"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 5, 2020

လူနာများနှင့်ကျနော် (၂)




               မြ၀တီသတင်းစာတွင်ဖော်ပြခဲ့သာ မိမိ၏ဆောင်းပါးကို ဖေ့စ်ဘွတ်မှာ ယနေ့ထပ်တင်ထားပုံ။ 


မနေ့ည ၉  နာရီခွဲခန့်က စင်ကာပူနိုင်ငံမှာအလုပ်လုပ်နေသည့် တူမောင်မျိုးမြင့်အောင်ထံမှ ဖုန်းလာသည်။

သူ၏မိတ်ဆွေတစ်ဦး လက်မောင်းကိုက်ပြီး ပခုံးဆစ်ပါကပ်နေသဖြင့် မိမိထံလာရောက်ပြလိုသောကြောင့်ဖြစ်သည်။
အလုပ်အားသည့်နောက်ရက် တနင်္ဂနွေနေ့တွင် မိမိအိမ်သို့လာရောက်လိုသဖြင့် အဆင်ပြေမည့်အချိန်ကိုမေးပါသည်။

သို့ဖြင့် ချိန်းဆိုထားသည့်အတိုင်း ယနေ့နေ့လည် ၂ နာရီခန့်တွင် သူတို့နှစ်ဦးရောက်လာခဲ့ကြသည်။

လူနာကို မစမ်းသပ်ကြည့်မီ ရောဂါဝေဒနာအကြောင်းကို အရင်မေးကြည့်သောအခါ၊

- ယခုနှစ် အောက်တိုဘာလကစပြီး လေးလေးပင်ပင်အလုပ်များလုပ်ရင်း ပခုံးဆစ်နာသွားသည်ကို ပထမဆုံးသတိပြုမိခဲ့သည်။
- စင်ကာပူဆရာဝန်က ကြည်ရှုစမ်းသပ်ပြီး လိမ်းဆေးပေးသည်။
- ထိုနောက် မသက်သာသဖြင့် အရိုးအထူးကုဆရာဝန်ထံ ထပ်ညွှန်သည်။
- စင်ကာပူတွင် အရိုးအထူးကုဆရာဝန်နှင့်ပြသပါက စမ်းသပ်ခ ဓာတ်မှန်ရိုက်စစ်ဆေးခတို့ ဈေးကြီးလှသဖြင့်  သွားမပြဖြစ်ခဲ့ပေ။

- နိုဝင်ဘာလမှာမြန်မာပြည်သို့ အလည်ပြန်ရင်း လက်ပိုင်းဆိုင်ရာနှင့်အရိုအကြောခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်ပြသည်။ ဆရာဝန်ကြီး၏လက်ထောက်က ထိုနေ့မှာပင် မေ့ဆေးပေးပြီး ကပ်နေသည့်အဆစ်ကိုခွာပေးမည်ပြော၏။ ကြောက်သဖြင့် မလုပ်ဖြစ်ခဲ့။

- ပခုံအဆစ်ထဲကို ဆေးထိုးမည်ဆိုသောအခါတွင်လည်း  အထိုးမခံရဲသဖြင့် မလုပ်ဖြစ်ခဲ့ပြန်။

- သို့နှင့် ရွှေဂုံတိုင်ရှိဆေးခန်းတစ်ခုမှ အကြောအဆစ်အထူးကုဆရာဝန်မကြီးနှင့်ထပ်ပြဖြစ်ပြန်သည်။ ဆရာဝန်မကြီးက ရေနွေးကပ်ပြီး လက်မောင်းလေ့ကျင့်ခန်းလုပ်ရန်မှာသည်။
လေ့ကျင့်ခန်းအချို့ သင်ပြပေးသည်။
သိပ်နာပါက သောက်ရန်သောက်ဆေးညွှန်သည်။ အနာခံနိုင်က မသောက်ပဲနေနိုင်ကြောင်းလည်းပြောလိုက်သေးသည်။
- လေ့ကျင့်ခန်းလုပ်သဖြင့် အနည်းငယ်သက်သာမှုရရှိခဲ့သည်။

မိမိက စမ်းသပ်ကြည့်သောအခါ Frozen shoulder ခေါ် ပခုံးဆစ်ကပ်ဝေဒနာ၏လက်ခဏာများကိုတွေ့ရသည်။

ပခုံးဆစ်နာသဖြင့် လက်မောင်းကို ယခင်ကကဲ့သို့ပုံမှန်မသုံးနိုင်သောကြောင့် ပခုံးထိပ်အရှေ့ နားမှာ ကြွက်သားသိမ်(သေး)နေသည်ကို သတိပြုမိသည်။
သိသာထင်ရှားစေရန် ပခုံးနှစ်ဘက်ကိုဓာတ်ပုံရိုက်ပြီး ယှဉ်ကြည့်ခိုင်းရသည်။

ပခုံးကိုစစ်ဆေးရင်း သူ၏လည်ပင်း(ဇက်)အနည်းငယ်စောင်းနေသည်ကိုပါတွေ့ရသဖြင့် မှန်ရှေ့ မှာကြည့်စေပြီး ရှင်းပြရသည်။ အင်္ဂလိပ်လို wry neck (asymmetrical neck position) ဟုခေါ်ပါသည်။

စမ်းသပ်ကြည့်ရှုပြီးသောအခါ ပခုံးဆစ်လှုပ်ရှားလေ့ကျင့်နည်းများသင်ပြပေးသည်။
နောက်ပြီး ဆောင်ရန် ရှောင်ရန်များပြောပြသည်။

ညပိုင်းတွင် ဖေ့စ်ဘွတ်ကြည့်သောအခါ အကြောအဆစ်ကုပညာရှင်တစ်ဦးဖြစ်သော ဒေါ်ချိုချိုဝင်းမြင့်က ၂၀၁၈ ခုနှစ် မတ်လက မြ၀တီသတင်းစာမှာ မိမိရေးခဲ့သော ပခုံးဆစ်ကပ်ခြင်းအကြောင်းဆောင်းပါးအား တိုက်တိုက်ဆိုင်ဆိုင်ကြီး ပြန်တင် (share) ထားသည်ကိုတွေ့ရပါသည်။


ဆက်ရေးပါမည်။









No comments:

Post a Comment