတ်(စ)ကားဖြင့် ဂျနီဗာမြို့ တွင်းအလည်အပတ်ခရီးကို စတင်လိုက်ကြတော့သည်။
No comments:
Post a Comment