"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 19, 2020

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၇



World Confederation for Physical Therapy (WCPT) Congress 2019 - An unforgettable trip to Geneva (17)

Although WCPT Congress was a very busy congress, we managed to find time to visit one of the famous attractions in Geneva, namely 'Mont Blanc Bridge'. 



မြန္ဘေလာ့တံတားႀကီး (Mont Blanc Bridge) 


                                                                       မြန္ဘေလာ့တံတားႀကီး

   မွန်ဘလော့တံတားကြီးပေါ်မှာအမှတ်တရ





နံနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ ညီလာခံထဲတွင်သာ တစ်နေ့လုံးအချိန်ကုန်နေရသဖြင့် ဂျနီဗာမြို့  ထဲသို့ လျှောက်လည်ရန်အချိန်မပေးနိုင်သလောက်ဖြစ်ခဲ့သည်။

သို့သော် တစ်နေ့မှာ ကိုတင်လှိုင်စိုး (အကြောအဆစ်ကုပညာရှင် ဦးတင်လှိုင်စိုး) က ပြောလာသည်။

ဆရာရေ နေ့ခင်းတစ်ရက်မှာ မြို့ ထဲသွားကြရအောင်ဗျာ။ နောက်တစ်ခေါက်ရောက်ဖို့ဆိုတာကလဲ မလွယ်ဘူး မဟုတ်လား။

မှန်ပါသည်။

ကိုတင်လှိုင်စိုးက မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) ၏ဥက္ကဋ္ဌအဖြစ် နိုင်ငံနှင့်အသင်းတို့အား ကိုယ်စားပြုပြီး ညီလာခံကိုလာတက်ရသဖြင့် ညီလာခံ၏အစည်းအဝေးများကိုလည်း တက်ရသေးသည်။

ညီလာခံမတိုင်မီ ရက်အနည်းငယ်စောပြီး ဂျနီဗာကိုလာခဲ့ရရှာသည်။

သို့နှင့် ညီလာခံအစီအစဉ်တွင်ပါရှိသော သုတေသနစာတမ်းများကို အသေးစိတ်လေ့လာကြသည်။

မည်သည့်ရက် မည်သည့်အချိန်တွေမှာ မိမိတို့အတွက် လက်မလွှတ်သင့်သော သုတေသနစာတမ်းများ(ဘာ သာရပ်များ) ရှိနေပြီး မည်သည့်ရက် မည်သည့်အချိန်တွေမှာတော့ မိမိတို့အဖို့ တကယ်တမ်းလက်တွေ့အသုံးမ၀င်သော(၀ါ) အလှမ်းကွာသော အဆင့်မြင့်ပညာရပ်ဆိုင်ရာစာတမ်းများရှိကြသနည်း အစရှိသဖြင့် ခေါင်းချင်းဆိုင်ဆွေးနွေးကြရသည်။

ထိုနောက်တွင် မိမိတို့အတွက်သင့်တော်သည့် နေ့ခင်းပိုင်းတစ်ခုကိုရွေးပြီး ယင်းအချိန်တွင် အပြင်သွားရန်နှစ်ယောက်သားဆုံးဖြတ်ခဲ့ကြသည်။

ဤသို့ဖြင့် တစ်နေ့ခင်းမှာ နေ့လည်စာစားပြီးသည်နှင့် ဂျနီဗာမြို့ ထဲသို့ အလည်ထွက်ဖြစ်ခဲ့ပါသည်။


ဥရောပနိုင်ငံများရှိ ထင်ရှားသောတံတားများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် မွန်ဘလော့ တံတားကြီး(Mont Blanc Bridge) ကို သွားကြည့်ခဲ့သည်။ 




ယင်းတံတားသည် ဂျနီဗာမြို့ သစ်အပိုင်း (newer part of Geneva) နှင့်မြို့ အဟောင်းပိုင်း (older part of Geneva) တို့ကို ခွဲခြားထားသည့်သင်္ကေတဖြစ်သည်ဟုဆို၏။ 

ဂျနီဗာကန်ကြီးဖြင့် နှစ်ပိုင်းခွဲခြားထားသကဲ့သို့ဖြစ်နေသည့်မြို့ ကို အရှေ့ ဘက်ကမ်းနှင့်အနောက်ဘက်ကမ်း တို့အား တံတားကြီးက ဆက်သွယ်ပေါင်းကူးပေးထားသည်။

တံတား၏တစ်ဘက်တစ်ချက်တွင် အလံအမျိုးမျိုးတို့အား ခပ်စိတ်စိတ်လေးလွှင့်ထူထားကြသည်ကို တွေ့ရသည်။

တံတားပေါ်တွင် ပုံမှန်အားဖြင့် ကားများဒရစပ်ဖြတ်သွားလေ့ရှိသောကြောင့် လမ်းလျှောက်သွားကြသူတို့၏ ခြေထောက်များအောက်တွင် တုန်ခါမှုခံစားသိရှိနေရသည်ဆိုသော ယင်းတံတားကြီးပေါ်မှာ ဓာတ်ပုံများရိုက်ခဲ့ဖြစ်သည်။

သို့သော် မိမိတို့သွားသည့်နေ့ခင်းက ယူနီဆက် ဂျနီဗာမာရသွန်အပြေးပြိုင်ပွဲ (Harmony Geneva Marathon for Unicef) ကျင်းပနေသဖြင့် လမ်းပိတ်ဆို့မှုအချို့ ရှိသောကြောင့် ကားသွားလာမှုနည်းပါးလေသည်။ 

ယူနီဆက် ဂျနီဗာမာရသွန်ပြိုင်ပွဲဝင်အပြေးသမားများသည် တံတားကိုဖြတ်ပြီးသောအခါ  တစ်ဖက်ရှိရေပန်းဂျက်နေရာတွင် ပန်းဝင်ကြရသည်။

ထိုကြောင့် ထိုနေ့က အသက်အရွယ်မျိုးစုံပြိုင်ပွဲဝင်ကြသူများ၊ လာရာက်အားပေးကြသူများ၊ ပုံမှန်ခရီးသွားတို့ဖြင့် တံတားတ၀ိုက်တွင် အထူးစည်ကားလျက်ရှိနေသည်ကို မိမိတို့ တိုက်တိုက်ဆိုင်ဆိုင်ကြီး ကြုံတွေ့ခဲ့ရပါသည်။

မိမိတို့ရောက်သွားချိန်က လေအတော်လေးတိုက်လျက်ရှိရာ နေရောင်ဖြင့် ငွေရောင်တဖိတ် ဖိတ်တောက်နေသော လှိုင်းကြက်ခွပ်ထနေသည့်ကန်ရေပြင်က မျက်စိပသာဒရှိလှပေစွ။ 

နောက်တစ်ခုမှာ ဂျနီဗာကန်ကြီး (Geneva Lake) ရေပြင်ကြီးကို နောက်ခံတောင်များဖြင့် ပန်းချီကားတစ်ချပ်ပမာ ဤတံတားကြီးပေါ်မှ ကောင်းစွာမြင်တွေ့ရခြင်းဖြစ်သည်။ 

မောင့်ဘလော့တံတားကြီးပေါ်မှတွေ့မြင်ရသည့် ကန်ရေပြင်နှင့်မိုးကောင်းကင်တို့၏နေ၀င် ချိန်ဆည်းဆာအလှမှာ ရင်သတ်ရှုမောစရာဟု ပြောစမတ်ပြုထားကြသည်။

တံတားကိုဖြတ်လိုက်သည်နှင့် ကန်ရေပြင်ထဲရှိ ရေပန်းဂျက် (Jet Fountain-Jet d’Eau) ကို အနီးကပ်တွေ့ရသည်။ ကမ္ဘာ့အမြင့်ဆုံးရေပန်းဂျက်ဖြစ်သည်။  

         
        


တစ်စက္ကန့်တိုင်းမှာ ရေကုဗမီတာတစ်ဝက်ခန့်ကို ၁၄၀ မီတာအမြင့်သို့ ပန်းထွက်ပေးလျက်ရှိသည်။ 

မိမိတို့က နေ့ခင်းမှာရောက်သွားသဖြင့် သဘာဝအဖြူရောင်ရေပန်းရေမွှားများကို သာတွေ့ခဲ့ရသည်။ 

ညအခါတွင်မူ မီးထွန်းထားပေးထားသဖြင့် တစ်မျိုးတဘာသာလှပပေလိမ့်မည်။ 

တံတား၏သည်မှာဘက်တွင် စားသောက်ဆိုင်များ၊ အိုက်စကရင်ဆိုင်များနှင့် ချောကလက် ဆိုင်များစွာကို မြင်တွေ့ရလေသည်။
















No comments:

Post a Comment